အိမ်ကွင်းကြောင့် အင်တာကိုပဲ ရွေးသင့်

အိမ်ကွင်းကြောင့် အင်တာကိုပဲ ရွေးသင့်

အင်တာမီလန် - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ရး၃၀)
စီးရီးအေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက် တည်း 'ဖွင့်'ကစားနေရသော အင်တာမီလန်
သည် ပုံမှန်ခြေစွမ်းရဖို့ အတော်ပင် ရုန်းကန်နေရသည်ကို တွေ့ရ သည်။ စီးရီးအေ သုံးပွဲကစား
ပြီးခဲ့ရာ၌ အိမ်ကွင်းတွင် ဆက်စူလိုကို ရ-၀ ဖြင့်နိုင်ပြီး အဝေးကွင်းများ၌ ပါလာမိုနှင့် ၁-၁၊ တိုရီနို
နှင့် ၀-၀ သရေကျထားသည်။

ယူရိုပါလိဂ် တွင် အသင်းငယ်လေး ဒီနစ်ပရိုကို ၁-၀ ဖြင့် ပွတ်ကာသီကာ နိုင်ခဲ့သည်။ အထူးသဖြင့်
အိမ်ကွင်းတွင် ဆက်စူလို ကို ခုနစ်ဂိုးပြတ်နိုင်ခဲ့သော်လည်း အင်တာမီလန်သည် အဝေးကွင်းနှစ်ပွဲ၌
တိုရီနို၊ ပါလာမိုတို့နှင့် သရေကျခဲ့သောကြောင့် ခြေစွမ်းအတက်အကျရှိပြီး စိတ်အား တက်ကြွလျှင်
ဂိုးသွင်းအားပါ ကောင်းမွန်လာကြောင်း ပေါ်လွင်နေသည်။ နည်းစနစ်နှင့် ကစားကွက် သုံးစွဲရာတွင်
နည်းပြ မက်ဇာရီသည် တစ်ပွဲနှင့်တစ်ပွဲ မတူဘဲ အကောင်းဆုံးပုံစံသို့ရောက်အောင် စမ်းသပ်နေရ
သေးသည်။

ပြီးခဲ့သောနှစ်က သုံးစွဲခဲ့သော သုံးယောက်ခံစစ်ပုံစံမှ ၀ါရင့် ကစားသမား ဗီဒစ်နှင့် အသင်းခေါင်း
ဆောင် ရာနိုချီယာတို့ကို အားပြုပြီး လေးယောက် ခံစစ်ပုံစံကို ပြောင်းလဲဖို့ ကြိုးစားသော်လည်း
အောင်မြင်မှု မရသေးတာကို တွေ့ရသည်။ နည်းပြမက်ဇာရီသည် အာဂျင်တီးနားတိုက်စစ်မှူး
မော်ယိုအိုင်ကာဒီနှင့် အီတလီတိုက်စစ်မှူး အော့စဗဲလ်ဒိုအတွဲကို အဓိက ပွဲထုတ်လာသောကြောင့်
ပြိုင်ဘက် နောက်တန်းတိုင်းကို စနစ်တကျ ဒုက္ခပေးနိုင်သော အနေအထားတွင် ရှိသည်။

တိုက်စစ်မှူး နှစ်ယောက်စလုံး ပါ၀ါရော ကစားအားပါ ကောင်းမွန်သောကြောင့် ကွင်းလယ်ကစား
သမားများသာ ၎င်းတို့အတွက် ဂိုးသွင်းခွင့် နှင့် နေရာကွက်လပ်လွတ်များ ဖန်တီးပေး ပါက
အင်တာမီလန်တိုက်စစ်သည် ထက်မြက် ပြီး ထိရောက်မှုရှိလာမည် ဖြစ်သည်။

တစ်ဖက်တွင် ကက်ဂလီယာရီသည် ပွဲဦးထွက် ဆက်စူလိုကွင်း၌ ၁-၁ သရေကျပြီးနောက်
အတ္တလန္တာကို ၂-၁၊ ရိုးမားကို ၂-၀ ဆက်တိုက် အရေးနိမ့်ခဲ့သည်။ ပြီးခဲ့သော ရာသီက တစ်ဦး
ချင်းကောင်းသူများကို ရောင်းထုတ်လိုက်သော အကျိုးဆက် ယခု ရာသီတွင် ကက်ဂလီယာရီတို့
ခံစားနေရပြီ ဖြစ်သည်။

ယမန်နှစ်က ခြေစွမ်းပြခဲ့သူများ ကို လူသစ်များနှင့် တွဲဖက်ထည့်ကစားစေ ခဲ့ရာတွင် အသင်းလိုက်
အချိတ်အဆက် အားနည်းပြီး 'ရစ်သမ်' ပျက်သွားသည်။ အထူးသဖြင့် ရိုးမားကို အရေးနိမ့်ခဲ့သော
ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက် များပါ တစ်ဖက်သတ် အရေးနိမ့်ခဲ့ပြီး ကွင်းလယ်နှင့်
ခံစစ်ကြောင်းတွင် နေရာ ကွက်လပ်လွတ်များစွာ ဖြစ်ပေါ်ခဲ့သည်။

ကစားကွက် ဖော်ဆောင်မှုပိုင်းတွင် လည်း ယမန်နှစ်က ခြေစွမ်းပြခဲ့သူအချို့ မရှိတော့သောကြောင့်
ဘောလုံးစီးဆင်းမှု ညက်ညောခြင်းမရှိတော့ဘဲ ဘောလုံးဖြန့် ထုတ်ရာတွင်လည်း ထိရောက်မှု
နည်းပါး သည်။ တစ်ဖန် ဘောလုံးဆုံးရှုံးမှုများသောကြောင့် တိုက်စစ်ဆင်ရာမှ မကြာခဏ ခံစစ်
ပြောင်းကစားနေရသည်ကို တွေ့ရသည်။ ဆိုရပါလျှင် အိမ်ရှင်အားသာချက်ပေါ် တွင် အင်တာမီ
လန်ကစားသမားတို့ စိတ်အား တက်ကြွမှုသာ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် ကက်ဂလီယာရီ ပြိုဆင်း
သွားနိုင်သည်။

သို့ကလိုကြောင့် အင်တာမီလန်ကို ပိုကြိုက် ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး