ဂရန်နာဒါကို ဘာစီလိုနာအလွယ်တကူနိုင်မှာမဟုတ်ဘူး

ဂရန်နာဒါကို ဘာစီလိုနာအလွယ်တကူနိုင်မှာမဟုတ်ဘူး

ဘာစီလိုနာ - ဂရန်နာဒါ (စနေ၊ ည ၁၀း၃၀)
လာလီဂါပွဲတွေက ဆက်နေတယ်။ ကြားထဲ မှာ ဥရောပပွဲတွေမရှိပေမယ့် လာလီဂါပွဲစဉ်(၅) ကို
ကစားထားခဲ့ရလို့ အသင်းတိုင်းအတွက် ပွဲဆက်များမှုကြားမှာ ဟန်ချက်ညီအောင်သွားနေရတဲ့
အချိန်လည်း ဖြစ်တယ်။

အထူး သဖြင့် ဒီတစ်ပတ်ကစားမယ့် ဘာစီလိုနာဟာ ဒီပွဲပြီးရင် ချန်ပီယံလိဂ် အဝေးကွင်းပွဲကို
ဆက်ကစားရဦးမှာဆိုတော့ ဘာစီလိုနာ အတွက် ပွဲဆက်များမှုကြားမှာ ပွဲပန်းမှု သိပ်မရှိ အောင်
လို့တော့ ကစားသွားမယ့်ပုံပါပဲ။ ဂရန်နာဒါကလည်း လေးပွဲကစားပြီးချိန် အထိတော့ ရလဒ်ပိုင်း
မဆိုးဘူးလို့ ပြောနိုင် တယ်။

လာလီဂါရဲ့ ၀ါရင့်နည်းပြကာပါရော့စ် ရဲ့လက်ထဲမှာ ရှုံးပွဲမရှိအောင်ကစားထားနိုင် ခဲ့ပြီး အဝေးကွင်း
ပွဲတွေကိုလည်း အကောင်းဆုံး ထိန်းချုပ်ကစားနေတာ တွေ့ရတယ်။ ဒါကြောင့် ဒီပွဲဟာ ဘာစီလိုနာ
ရဲ့ တိုက်စစ်အစွမ်းကို စောင့်ကြည့်ရမယ့်ပွဲမျိုးလို့ ပြောနိုင်တယ်။ ဘာစီလိုနာရဲ့ ဒီရာသီရလဒ်ပိုင်း
တွေကိုကြည့်မယ်ဆိုရင်တော့ အရှိန်ကောင်းကောင်း နဲ့ ပွဲထွက်လာနိုင်တာ မှန်ပေမယ့် ဘာစီလိုနာ
ရဲ့ဂိုးသွင်းအားကို သိပ်အားမရကြဘူး ဖြစ်နေ တယ်။

အရင်က ဘာစီလိုနာ တိုက်စစ်ကို ဦးဆောင်ပြီး ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်တဲ့ မက်ဆီကလည်း ရာသီ
အဖွင့်ပွဲမှာပဲ နှစ်ဂိုး သွင်းနိုင်ပြီးနောက် ကျန်တဲ့ပွဲတွေမှာ ဂိုးမရ တော့တာ တွေ့ရတယ်။ တိုက်စစ်ပိုင်း
ကို ဦးဆောင်ကစားပေးနိုင်တာ မှန်ပေမယ့် လည်း မက်ဆီရဲ့ ကစားအားဟာ အရင် ရာသီတွေက
လို ထက်မြက်မှု အားနည်းနေ တာမျိုး တွေ့နေရတယ်။ လက်ရှိဘာစီလိုနာရဲ့ တိုက်စစ်ကစားပုံနဲ့
ဆိုရင်တော့ ဂရန်နာဒါရဲ့ ခံစစ်အားကို မနည်းဖြိုခွင်းရဖို့ ရှိနေတယ်။

