ယူ၁၅ စူပါကပ် ဗိုလ်လုပွဲ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

ယူ၁၅ စူပါကပ် ဗိုလ်လုပွဲ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသော MFF 100 Plus Super
Cup 2014 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် မန္တလေး မြို့၊
မန္တလာသီရိကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ MFF 100 Plus Super Cup 2014ပြိုင်ပွဲကိုပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှ
စတင်၍ မန္တလေး ဘောလုံး အကယ်ဒမီတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဘောလုံး
အကယ်ဒမီ များမှ အသက် ၁၅ နှစ်အောက် လူငယ် ဘောလုံးအသင်း ၁၀ သင်း ပါ၀င်မည် ဖြစ်ပြီး
အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။

ရွက်ပုန်သီး လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အနာဂတ် မြန်မာ့လက်ရွေးစင်အသင်း
အဆင့်ဆင့်အတွက် အားထားရသော ကစားသမားများ ပေါ်ထွက် လာရန် ရည်ရွယ်၍ ကျင်းပပြု
လုပ်ခြင်းဖြစ် ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သော အသင်းကို ဆုကြေး ငွေကျပ်
ငါးသိန်း၊ ဒုတိယ ကျပ်သုံးသိန်း၊ တတိယ ကျပ်တစ်သိန်း အသီးသီ ပေးအပ်ချီးမြှင့်သွားမည်
လည်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် 100 Plus တို့က ဒုတိယအကြိမ် မြောက်
ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ဧရာဝတီတိုင်း
ဒေသကြီး ပုသိမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး