အမ်ပိုလီ - ရိုးမား (စနေ၊ ည ၁၀း၃၀)
ပွဲဦးထွက် ယူဒီးနိစ်ကွင်းမှာ နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အမ်ပိုလီကတော့ စိတ်ဓာတ်ကောင်း တာ
ကလွဲပြီး စီးရီးအေရဲ့ အဖြည့်ခံအသင်းဖြစ်လာဖို့များတယ်။ ရိုးမားကတော့ ပွဲဦးထွက် ဖီအိုရင်တီး
နားကို နှစ်ဂိုးပြတ်နိုင်ခဲ့ရာမှာ ခြေစွမ်းရော၊ ကစားကွက်ပါ ထိပ်တန်းအဆင့်ရှိတဲ့ အသင်းဆိုတာ
ပေါ်လွင်နေတယ်။ ဒါကြောင့် အဝေးကွင်းဖြစ်ပေမယ့် ဘက်စုံသာတဲ့ ရိုးမားတို့ နိုင်ပွဲဆက်ဦးမယ်။
ဆမ်ဒိုးရီးယား - တိုရီနို (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
ဆမ်ဒိုးရီးယားဟာ နည်းပြမီဟိုင်းလိုဗစ်လက်ထက်မှာ အချိတ်အဆက်မိပြီး တိုက်စစ်ကောင်းတယ်။
အီတလီ ဘောလုံးသမားတွေနဲ့ အဓိကစုဖွဲ့ထားလို့ နားလည်မှုကောင်းသလို အသင်းလိုက် မာ
ကျောတယ်။ ဒါပေမဲ့ တိုရီနိုက ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ကစား နေတဲ့
အချက်ကိုလည်း ထည့်တွက်သင့်တယ်။ ပုံမှန်အတိုင်းတွက်ရင်တော့ တိုရီနိုက အနိမ့်ဆုံး သရေ
လောက်သွားလိမ့်မယ်။
ကက်ဂလီယာရီ - အတ္တလန္တာ (တနင်္ဂနွေ၊ ည ရး၃၀)
မနှစ်က ခြေစွမ်းပြခဲ့တဲ့ ဘောလုံးသမားတချို့ကို ထုတ်ရောင်းလိုက်ပေမယ့် ကက်ဂလီယာရီ ဟာ
နည်းပြ ဇနက်ဇီမန်းလက်ထက်မှာ 'မာ' ပြီး စိတ်ဓာတ်ကောင်းတယ်။ တန်ပြန်တိုက်စစ်မှာ အဓိက
တိုက်စစ်မှူး မာကိုဆူးက အားထားရတယ်။ အတ္တလန္တာကတော့ တစ်ဦးချင်းကောင်းသူ တွေ ပိုများ
ပြီး လူထပ်ဖြည့်ထားပေမယ့် အဝေးကွင်းမှာ စိတ်မချရဘူး။ ကက်ဂလီယာရီဘက်က အရဲစွန့်သင့်
တယ်။
ဖီအိုရင်တီးနား - ဂျီနိုအာ (တနင်္ဂနွေ၊ ည ရး၃၀)
ပွဲဦးထွက် ရိုးမားကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့ပေမယ့် ရိုးမားနောက်ခံလူ သုံးယောက် အဝါကတ် ထိခဲ့
တာကိုကြည့်ရင် ဖီအိုရင်တီးနားတိုက်စစ်က ဘယ်လောက်အထိ ဒုက္ခပေးခဲ့သလဲဆိုတာ ထင်
ရှားနေတယ်။ ဂျီနိုအာကတော့ ပွဲဦးထွက် နာပိုလီကိုရှုံးခဲ့တဲ့ ခြေစွမ်းအရဆိုရင် အသင်းကြီး တွေ
ကို တောင့်ခံနိုင်စွမ်းမရှိတာ ပေါ်လွင်နေတယ်။ ဒါကြောင့် တိုက်စစ်ကောင်းပြီး အိမ်ရှင် အားသာ
ချက်ရှိတဲ့ ဖီအိုရင်တီးနားအတွက် သုံးမှတ်သေချာတဲ့ပွဲပါ။
အင်တာမီလန် - ဆက်စူလို (တနင်္ဂနွေ၊ ည ရး၃၀)
ပွဲဦးထွက် တိုရီနိုကွင်းမှာ လူအခင်းအကျင်း အပြောင်းအလဲလုပ်လို့ ဂိုးမရှိသရေကျခဲ့ပေမယ့်
