မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော MFF Alpine Grassroot Football
Festival လူငယ်ဘောလုံးပွဲတော်ဖွင့်ပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် နေ့က မန္တလေးမြို့၊
မန္တလာသီရီဘောလုံး ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဘောလုံးပွဲတော်တွင် မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အောက်
ကျောင်းသား၊ လူငယ်များ ၁,၀၀၀ ဦးက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ အနာဂတ်တွင် အားထားရသော
လူငယ် မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ် လာရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ် ခြင်း
ဖြစ်သည်။
ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က လူငယ်ဘောလုံးပွဲတော်ကြီးတွင် ကျောင်း သား ကလေး
ငယ်များ ကျန်းမာပျော်ရွှင်ရေး သာမက အနာဂတ် မြန်မာ့လက်ရွေးစင် အသင်းအဆင့်ဆင့်
အတွက် အားထားရ သော လူငယ်ကစားသမားလေးများ ပေါ်ထွက်လာစေရန် အထောက်
အကူပြု သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီလိုဘောလုံးပွဲတော်မျိုး ကျင်းပနိုင်ခဲ့ ခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ ဘောလုံး
အားကစားသည် ကမ္ဘာမှာ ကျော် ကြားသလို မြန်မာနိုင်ငံ၏ နံပါတ်(၁) အားကစားနည်းဖြစ်
သောကြောင့် နိုင်ငံ သားအားလုံးသည် မြန်မာ့ဘောလုံး အားကစားအဆင့် တိုးတက်မြင့်မားရေး
ကို အစဉ် မျှော်လင့်တောင့်တနေကြောင်း၊ မျိုးဆက်သစ်ဘောလုံးသမားများ စဉ်ဆက် မပြတ်
ပေါ်ထွန်းလာရေးအတွက် လူငယ် ပွဲတော်များက အရေးပါကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ်
ဦးရဲမြင့်က ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ အတွက် ဘောလုံး
အလုံး ၅,၀၀၀ ပေးအပ် လှူဒါန်းခဲ့ပြီး အဆိုပါပြိုင်ပွဲကဲ့သို့ လူငယ် ဘောလုံးပွဲတော်များကို အခြားမြို့
ကြီးများ တွင် ထပ်မံကျင်းပနိုင်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။














