မော်ရင်ညိုရဲ့ ဒဏ်ရာဟောင်းဆိုတာ ဘာပါ လိမ့်လို့ထင်နိုင်ပါတယ်။ တခြားမဟုတ်ပါဘူး။ မနှစ်က
ဘောလုံးရာသီမှာ လီဗာပူး၊ မန်စီးတီးတို့နဲ့အပြိုင် ချန်ပီယံဖြစ်နိုင်ခွင့် အခြေအနေကြံုခဲ့တာကို
ရအောင် အခွင့် ကောင်းမယူနိုင်ခဲ့တဲ့အတွက် နောက်ဆုံး မှာ တတိယနေရာနဲ့ ကျေနပ်လိုက်
ရတဲ့အဖြစ်ကို ပြောလိုတာပဲ ဖြစ်ပါတယ်။
မနှစ် က မန်စီးတီးချန်ပီယံဖြစ်တော့ နောက်ဆုံး ပွဲစဉ်မှာ လီဗာပူးနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ ပေမယ့်
တကယ်တော့ အဲဒီပြိုင်ဆိုင်မှုမှာ မော်ရင်ညိုဟာ ပါ၀င်သင့်ခဲ့တာပါ။ တကယ့် ပွဲကြီးတွေမှာ အမှတ်
တွေရအောင်ယူခဲ့ပေမယ့် ဘာမဟုတ်တဲ့ ခရစ္စတယ်ပဲလေ့စ် ကို အဝေးကွင်းမှာရှုံး၊ ဆန်းဒါးလန်းကို
အိမ်ကွင်းမှာရှုံးဆိုတဲ့ ရလဒ်တွေက နောက်ဆုံးမှာ တစ်ကျော့ပြန် မော်ရင်ညိုအတွက် ဒဏ်ရာတွေ
ဖြစ်သွားစေခဲ့ပါတယ်။
တကယ် လို့ ပဲလေ့စ်၊ ဆန်းဒါးလန်း နှစ်ပွဲကိုသာအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီး ဟာ
ပွဲစဉ်(၃၈)အပြီးမှာ ရမှတ် ၈၈ မှတ်နဲ့ ပရီမီယာလိဂ်ချန်ပီယံ ဖြစ်ခဲ့မှာပဲဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီနှစ်ပွဲ
အရှုံးကြောင့် ချယ်လ် ဆီးဟာ ရမှတ် ၈၂ မှတ်သာရသွားခဲ့ပါတယ်။ ချန်ပီယံဖြစ်တဲ့ မန်စီးတီးက
ရမှတ် ၈၆ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ မော်ရင်ညိုမှာ ဒီခံစားမှုတစ်ခုရှိနေခဲ့ပါ တယ်။ ဒီဒဏ်ရာ
ဟောင်းကို ကုသချင်တဲ့ အတွက် ဒီနှစ်ပရီမီယာလိဂ်ကို မော်ရင် ညိုဟာ ရာသီအစကတည်းက
ဖိဖိစီးစီး ပြင်ဆင်ကစား လာနေပုံ ရခဲ့ပါ တယ်။ ဒါကြောင့် လည်း ပရီမီယာ လိဂ် ငါးပွဲကစား အပြီး
မှာ ရှုံးပွဲ မရှိသေးဘဲ ရမှတ် ၁၃ မှတ်နဲ့ ထိပ်ဆုံး က ဦးဆောင် နေ ခဲ့တာပဲ ဖြစ်ပါ တယ်။
လက်ရှိချန်ပီယံ မန်စီးတီးဟာ ရှုံးပွဲ ကြံုပြီး သွားပါ ပြီ။ ဒုတိယရတဲ့လီဗာပူးဟာလည်း ငါးပွဲကစား
အပြီးမှာ သုံးပွဲရှုံးနိမ့်ထားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ကျတော့ ရှုံးပွဲမရှိသေးပေမယ့် သရေသုံးပွဲ
ဆက်တိုက်ကျခဲ့တာက မော်ရင်ညိုရဲ့ ချယ်လ်ဆီးနဲ့ ကွဲပြားခြားနားမှုဖြစ်နေ ခဲ့ပါတယ်။
