ဂျူဗင်တပ်ကို ယုံကြည်စွာ ရွေးချယ်ရမယ်

ဂျူဗင်တပ်ကို ယုံကြည်စွာ ရွေးချယ်ရမယ်

ဂျူဗင်တပ် ယူဒီးနိစ် (တနင်္ဂနွေ၊ နံနက် ၁း၁၅)
အသင်းကို သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့သော နည်းပြ ကွန်တီ နုတ်ထွက်
သွားပြီးနောက် ဂျူဗင်တပ် သည် နည်းပြသစ် အယ်လီဂရီလက်ထက် တွင် ပွဲဦးထွက် ချီယေဗို
ကွင်း၌ ၁၀ ဖြင့် ပွတ်ကာသီကာ အနိုင်ရယူခြင်းဖြင့် ဖိအား များကို လျှော့ချခဲ့သည်။

နည်းပြသစ် အယ်လီ ဂရီသည် ပွဲဦးထွက် ပြိုင်ဘက်အနေအထား ပေါ် မူတည်ကာ အရန်လူ
အချို့ကို ထည့်သွင်း ခဲ့သည်။ အထူးသဖြင့် အသက် ၁၈ နှစ်သာ ရှိသေးသော ပြင်သစ်ကွင်းလယ်
တိုက်စစ် သမား ကင်းစလေကိုးမင်းကို တိုက်စစ်တွင် နေရာချကာ ၀ါရင့်တိုက်စစ်မှူး တေဗက်ဇ်
နှင့် တွဲဖက်ကစားစေခဲ့ပြီး ဒုတိယပိုင်း ၆၈ မိနစ်ရောက်မှသာ ကိုးမင်းနေရာကို စပိန် တိုက်စစ်မှူး
လော်ရန်တေး ၀င်ရောက် ကစား ခဲ့တာကို တွေ့ရသည်။ အေစီမီလန်တွင် ရှိစဉ်ကတည်းက
နည်းပြအယ်လီဂရီနှင့် ဆက်ဆံရေး အဆင် မပြေခဲ့သော ကွင်းလယ်ဖန်တီးရှင် ပီယာလို သည်
ပွဲဦးထွက်တွင် ပါ၀င်ခြင်းမရှိဘဲ ချီလီ ကွင်းလယ် ဖန်တီးရှင် အာကျူရိုဗီဒဲလ်ကို ပီယာလိုနေရာတွင်
ထည့်သွင်းကစားခဲ့ သည်။

နည်းပြသစ် အယ်လီဂရီသည် ပြီးခဲ့သောရာသီက ဂျူဗင်တပ် အောင်မြင်ခဲ့သော ၃၅၂ ကစားကွက်
ကိုပင် ဆက်လက် ကျင့်သုံးခဲ့ခြင်းကြောင့် ရာသီကြိုခြေစမ်းပွဲ များတွင် လေးယောက်ခံစစ်ပုံစံ
ပြောင်းလဲကစားဖွယ်ရှိသည်ဆိုသော ထင်ကြေးပေးမှု များ အဆုံးသတ်သွားသည်။

ကွင်းလယ်ဗဟိုချက်တွင် ဗီဒဲလ်မာချီစီယိုပေါ့ဂ်ဘာတို့ ဖြင့် အထိုင်ချထားသည်။ ကစားအားကောင်း
သော အဆာမိုနှင့် ဆွစ်ဇာလန်လက်ရွေးစင် လစ်ချ်စတိန်နာတို့ကို တောင်ပံနှစ်ဖက်တွင် အတက်
အဆင်း ကစားစေသောကြောင့် ဂျူဗင်တပ်သည် တောင်ပံတိုက်စစ်များတွင် အင်အားအပြည့်
ထုတ်သုံးနိုင်သည်။ တောင်ပံကစားသမားများ ဖြစ်ကြသော အဆာမိုနှင့် လစ်ချ်စတိန်နာတို့သည်
ခံစစ် တွင် အပြည့်အဝ ဆင်းကူပေးသောကြောင့် ဂျူဗင်တပ်သည် ခံစစ်ကစားချိန်တွင်
လေးယောက်ခံစစ်ပုံစံသို့ စနစ်တကျ ကူးပြောင်းနိုင်စွမ်းရှိသည်။

