မိန့်ဇ် - ဟော့ဖန်ဟိမ်း (စနေ၊ နံနက် ၁းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၂-၄ မိန့်ဇ်
ပြိုင်ဆိုင်မှုပြင်းထန်မယ့် ကျိန်းသေပေါက်ပွဲတစ်ပွဲဖြစ်ပါတယ်။ လေးပွဲကစား ရှစ်မှတ်ချင်း တူညီနေပြီး
တန်းစီဇယားမှာ အထက်အောက်ရပ်တည်နေလို့ပါ။ အိမ်ကွင်းမှာ မိန့်ဇ် အနိုင် ကစားမယ်လို့
ထင်ပါတယ်။
ရှော်လ်ကေး - ဒေါ့မွန် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၀-၀ ရှော်လ်ကေး
ရှော်လ်ကေးရဲ့ကွင်းမှာ ဒေါ့မွန်တို့ ၁-၃၊ ၁-၂ ရလဒ်တွေနဲ့ နိုင်ဖူးတယ်။ ရှော်လ်ကေးက လေးပွဲ
ကစားပြီးချိန်အထိ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲမရတဲ့အသင်းတွေထဲ တစ်သင်းအပါအဝင် ဖြစ်နေပါ
တယ်။ ဒါပေမဲ့ ရှော်လ်ကေးဟာ အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ၂-၂၊ ဘိုင်ယန်ကို ၁-၁ ကစား ထားတဲ့
အတွက် ဒေါ့မွန်တို့ ရုန်းကန်ရနိုင်တယ်။
ဖရိုင်းဘတ် - လေဗာကူဆင် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၃-၂ လေဗာကူဆင်
နှစ်သင်းစလုံးကတော့ ခြေပျက်နေကြပါတယ်။ ဖရိုင်းဘတ်ရော၊ လေဗာကူဆင်ပါ နောက်ဆုံးလေး
ပွဲစလုံး နိုင်ပွဲရှိမထားကြပါဘူး။ ဒါပေမဲ့ ၀ုဖ်ဘတ်ကို ၄-၁ နဲ့ ရှုံးခဲ့တဲ့ လေဗာကူဆင် ရဲ့ ခြေစွမ်းက
စိတ်ပျက်စရာပါ။ လေဗာကူဆင်ကို ဖရိုင်းဘတ် သရေခံကစားသွားရင်လည်း သိပ်ပြီးတော့ အံ့ဩ
မနေပါနဲ့။
စတုဂတ် - ဟန်နိုဗာ (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဟန်နိုဗာ ၀-၀ စတုဂတ်
စတုဂတ်ဟာ နောက်ဆုံးခြောက်ပွဲ နိုင်ပွဲကင်းမဲ့နေပြီး တန်းစီဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေ
တာဖြစ်ပါတယ်။ ဟန်နိုဗာကတော့ ပွဲစဉ်(၄)မှာ တန်းတက် ပက်ဒါဘွန်းကို ရှုံးပွဲကြံုသွားခဲ့တာပါ။
နောက်ဆုံးသုံးပွဲမှာ လုံးဝ ဂိုးမသွင်းနိုင်ဘဲ ခြောက်ဂိုးအသွင်းခံထားရတဲ့ စတုဂတ်ကို ငြင်းပယ်ချင်
ပါတယ်။
ကိုလုံး - ဘိုင်ယန်မြူးနစ် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၁-၄ ဘိုင်ယန်မြူးနစ်
ကိုလုံးကွင်းမှာ ဘိုင်ယန် ၃-၂ နဲ့ရှုံး၊ ပြီးတော့ ၁-၁ သရေကျ၊ ဒီလိုအဖြစ်အပျက်တွေလည်း
