ဆီစီနာ - အမ်ပိုလီ (စနေ၊ ည ၁၀း၃၀)
ပွဲဦးထွက် အိမ်ကွင်းမှာ ပါးမားကိုနိုင်ခဲ့တဲ့ ဆီစီနာရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ 'ညှစ်အား'ကို ထည့်မတွက်
လို့ မရဘူး။ အိမ်ကွင်းပွဲ အာရုံစိုက်တဲ့ ဆီစီနာဟာ သူ့ကွင်းမှာ လူညီပြီး စိတ်ဓာတ် ကောင်းတယ်။
အမ်ပိုလီကတော့ ယူဒီးနိစ်၊ ရိုးမားတို့ကို ဆက်တိုက်ရှုံးခဲ့ရာမှာ ချေပဂိုး ပြန်သွင်း နိုင်စွမ်းမရှိဘဲ
တိုက်စစ်ပျောက်နေတယ်။ တန်းတက်နှစ်သင်းဖြစ်လို့ ခြေစွမ်းသိပ်မကွာ ပေမယ့် အိမ်ရှင်အားသာ
ချက်ရှိတဲ့ ဆီစီနာကို ပိုကြိုက်တယ်။
ချီယေဗို - ပါးမား (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
ပွဲဦးထွက် ဂျူဗင်တပ်ကို ပွတ်ကာသီကာရှုံးပြီး နာပိုလီကွင်းမှာ ၁-၀နဲ့ နိုင်ခဲ့တဲ့ ချီယေဗို ခြေစွမ်းက
မနှစ်ကထက် ပိုကောင်းလာတယ်။ 'ရုန်းအား'ကောင်းပြီး တန်ပြန်တိုက်စစ်ကို အားပြုတဲ့အသင်း
ဖြစ်လို့ ပြိုင်ဘက်ကို အလစ်အငိုက်ဖမ်းကစားတတ်တယ်။ ပါးမားကတော့ နှစ်ပွဲဆက်တိုက်ရှုံးထား
ပေမယ့် ကာဆာနို၊ ဘဲလ်ဖိုဒီ၊ ဂီဇယ်တို့ရှိလို့ တိုက်စစ်အားရှိတယ်။ ပါးမားဘက်က အရဲစွန့်သင့်
တယ်။
ဂျီနိုအာ - လာဇီယို (တနင်္ဂနွေ၊ ည ရး၃၀)
အိမ်ကွင်းမှာ နာပိုလီကိုရှုံးပြီး ဖီအိုရင်တီးနားကွင်းမှာ သရေကစားခဲ့တဲ့ ဂျီနိုအာခြေစွမ်းက မှန်းဆ
ရခက်တယ်။ လာဇီယိုကတော့ ဆီစီနာကို သုံးဂိုးပြတ်နိုင်ခဲ့တဲ့ ခြေစွမ်းကို ဆက်ထိန်း နိုင်မလား
ဆိုတာ စောင့်ကြည်ရမယ်။ အထူးသဖြင့် လာဇီယိုဟာ ကွင်းလယ်တိုက်စစ် ထက်မြက် ပြီး ၀ါရင့်
တိုက်စစ်မှူးတွေဖြစ်တဲ့ ကလိုဆေး၊ မော်ရီတို့ဟာ ကွင်းလယ်နဲ့ နားလည်မှုကောင်း တယ်။ လာဇီ
ယိုကို ပိုကြိုက်တယ်။
ရိုးမား - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ရး၃၀)
အမ်ပိုလီကွင်းမှာ ရိုးမားကစားသွားတဲ့ ခြေစွမ်းက ပုံမှန်အောက် ရောက်နေပေမယ့် အသင်းလိုက်
နားလည်ချိတ်ဆက်မှုနဲ့ နောက်တန်းကျစ်လျစ်မှုကတော့ ပုံမှန်အတိုင်း ကောင်းမွန် နေတယ်။
ကက်ဂလီရီခြေစွမ်းက သိပ်မညံ့ပေမယ့် အသင်းကြီးတွေကို ခံကစားနိုင်တဲ့ အနေ အထားမှာ
မရှိသေးဘူး။ ရိုးမားသာ ဖိဖိစီးစီးကစားပြီး ရလာတဲ့ဂိုးသွင်းခွင့်တွေကို မလွတ်တမ်း အသုံးချနိုင်
မယ်ဆိုရင် ဂိုးပြတ်နိုင်ခြေရှိတယ်။
ဆက်စူလို - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ရး၃၀)
ဆက်စူလိုဟာ အီတလီကစားသမားအများစုနဲ့ စုဖွဲ့ထားပြီး ရည်မှန်းချက်ရှိသလို အိမ် ကွင်းမှာ
