ဒါဘီပွဲတွေနဲ့ ဒီတစ်ပတ်မှာ ပြိုင်ဆိုင်အား ပြင်းထန်လာလိမ့်မယ်

ဒါဘီပွဲတွေနဲ့ ဒီတစ်ပတ်မှာ ပြိုင်ဆိုင်အား ပြင်းထန်လာလိမ့်မယ်

လီဗာပူး - အဲဗာတန် (စနေ၊ ညနေ ၆း၁၅)
လီဗာပူးက တိုက်စစ်မကောင်းသေးပါဘူး။ ခံစစ်ကလည်း လုံးဝမကောင်းတဲ့ အသင်းဖြစ်ပါ တယ်။
အခုပွဲမှာနှစ်ဖက်စလုံး ဂိုးသွင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲက အသင်းကို မရွေးဘဲ
ဂိုးအများကိုရွေးတာ အသင့်တော်ဆုံးပါ။ အသင်းကိုမရွေးသင့်ပါဘူး။

မန်ယူ - ၀က်စ်ဟမ်း (စနေ၊ ည ၈း၃၀)
မန်ယူတိုက်စစ်ကကောင်းပေမယ့် ခံစစ်က အားနည်းနေတဲ့အတွက် အခုလို ဂိုးတွေပေးပြီး ရှုံးနိမ့်
တာဖြစ်ပါတယ်။ အခုတော့ အိမ်ကွင်းမှာ မန်ယူကိုင်မှာပဲလို့ ထင်ကြဦးမှာပေါ့။ မလွယ် လောက်
ပါဘူး။ ၀က်စ်ဟမ်းအနည်းဆုံး တစ်ဂိုးတော့သွင်း နိုင်ပါတယ်။ မန်ယူဂိုးပြတ်အနိုင် ရမယ် မထင်
ပါဘူး။

ချယ်လ်ဆီး - ဗီလာ (စနေ၊ ည ၈း၃၀)
သုံးပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့ အက်စ်တွန်ဗီလာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ရှုံးသွားခဲ့ပါတယ်။
အခုလည်း ချယ်လ်ဆီးနဲ့ အဝေးကွင်းမှာ ကစားရပါတော့မယ်။ ချယ်လ်ဆီးကတော့ အခုထိ ရှုံးပွဲ
မရှိသေးပါဘူး။ ဒါပေမဲ့ ဗီလာကခံစစ်ကို ဦးစားပေးကစားရင် ချယ်လ်ဆီးဂိုးပြတ်အနိုင်ရဖို့ မလွယ်နိုင်
ပါဘူး။ ဗီလာကိုရွေးရမှာဖြစ်ပါတယ်။

ဟားလ်စီးတီး - မန်စီးတီး (စနေ၊ ည ၈း၃၀)
ဟားလ်စီးတီးက တိုက်စစ်ကောင်းသလောက် ခံစစ်ကတော့ ဆိုးဆိုးရွားရွားလို့ ဆိုရမှာပါ။ မန်စီးတီး
ခံစစ်က ကောင်းတဲ့အတွက် ဟားလ်စီးတီးတိုက်စစ် ဂိုးသွင်းနိုင်မယ်မထင်ပါဘူး။ အိမ်ကွင်းကစား
အားကောင်းတဲ့ ဟားလ်စီးတီး အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားနိုင်ပါတယ်။

ဆောက်သမ်တန် - ကျူပီအာရ် (စနေ၊ ည ၈း၃၀)
ဆောက်သမ်တန်ကတော့ ခြေစွမ်းပြနေတဲ့အသင်း ဖြစ်နေပါတယ်။ ပွဲဦးထွက်မှာ လီဗာပူး ကိုရှုံးခဲ့ပြီး
နောက်ပိုင်း ခြေစွမ်းပြနေပါတယ်။ ကျူပီအာရ်ကတော့ ခြေမမှန်တဲ့အသင်းပဲ ဖြစ်ပါ တယ်။ ကျူပီအာရ်အဝေးကွင်းမှာ နောက်ထပ်ရှုံးပွဲကြံုတွေ့ရဦးမယ့်ပွဲ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - လက်စတာ (စနေ၊ ည ၈း၃၀)
အောက်အသင်းတွေထဲမှာ အကောင်းဆုံးပွဲစဉ်ဖြစ်လာမယ့်ပွဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံး တိုက်စစ်
ဦးစားပေးတဲ့အသင်း ဖြစ်နေပါတယ်။ ဒီပွဲဟာဂိုးတွေ အပြန်အလှန်သွင်းမယ့်ပွဲဖြစ် ပါတယ်။ အသင်း
ကိုမရွေးဘဲ ဂိုးအများကို ရွေးသင့်တဲ့ပွဲဖြစ်ပါတယ်။

ဆန်းဒါးလန်း - ဆွမ်ဆီး (စနေ၊ ည ၈း၃၀)
ဆန်းဒါးလန်းကွင်းမှာ ဆွမ်ဆီးခက်ခက်ခဲခဲကစားရဦးမယ် ထင်ပါတယ်။ ဆန်းဒါးလန်း ဒီပွဲကို အနိုင်
ရဖို့ ပြင်ဆင်ထားနိုင်ပါတယ်။ ဆွမ်ဆီးခံစစ်ဟာ ဆန်းဒါးလန်းရဲ့ ဖိအားပေးတာကို ခံရမယ့်ပွဲဖြစ်ပါ
တယ်။ ဆန်းဒါးလန်းကိုကြိုက်ပါတယ်။

အာဆင်နယ် - စပါး (စနေ၊ ည ၁၁းဝဝ)
အာဆင်နယ်က စပါးထက်ပိုပြီး တည်ငြိမ်လာနေပါတယ်။ သရေပွဲတွေများနေရာက ဗီလာပွဲမှာ
နိုင်ပွဲပြန်တွေ့လို့ အားတက်နေပါတယ်။ စပါးက ကစားပုံပျက်နေပါတယ်။ အခုပွဲမှာတော့ ခံစစ်ပြင်
ဆင်လာမယ်ထင်ပါတယ်။ အာဆင်နယ် ဂိုးပြတ်တော့ အနိုင်ရမှာ မဟုတ်ပါဘူး။

၀က်စ်ဘရွန်း - ဘန်လေ (တနင်္ဂနွေ၊ ည ၉း၃၀)
စပါးကွင်းမှာ အနိုင်ရတာဆိုတော့ ၀က်စ်ဘရွန်းရုန်းအားကို သတိပြုစရာဖြစ်ပါတယ်။ ဘန်လေက
နှစ်ပွဲဆက်တိုက်သရေပွဲတွေ တွေ့ထားပေမယ့် တိုက်စစ်က အားနည်းပါတယ်။ တန်းတက်ဘန်လေ
အသင်း အဝေးကွင်းမှာ ရှုံးပွဲတွေ့လာပါလိမ့်မယ်။

စတုတ် - နယူးကာဆယ် (အင်္ဂါ၊ နံနက် ၁း၃၀)
စတုတ်က အိမ်ကွင်းမှာနိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာဂိုးလည်း မသွင်း နိုင်သေး
တဲ့အတွက် ဒီပွဲအပေါ်မှာတော့ မာခ့်ဟုချ် သေသေချာချာပြင်ဆင်လာနိုင်ပါတယ်။ နယူးကာဆယ်
ခံစစ်က အရမ်းအားနည်းနေပါတယ်။ နယူးကာဆယ်ရှုံးဦးမှာပါ။



ဖတ်ရှုမှုအများဆုံး