ဩဂုတ်၊ စက်တင်ဘာနှစ်လကို မော်ရင်ညိုဟာ အကောင်းဆုံးဖြတ်ကျော် လာနိုင်ဖို့ အားအင်ပြည့်
နေပြီဖြစ်ပါတယ်။ မန်စီးတီးဪချယ်လ်ဆီး ၁ဪ၁ သရေပွဲပြီး သွားတော့ မန်စီးတီးမန်နေဂျာ
ပယ်လီဂရီနီ က မော်ရင်ညိုဟာ အသင်းငယ်လေးတွေချဉ်းကပ်တဲ့ နည်းဗျူဟာနဲ့ ကစားသွား
တယ်လို့ ဝေဖန်ပြောဆိုသွားပါတယ်။ မန်စီးတီးဟာ စတုတ်ကို အိမ်ကွင်းမှာ ရှုံးနိမ့် တော့ စတုတ်
ဆိုတဲ့ အသင်းငယ်လေးက ခံစစ်ကို ဦးစားပေးပိတ်ဆို့ပြီး တန်ပြန် တိုက်စစ်နဲ့ မန်စီးတီးအသင်းကို
ကစားသွားသလိုမျိုး အခုလည်း မော်ရင်ညိုက ပြင်ဆင်ကစားသွားတာကြောင့် ပယ်လီဂရီနီ က
အသင်းငယ်လေး ချဉ်းကပ်ပုံစံလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်းအနေအထားတစ်ခု
အရ မော်ရင်ညိုဟာ မန်စီးတီးကို ခံစစ်ဦးစားပေးနဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မော်ရင်ညို
အခုမှ ချဉ်းကပ်ခဲ့တာတော့ မဟုတ် ပါဘူး။ မနှစ်ကလည်း သူ ဒီအတိုင်းချဉ်းကပ်ကစားသွားခဲ့တာပဲ
ဖြစ် ပါတယ်။
မနှစ်က မော်ရင်ညိုဟာ သူ့ရဲ့အဓိက ပြိုင်ဘက်တွေထဲကနေအမှတ်ပြည့်တွေရယူနိုင်ခဲ့ပါတယ်။
အိမ်ကွင်းပွဲတွေဆို မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ မန်ယူ၊ စပါး၊ အဲဗာ တန်တို့ကို အနိုင်ကစားပြီး
အဲဒီပြိုင်ဘက် တွေနဲ့တွေ့တဲ့ အဝေးကွင်းပွဲတွေမှာ သရေ ပွဲတွေရအောင် ကစားနိုင်ခဲ့ပါတယ်။
မန် စီးတီးကိုဆိုရင် မနှစ်က အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ အခုလည်း အနိုင်ရလုလု အခြေ
အနေကနေ သရေကျသွားခဲ့ပါတယ်။ တကယ်တမ်း မော်ရင်ညို ရည်ရွယ်ချက်ကလည်း ကိုယ့်ရဲ့
အဓိက ပြိုင်ဘက်တွေရဲ့ အဝေးကွင်းတွေရောက်ရင် မရှုံးရေးပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့အဓိကပြိုင်ဘက်ကို အဝေးကွင်းမှာ မရှုံးအောင်ကစားပြီး အိမ်ကွင်းရောက်ရင် အနိုင်
ကစားနိုင်မှသာ ချန်ပီယံအိပ်မက်ကို မက်နိုင်မှာ ဖြစ်ပါ တယ်။ ဒါတောင်မနှစ်က ဆန်းဒါးလန်း၊
ခရစ္စတယ်ပဲလေ့စ်တို့လို အသင်းတွေကိုမထင်မှတ်ဘဲ သွားရှုံးလိုက်လို့ ချန်ပီယံ ဖြစ်ခွင့်နဲ့ ဝေးသွား