ဂရန်နာဒါ အသင်းကို နည်းပြအဖြစ် တာဝန်ယူထားတဲ့ ကာပါရော့စ်ဟာ လာလီဂါအတွေ့အကြံုများ
တဲ့ နည်းပြကြီးတစ်ဦးဖြစ်တဲ့အပြင် ခံစစ်ပိုင်းကို ဦးစားပေးပြင်ဆင်တဲ့နေရာ မှာလည်း နာမည်ရှိတဲ့
နည်းပြတစ်ဦး ဖြစ် တယ်။ သူ ကိုင်တွယ် ခဲ့တဲ့အသင်းတိုင်း ဟာ ခံစစ်ကိုအားပြု ပြီး ဂိုးရဖို့ အတွက်
တန်ပြန်တိုက်စစ်ကိုပဲ ပိုပြီးဦးစားပေးတည်ဆောက် လေ့ရှိတဲ့ နည်းပြတစ်ဦး လည်းဖြစ်လို့ အခု
ဘာစီ လိုနာနဲ့ ပွဲမှာလည်း ဂရန်နာဒါက ခံစစ် ပိုင်းကို အားပြု ပြီး ဘာစီလိုနာကို ရင်ဆိုင်နိုင်ဖို့ ပြင်
ဆင်မယ့်ပုံပါပဲ။

နောက်ပြီး ဂရန်နာဒါရဲ့ အားသာမှုတစ်ခုက ကြံ့ခိုင်မှုပိုင်း ကိုပါ အားပြုကစားနိုင်တဲ့ အသင်းဖြစ်နေ
တဲ့ အချက်ပါပဲ။ ဂရန်နာဒါဟာ ခံစစ်ကြောင်းမှာ နှစ်ထပ် ကစားတတ်လေ့ရှိပြီး ကွင်းလယ်က စပြီး
တစ်ဖက်အသင်း ကွင်းလယ်ကစားကွက် တည်မရအောင် အင်အားသုံး ဖျက်ထုတ် ကစားပုံမျိုးကို
အများဆုံးအသုံးပြုလေ့ရှိ တယ်။ ဒါဟာ ဘာစီလိုနာအတွက် တော့ အိမ်ကွင်းဆိုပေ မယ့် ဂရန်နာ
ဒါကို ကျော် ဖြတ်နိုင်ဖို့ ဖိအားများ နိုင်မယ့် တကယ့်စိန်ခေါ်မှုမျိုးလို့ ပြောလို့ ရတယ်။

ဘာစီလိုနာဟာ ဒီပွဲ ပြီးရင် ချန်ပီယံလိဂ် အဝေးကွင်းပွဲ သွားကစားဖို့ ရှိနေတဲ့ အချိန် ဖြစ်လို့ ဂရန်
နာဒါလို အသင်း နဲ့ အင်အားချင်း ယှဉ်ကစား နိုင်ဖို့ ဆိုတာ သိပ်မလွယ်နိုင်ပါဘူး။ လျင်မြန်မှုတစ်ခု
ကိုသာ အားပြုပြီး လူငယ်တွေကိုပဲ အဓိက ထားကာ ရင်ဆိုင်မယ့်ပုံရှိတယ်။ ဂရန်နာဒါကတော့
ခံစစ်ပိုင်းကိုပဲ အားပြု ကာ တိုက်စစ်မှ ကော်ဒိုဘာ၊ ရိုချီနာတို့ရဲ့ တစ်ဦးချင်းတိုးအားတွေကိုပဲ
အဓိကထားထိုးဖောက်ကစားနိုင်ဖွယ်ရှိတယ် ဆိုပေမယ့် ဘာစီလိုနာရဲ့ ခံစစ်ကလည်း တန်ပြန်
တိုက်စစ် တွေကို ထိန်းရာမှာ အရင်ကလိုပဲ ပြိုးပြိုးပြာပြာ ပုံစံမျိုးကို တွေ့နေရသေးလို့ ဂရန်နာဒါမှာ
လည်း ဂိုးရနိုင်ဖို့ အခွင့်အရေးရှိသွားနိုင်တာ ကို သတိထားရလိမ့်မယ်ထင်ပါတယ်။

ဘာစီ လိုနာအတွက် ခက်ခက်ခဲခဲ အနိုင်ကစားရ မယ့်ပွဲမျိုးဖြစ်နေတဲ့အတွက် ဒီပွဲမှာ ဂရန်နာဒါ နဲ့
ဂိုးအနည်းကိုပဲ ရွေးထားရင် ကောင်းမယ် ထင်ပါတယ်။



ဖတ်ရှုမှုအများဆုံး