ရိုးမား - ဗီရိုနာ (စနေ၊ ည ၁၀း၃၀)
စီးရီးအေ သုံးပွဲဆက်နိုင်ခဲ့ရာမှာ ငါးဂိုးသွင်းပြီး ပေးဂိုးမရှိသေးလို့ ရိုးမားဟာ တိုက်စစ်ရော၊ ခံစစ်ပါ
စွယ်စုံထက်မြက်တာ ပေါ်လွင်နေတယ်။ ဗီရိုနာမှာလည်း သမ္ဘာရှိသူတွေရော တစ်ဦးချင်းကောင်း
သူတွေပါ ရှိနေတယ်။ လူညီခြေညီပြီး တိုက်စစ်ပါ ထက်မြက်လို့ ဗီရိုနာကို လျှော့တွက်လို့မရဘူး။
ဒါပေမဲ့ တောက်လျှောက်ခြေတက်နေပြီး အိမ်ရှင်အားသာချက်ရှိတဲ့ ရိုးမားကို ပိုကြိုက်တယ်။
အတ္တလန္တာ - ဂျူဗင်တပ် (တနင်္ဂနွေ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲဆက်တိုက်မှာ အတ္တလန္တာဟာ ဗီရိုနာကို ဂိုးမရှိသရေကျပြီး ဖီအိုရင် တီးနား
ကို အရေးနိမ့်ခဲ့လို့ အိမ်ကွင်းကံခေတယ်လို့ ဆိုရတယ်။ ဂျူဗင်တပ်ကတော့ စွယ်စုံ ကောင်းပြီး ပြိုင်
ဘက်ကို နိုင်အောင် ညှစ်ကစားတတ်တယ်။ အာဂျင်တီးနားတိုက်စစ်မှူး တေဗက်ဇ် ခြေစွမ်းပြပြီး
ဂိုးမြူးနေသလို နောက်တန်းကလည်း ပေးဂိုးမရှိဘဲ လုံခြံုကျစ်လျစ် တယ်။ ဂျူဗင်တပ်ပဲ စားသွား
မှာပါ။
ဆက်စူလို - နာပိုလီ (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုကြား ရုန်းကန်နေရတဲ့ နာပိုလီခြေစွမ်းဟာ မနှစ်ကလောက်
ခြေမစွာ နိုင်သေးဘူး။ ဆက်စူလိုကတော့ အိမ်ကွင်းမှာ စိတ်ဓာတ်ရော၊ ကစားအားပါ ကောင်း
မွန် တယ်။ ဒါကြောင့် နာပိုလီသာ လူစုံထည့်ပြီး အားစိုက်ကစားခြင်းမရှိပါက ဆက်စူလိုကွင်းမှာ
နိုင်ခြေနည်းတယ်။
ဆီစီနာ - အေစီမီလန် (တနင်္ဂနွေ၊ ည ရး၃၀)
ဆီစီနာဟာ တန်းတက်အသင်းဆိုပေမယ့် အိမ်ကွင်းမှာ အားစိုက်ကစားပြီး ဂိုးသွင်းအား ကောင်း
တာကိုတော့ သတိထားရမယ်။ ဒါပေမဲ့ အေစီမီလန်ကလည်း နည်းပြအင်ဇာဂီ လက်ထက်မှာ
တိုက်စစ်ကစားပုံ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။ စပိန်တိုက်စစ်မှူး တောရက်စ် ကိုလည်း စတင်
အသုံးပြုလာပြီဖြစ်လို့ အေစီမီလန်တိုက်စစ် ပိုကောင်းလာနိုင်တယ်။ အေစီမီလန်ကို ရွေးချယ်
သင့်တယ်။
ချီယေဗို - အမ်ပိုလီ (တနင်္ဂနွေ၊ ည ရး၃၀)
အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက်ရှုံးထားတဲ့ ချီယေဗိုရဲ့ အိမ်ကွင်းခြေစွမ်းကို စိတ်မချရဘဲ တိုက်စစ်
ဖွင့်ကစားလို့ နောက်တန်း 'ပွင့်'တတ်တယ်။ ဒါပေမဲ့ တန်းတက်အမ်ပိုလီကလည်း စီးရီးအေမှာ
နိုင်ပွဲမရှိသေးဘဲ ရုန်းကန်နေရပြီး သုံးပွဲမှာ ငါးဂိုးအသွင်းခံထားရတယ်။ ဒါကြောင့် ချီယေဗိုကို
ပိုကြိုက်တယ်။
တိုရီနို - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ရး၃၀)
စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်းကစားနေရတဲ့ တိုရီနိုဟာ ပြိုင်ပွဲနှစ်ခု ကြား
မနိုင်ဝန်ထမ်းနေရပြီး စီးရီးအေ သုံးပွဲဆက်တိုက် ကစားပြီးရာမှာ နှစ်ပွဲရှုံးပြီး တစ်မှတ်သာ ရသေး
တယ်။ ဖီအိုရင်တီးနားလည်း မနှစ်ကခြေစွမ်းမျိုး ပြန်ရဖို့ အတော်ကြိုးစားနေရတယ်။ ဒါပေမဲ့
တိုရီနိုက ပြိုင်ပွဲနှစ်ခုကြားမှာ ဗျာများပြီး ခြေပျက်နေလို့ ဖီအိုရင်တီးနားဘက်က အရဲစွန့်သင့်
တယ်။
ဂျီနိုအာ - ဆမ်ဒိုးရီးယား (တနင်္လာ၊ နံနက် ၁း၁၅)
ဒေသခံပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်လို့ ပရိသတ်အားနဲ့ နှစ်သင်းစလုံး ရှိသမျှ
အစွမ်းအစ အကုန်ဖျစ်ညှစ်ကစားကြမှာ သေချာတယ်။ ဂျီနိုအာမှာ သမ္ဘာရှိပြီး တစ်ဦးချင်း
ကောင်းသူတွေ ပိုများပေမယ့် ခြေစွမ်းအတက်အကျများတယ်။ ဆမ်ဒိုးရီးယားကတော့
လူညီခြေညီပြီး အချိတ်အဆက်မိတယ်။ ဒါကြောင့် အခုပွဲမှာ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။
ယူဒီးနိစ် - ပါးမား (တနင်္လာ၊ ည ၁၁း၃၀)
ပြီးခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲဆက်တိုက်မှာ ယူဒီးနိစ်ဟာ အမ်ပိုလီကို ၂-၀၊ နာပိုလီကို ၁-၀ နဲ့ နိုင်ထား
တယ်။ ယူဒီးနိစ်တိုက်စစ်ဟာ အိမ်ကွင်းအားသာချက်နဲ့ ပေါင်းလိုက်ရင် ကြောက်ဖို့ကောင်းတယ်။
ပါးမားကလည်း ၀ါရင့်တိုက်စစ်မှူး ကာဆာနို ပြန်လည်ခြေစွမ်းပြလာ လို့ လျှော့တွက်လို့မရပေမယ့်
ခြေစွမ်းအတက်အကျများတယ်။ ဒါကြောင့် အိမ်ကွင်းစွာတဲ့ ယူဒီးနိစ်ကို ပိုကြိုက်တယ်။
ပါလာမို - လာဇီယို (အင်္ဂါ၊ နံနက် ၁း၃၀)
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အင်တာမီလန်ကို ၁-၁ သရေကစားနိုင်ခဲ့ပေမယ့် ပါလာမိုခြေစွမ်း က
ထူးထူးခြားခြား ထက်မြက်ခြင်းမျိုးမရှိပါဘူး။ လာဇီယိုကလည်း ဒီရာသီမှာ အဝေးကွင်း နှစ်ပွဲ
ဆက်တိုက် ရှုံးထားတယ်။ ဒါပေမဲ့ လာဇီယိုဟာ ကွင်းလယ်တိုက်စစ် ထက်မြက်တဲ့ အသင်း
ဖြစ်လို့ ကစားကွက် အသာစီးရသွားရင်တော့ ကြောက်ဖို့ကောင်းတယ်။ အဝေးကွင်းမှာ
လာဇီယို တိုက်စစ် လျော့ရဲရဲဖြစ်တတ်ပေမယ့် အခုပွဲမှာ လာဇီယိုကိုပဲ ရွေးချယ်သင့်တယ်။