စေခဲ့ပါတယ်။ ချန်ပီယံ ဖြစ်လိုတဲ့အသင်း၊ တန်းမဆင်းချင်တဲ့အသင်းတွေဟာ အဝေးကွင်းမှာ အနိုင်
ရဖို့ ခက်ခဲတဲ့အသင်းတွေနဲ့ တွေ့ရင်တော့ သရေတစ်မှတ်ရယူနိုင်ဖို့ပဲ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
အခုမော်ရင်ညိုဟာ မန်စီးတီး ကို မရှုံးနိမ့်ဖို့အတွက် ခံစစ်ပြင်သွားတာဟာ အပြစ်မဆိုသာပါဘူး။
ပယ်လီဂရီနီအနေနဲ့သာ အိမ်ကွင်းမှာ ကိုယ့်ပြိုင်ဘက် ကို ဘယ်လိုအနိုင်ရအောင် ကစားမယ်ဆိုတဲ့
ပြင်ဆင်မှုကိုပဲ လုပ်ရမှာဖြစ်ပါ တယ်။ ကိုယ်ကတိုက်စစ်ကို အကောင်းဆုံး ဖြစ်အောင် မပြင်ဆင်နိုင်
တဲ့အတွက် အခုလို သရေနဲ့ကျေနပ်ရတာလို့ပဲ ၀န်ခံရမှာဖြစ်ပါ တယ်။ ဒီလိုဝေဖန်ပြောဆိုမှုမျိုးကို
ပယ်လီ ဂရီနီတင်မဟုတ်ပါဘူး။ မော်ရင်ညိုလည်း ပြောတတ်သူဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရင်ညိုရဲ့ ဂိမ်းပလန်တွေကတော့ အကျိုးသက်ရောက်မှုကောင်းတဲ့ ရလဒ်တွေထွက်
တာကိုတော့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့အိမ်ကွင်းကို လာကစားမယ့်
မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ မန်ယူ၊ စပါးတို့ရဲ့ ပွဲစဉ်တွေကျရင် မော်ရင်ညိုအကောင်းဆုံးဖြစ်
အောင်၊ အမှတ်ပြည့်ရ အောင် ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။ ချယ်လ်ဆီး
မနှစ်ကလိုအကောင်းဆုံး ကစားပြလာပါလိမ့်မယ်။ အခုဆိုရင် ချယ်လ်ဆီးဟာ ၁၆ ဂိုးသွင်း ထားတဲ့
ပရီမီယာလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အသင်းဖြစ်နေပါပြီ။ သူ့ရဲ့ပြိုင်ဘက် တွေဖြစ်တဲ့ မန်စီးတီ
က ရှစ်ဂိုး၊ လီဗာပူးက ခုနစ်ဂိုး၊ အာဆင်နယ်က ၁၀ ဂိုး၊ မန်ယူက ကိုးဂိုး၊ စပါးက ခုနစ်ဂိုးတို့သာသွင်း
ထားခဲ့ ကြပါသေးတယ်။
အသင်းကြီးထဲက အဲဲဗာ တန်၊ မန်စီးတီးတို့နဲ့ ကစားထားပြီးဖြစ်ပါ တယ်။ လာမယ့်အပတ်မှာ ဗီလာ
နဲ့တွေ့နေ လို့ မော်ရင်ညို ဘယ်လိုပြင်ဆင်လာမလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ်။ မော်ရင်
ညိုအနေနဲ့ ဒီနှစ်မှာ နှုတ်ဆိတ်မှု များနေခဲ့ပြီး ပွဲတွေကိုသာ အာရုံစိုက်နေတာကတော့ ဒီရာသီ
ပရီမီယာလိဂ်ချန်ပီယံဖြစ်ဖို့ အရိပ် အယောင်လို့ပဲ ယူဆနေမိပါရဲ့ ...။