ကစားအားကောင်း တယ်။ ဆမ်ဒိုးရီးယားကတော့ နည်းပြမီဟိုင်းလိုဗစ် လက်ထဲမှာ မာကျောပြီး
ဂိုးသွင်းအားရှိတဲ့အသင်း ဖြစ်လာတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ ဆက်စူလိုကို ရွေးချယ်သင့်တယ်။
အတ္တလန္တာ - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၁၀း၃၀)
အိမ်ကွင်းမှာ ဗီရိုနာနဲ့ သရေကျပြီး အဝေးကွင်းမှာ ကက်ဂလီယာရီကို နိုင်ထားတဲ့ အတ္တ လန္တာ
ခြေစွမ်းကို လျှော့တွက်လို့ မရဘူး။ ဖီအိုရင်တီးနားကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ကိုလံဘီယာ
ကွင်းလယ်ဖန်တီးရှင် ကူအာဒါဒို ပြန်လည်ပါ၀င်လာလို့ ကစားကွက်၊ ဘောလုံးပိုင်ဆိုင် မှုတွေ
တိုးတက်လာပေမယ့် စီးရီးအေနှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်သေးဘူး။ ဒါကြောင့် ဖီအိုရင်တီးနား
ကို သိပ်ပြီးစိတ်မချရဘူး။
ယူဒီးနိစ် - နာပိုလီ (တနင်္ဂနွေ၊ ည ၁၀း၃၀)
ပြီးခဲ့တဲ့ပွဲစဉ်မှာ ချီယေဗိုကို တစ်ဖက်သတ်နီးပါး အသားစီး ကစားခဲ့ပြီး ပင်နယ်တီလွဲချော် ခဲ့တဲ့
နာပိုလီ တိုက်စစ်ဟာ တကယ်ညှစ်ရင်တော့ အစွမ်းထက်မြက်တယ်။ ယူဒီးနိစ်ကတော့ လူငယ်
တွေနဲ့ သွက်သွက်လက်လက်ကစားနိုင်ပေမယ့် ခြေစွမ်းအရ ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်
ရင် တစ်ပန်းရှုံးနေသေးတယ်။ နာပိုလီကို ပိုကြိုက်တယ်။
ပါလာမို - အင်တာမီလန် (တနင်္လာ၊ နံနက် ၁း၁၅)
တိုက်စစ်မှူးလေး အိုင်ကာဒီကို လုပ်ခနှစ်ဆတိုးပြီး နောက်တစ်နေ့မှာပဲ အင်တာမီလန်က ဆက်စူ
လိုကို ခုနစ် ဂိုးပြတ်နိုင်ခဲ့ရာမှာ အိုင်ကာဒီက သုံးဂိုးသွင်းပေးခဲ့တယ်။ အင်တာမီလန် ဟာ အချိတ်
အဆက်မိပြီဆိုရင် တိုက်စစ်ထက်မြက်တဲ့အသင်းဆိုတာ ဆက်စူလိုကို နိုင်ခဲ့တဲ့ပွဲက သက်သေပါ။
ပါလာမိုကတော့ လူညီပြီး ကစားအားရှိပေမယ့် အင်တာမီလန်ကို ခံကစားနိုင်ဖို့ မလွယ်ဘူး။
အင်တာမီလန်ပဲ စားသွားမှာပါ။
တိုရီနို - ဗီရိုနာ (တနင်္လာ၊ နံနက် ၁း၁၅)
အီတလီလက်ရွေးစင်ဟောင်းတွေ အပါအဝင် တစ်ဦးချင်းကောင်းသူတွေ စုစည်းမိနေပေမယ့်
တိုရီနိုဟာ စီးရီးအေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခုစလုံး တစ်ပြိုင်နက်တည်း ကစားနေရတဲ့ အချက်ကို
ထည့်စဉ်းစားရမယ်။ ဗီရိုနာကတော့ အတ္တလန္တာကွင်းမှာ သရေကျပြီး အိမ်ကွင်းမှာ ပါလာမိုကို
၂-၁ နဲ့နိုင်ထားတယ်။ ဗီရိုနာတိုက်စစ်မှာ ၀ါရင့်လူကာတိုနီနဲ့ ဂျူအန်တာလက်ဘ်တို့အတွဲက
အလုပ်ဖြစ်နေတယ်။ ဗီရိုနာကို ပိုကြိုက်တယ်။














