အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေတံဆိပ်နှစ်ခု ရရှိထား

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေတံဆိပ်နှစ်ခု ရရှိထား

 

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော (၁၇)ကြိမ်မြောက် အာရှ
အားကစားပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မြန်မာပိုက်ကျော်ခြင်း အဖွဲ့သည်
ရွှေတံဆိပ်နှစ်ခု ဆွတ် ခူးရရှိထားသည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ကို မြန်မာ့လက်ရွေးစင် အမျိုးသမီး ပိုက်ကျော်ခြင်း
အသင်း က ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယမြောက် ရွှေတံဆိပ်ကို အမျိုးသား ပိုက်ကျော်ခြင်း အသင်းက
ရယူပေးခဲ့သည်။

အမျိုးသမီးနှစ်ယောက် တွဲ ဗိုလ်လုပွဲတွင် မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းက လာအို
အမျိုးသမီးအသင်းကို ၂၁၁၆ မှတ်၊ ၂၁၁၅ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သလို အမျိုး သား
နှစ်ယောက်တွဲ ဗိုလ်လုပွဲတွင်လည်း မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းက အိမ်ရှင်တောင်
ကိုရီးယား လက်ရွေးစင်အသင်းကို ၂၁၁၉ မှတ်၊ ၂၁၁၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်
ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည် အုပ်စု(ခ)တွင် မလေးရှား၊ ဗီယက်နမ်တို့နှင့်
တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဂျပန် အသင်းကို နှစ်ပွဲပြတ်အနိုင်ယူပြီး
ဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် လာအို အသင်းကို နှစ်ပွဲပြတ်
ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ အမျိုး သား ပိုက်ကျော် ခြင်း
အသင်းသည် ပြိုင်ပွဲ၏ အုပ်စု (ခ)တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအိုတို့နှင့် တစ်အုပ်စုတည်း
ကျရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဂျပန်အသင်းကို နှစ်ပွဲ ပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ သို့
တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲတွင် အိမ်ရှင်တောင်ကိုရီးယား အသင်းကို နှစ်ပွဲပြတ် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုကို
ဆွတ်ခူးခဲ့သည်။ အဆိုပါ အာရှအားကစားပြိုင်ပွဲကိုစက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာ
လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး အားကစားနည်း ၃၆ နည်းကို ထည့်သွင်း
ကျင်းပလျက်ရှိ သည်။

ယင်းပြိုင်ပွဲသို့ မြန်မာ နိုင်ငံက အားကစားသမား ၆၅ ဦးဖြင့် အားကစားနည်း ၁၀ မျိုး တွင်ဝင်
ရောက်ယှဉ်ပြိုင်လျက် ရှိသည်။



ဖတ်ရှုမှုအများဆုံး