ဘာဗေးရီးယန်းသားတွေ ကြံုတွေ့ခဲ့ဖူးတယ်။ နှစ်သင်းစလုံးကတော့ ရစ်သမ်ကောင်းနေ တာပါပဲ။
အဝေးကွင်းရောက်ရင် ဘိုင်ယန် နည်းနည်းပြဿနာရှိတယ်။ ဘိုင်ယန်နိုင်ခဲ့မယ် ဆိုရင်တောင်
ဂိုးမပြတ်လောက်ဘူး။
ပက်ဒါဘွန်း - မွန်ချင်ဂလက်ဘတ် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ မွန်ချင် ၀-၂ ပက်ဒါဘွန်း
တန်းတက် ပက်ဒါဘွန်းဟာ ခြေစွာပြီး အခုပွဲစဉ်(၄)အပြီးမှာ ဇယားထိပ်မှာရပ်တည်နေ နိုင်တယ်။
နှစ်သင်းစလုံး ၄-၄-၂ ကစားကွက်တွေနဲ့ပဲ ကစားတတ်ကြလို့ စိတ်ဝင်စားစရာတော့ ကောင်းနေ
တယ်။ နောက်ပြီး ဒေသဆိုင်ရာဒါဘီပွဲလည်းဖြစ်လို့ အကြိတ်အနယ်ကြည့်ကောင်း မယ့်ပွဲစဉ်
လည်းဖြစ်နေတယ်။ မွန်ချင် သရေလောက်ပဲ ကစားနိုင်မယ်လို့ ထင်တယ်။
၀ုဖ်ဘတ် - ၀ါဒါဘရီမင် (စနေ၊ ည ၁၁းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ၀ါဒါဘရီမင် ၁-၃ ၀ုဖ်ဘတ်
အဆင့်(၁၀)နေရာမှာ ရပ်တည်နေတဲ့ ၀ုဖ်ဘတ်ဟာ အိမ်ကွင်းမှာ လေဗာကူဆင်ကို အနိုင် ကစားပြီး
၀ါဒါဘရီမင်ကို ဒုက္ခပေးဖို့ မျှော်လင့်နေတယ်။ ၀ါဒါဘရီမင်ဟာ အခုအချိန်အထိ ဘွန်ဒက်စ်လီဂါမှာ
အရေးမလှသေးသလို နိုင်ပွဲလည်း တစ်ပွဲမှမရသေးဘူး။ ၀ုဖ်ဘတ်ကို ရွေးထားတာပဲ ကောင်းပါ
တယ်။
အော့စ်ဘတ် - ဟာသာဘာလင် (တနင်္ဂနွေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၀-၀ ဟာသာဘာလင်
အော့စ်ဘတ် နှစ်ပွဲဆက်တိုက်နိုင်ပြီး အဆင့်(၉)နေရာ ရောက်ကာ သွေးကြွနေတယ်လို့ ထင်ပါ
တယ်။ ဟာသာဘာလင်က တန်းဆင်းဇုန်နားတောင် ကပ်နေပြီး ပြီးခဲ့တဲ့ဘွန်ဒက်စ်လီဂါ လေးပွဲ
စလုံးလည်း နိုင်ပွဲမရဘူး။ အော့စ်ဘတ်ကို ကြိုက်တယ်။
ဟမ်းဘတ် - ဖရန့်ဖတ် (တနင်္ဂနွေ၊ ည ၁၀းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဟမ်းဘတ် ၁-၁ ဖရန့်ဖတ်
နှစ်သင်းစလုံး သိပ်အခြေအနေအကောင်းကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ဟမ်းဘတ်က ပိုဆိုး ပါတယ်။
တန်းဆင်းဇုန်ထဲရောက်နေပြီး ဘွန်ဒက်စ်လီဂါ တစ်ပွဲမှ မနိုင်တဲ့အပြင် တစ်ဂိုးမှ လည်း မသွင်းနိုင်
ခဲ့ပါဘူး။ ဖရန့်ဖတ် အနိမ့်ဆုံး သရေခံကစားဖို့ရှိပါတယ်။