အသင်းလိုက် ရှေ့လယ်နောက် ချိန်ခွင် လျှာ မျှတပြီး နားလည်မှုကောင်းမွန်သော ကြောင့်
ချီယေဗိုကွင်းတွင်ပင် ဂျူဗင်တပ် သည် ကစားကွက်အသာစီးရကာ ဘောလုံး ပိုင်ဆိုင်မှု ၆၆
ရာခိုင်နှုန်းရှိသောကြောင့် တစ်ဖက်သတ်နီးပါး ထိန်းချုပ်ကစားသွား နိုင်ခဲ့သည်။

တစ်ဖက်တွင် ယူဒီးနိစ်သည် လူငယ်လူသစ်များကို ပွဲထုတ်နေလင့်ကစား ပွဲဦးထွက်တွင် အမ်ပိုလီ
ကို နှစ်ဂိုးပြတ်နိုင်ကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ယူဒီးနိစ် တိုက်စစ်တွင် အသက် ၃၆ နှစ်ရှိပြီဖြစ်သော
အသင်းခေါင်းဆောင် ဒီနာတယ်လီသည် အားကိုးနေရဆဲဖြစ်ပြီး အမ်ပိုလီနှင့်ပွဲတွင် ပြိုင်ဘက်
ခံစစ်ကြောင်း၏ 'ပျော့ကွက်'ကို အခွင့်ကောင်းယူပြီး နှစ်ဂိုးစလုံး သွင်းယူ ခဲ့သည်။

အမ်ပိုလီနှင့်ပွဲတွင် ယူဒီးနိစ်ကွင်းလယ် နှင့် ရှေ့တန်း၌ တိုက်စစ်မှူး ဒီနာတယ်လီ၊ တောင်ပံကစား
သမား ပါစကွယ်လီတို့က လွဲပြီး ကျန်ကစားသမားများမှာ အသက် ၂၃ နှစ်ထက်မကျော်သော
ကြောင့် 'အထ' မြန်သည်။ လျင်မြန်သွက်လက်စွာ ရွေ့လျား တိုက်စစ်ဆင်သွားနိုင်သည်။

နောက်တန်းတွင် ဒိုမစ်ဇီ (၃၄ နှစ်)၊ ဒါနီလို (၃၀ နှစ်)၊ ဟော်တက်စ် (၂၆ နှစ်)တို့ကို ထည့်သွင်း
ထားခြင်းကြောင့် တည်ငြိမ်မှု ရှိကာ ကွင်းလယ်လူများကိုပင် ထိန်းကျောင်း ပေးနိုင်သည်။
ကွင်းလယ်လူငါးယောက်နှင့် နောက်ခံလူများ ချိတ်ဆက်နားလည်မှု ကောင်းမွန်သောကြောင့်
ယူဒီးနိစ်သည် စုဖွဲ့ ရွေ့လျားမှု သေသပ်ပြီး ကွင်းလယ်လူများက ခံစစ်ကြောင်းကို ဆင်းကူ
ပေးကြသည်။

ခြံုကြည့်လျှင် ဂျူဗင်တပ်သည် ပွဲဦးထွက် အဝေးကွင်း၌ ခြေစွမ်း 'ချို'ထားပြီး ယခုပွဲတွင် 'ညှစ်'
မည်ဟု ယူဆရသည်။ တစ်ဖန် အစဉ်အလာအရ ဂျူဗင်တပ်သည် အိမ်ကွင်း ၌ ယူဒီးနိစ်ကို
'ငယ်နိုင်'လို ဖြစ်နေသည်။ ဂျူဗင်တပ်ကွင်းလယ်တွင် လူစုံပါ၀င်ပြီး အချိတ်အဆက်မိခဲ့ပါက
ကွင်းလယ်ကစား ကွက်ကို ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။ တစ်ဖက်တွင် ယူဒီးနိစ်သည်
လူငယ်များဖြင့် သွက်လက်စွာ ကစားနိုင်သော်လည်း အတွေ့အကြံု၊ တစ်ဦးချင်း စွမ်းရည်ပိုင်း
တွင် ဂျူဗင်တပ်နှင့် နှိုင်းယှဉ်လိုက်ပါက တစ်ပန်းရှုံးနေသည်။

သို့ကလိုကြောင့် ယခုပွဲတွင် ဂျူဗင်တပ်ကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ဂိုးနည်းသောပွဲ
ဖြစ်လာဖွယ်ရှိသည်။



ဖတ်ရှုမှုအများဆုံး