အင်တာမီလန်ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားကွက်အသာစီးရခဲ့တယ်။ ဆက်စူလို ကတော့
အချိတ်အဆက်မမိသေးဘဲ ကက်ဂလီယာရီကိုတောင် အောက်ကလိုက်ပြီး အသည်း အသန်
ချေပဂိုးသွင်းရတယ်။ အင်တာမီလန် အနိုင်ပြတ်သားမယ်လို့ယူဆမိတယ်။
လာဇီယို - ဆီစီနာ (တနင်္ဂနွေ၊ ည ရး၃၀)
ပွဲဦးထွက် အေစီမီလန်ကွင်းမှာ ၃-၁ နဲ့ အရေးနိမ့်ခဲ့လို့ လာဇီယိုတို့ ဖိအားဝင်သွားတယ်။ တန်း
တက်လာတဲ့ ဆီစီနာကတော့ ပွဲဦးထွက် အိမ်ကွင်းမှာ ပါးမားကိုနိုင်ခဲ့ပေမယ့် ကစားကွက်ရော၊
ဘောလုံးပိုင်ဆိုင်မှုပါ ပါးမားကို မယှဉ်နိုင်ဘဲ အငိုက်မိသွားလို့ နိုင်ခဲ့တာပါ။ ဒါကြောင့် အသင်း
လိုက် 'သာ'တဲ့အပြင် အိမ်ရှင်အားသာချက်ပါ ထည့်ပေါင်းလိုက်ရင် လာဇီယိုကိုပဲ ရွေးချယ်
ရမယ်။
နာပိုလီ - ချီယေဗို (တနင်္ဂနွေ၊ ည ရး၃၀)
ပွဲဦးထွက် ဂျီနိုအာကွင်းမှာ ၂-၁ နဲ့နိုင်ခဲ့တဲ့ နာပိုလီခြေစွမ်းက အထိုင်ကျပြီး တိုက်စစ်ဆင်ရာ မှာ
လည်း ထိရောက်မှုရှိသလို အပြီးသတ်ဂိုးသွင်းယူမှုပိုင်းတွေ ကောင်းတယ်။ ချီယေဗိုကတော့
ပွဲဦးထွက် အိမ်ကွင်းမှာ ဂျူဗင်တပ်ကို ၁-၀ နဲ့ ရှုံးခဲ့ပြီး ခြေစွမ်းအရဆိုရင် ထိပ်သီးတွေကို ခံကစား
နိုင်စွမ်းမရှိသေးဘူး။ နာပိုလီကို ပိုကြိုက်တယ်။
ပါးမား - အေစီမီလန် (တင်္နလာ၊ နံနက် ၁း၁၅)
ပွဲဦးထွက် အရေးနိမ့်ခဲ့တဲ့ ပါးမားတို့ အခုပွဲမှာ အိမ်ရှင်အားသာချက်ကို အသုံးပြုပြီး 'ညှစ်'လာဖွယ်
ရှိလို့ အေစီမီလန်အတွက် ပွဲကျပ်တစ်ပွဲပါ။ အင်တာမီလန်က ပြောင်းလာတဲ့ တိုက်စစ်မှူးလေး
ဘဲလ်ဖိုဒီ၊ ပါဒါလီနို၊ ဘီယာဘီယန်နီတို့ သုံးယောက်တိုက်စစ်က ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်
တဲ့ အနေအထားမှာရှိတယ်။ အေစီမီလန်ကတော့ ပွဲဦးထွက် လာဇီယိုကို ဂိုးပြတ်နိုင်ခဲ့ပေမယ့်
ခြေစွမ်းက ထင်သလောက်မဟုတ်သေးဘဲ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ လူအခင်းအကျင်း
မတည်ငြိမ်သေးဘူး။ ဒါကြောင့် အခုပွဲမှာ အိမ်ရှင်အားသာချက်ရှိတဲ့ ပါးမား ဘက်က အရဲစွန့်
သင့်တယ်။
ဗီရိုနာ - ပါလာမို (အင်္ဂါ၊ နံနက် ၁း၁၅)
အတ္တလန္တာကွင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့ ဗီရိုနာခြေစွမ်းကို တက်လာမယ်လို့ ယူဆရတယ်။
ပါလာမိုကတော့ တန်ပြန်တိုက်စစ်အားပြုတဲ့အသင်းဖြစ်လို့ ခံစစ် ထိုင်ကစားဖို့များတယ်။
ဒါကြောင့် အိမ်ကွင်းမှာ ခြေစွာပြီး တိုက်စစ်ကောင်းတဲ့ ဗီရိုနာကို ပိုကြိုက်တယ်။














