ရင်းနှီးှမြုပ်နှံထားသလောက် အောင်မြင်နိုင်ပါ့မလား ရော်ဂျာ

ရင်းနှီးှမြုပ်နှံထားသလောက် အောင်မြင်နိုင်ပါ့မလား ရော်ဂျာ

လီဗာပူးဆိုတာ မနှစ်က ချန်ပီယံဖြစ်လုလု အသင်းဖြစ်ခဲ့သလောက် ဒီနှစ်မှာတော့ မစွံသော
လီဗာပူးဖြစ်လို့နေပြီ ဖြစ်ပါတယ်။မနှစ်က ဆွာရက်ဇ်ဪစတားရစ်ချ်တိုက်စစ် အတွဲက ဂိုးလေး
ဆယ်ကျော် သွင်းနိုင်ခဲ့ပေမယ့် အခုဆွာရက်ဇ်မရှိတော့တဲ့ နောက် မှာတော့ လီဗာပူးဟာ
ဆွာရက်ဇ်ကို တမ်းတ စရာဖြစ်နေခဲ့ပါတယ်။

ဆွာရက်ဇ်ရောင်းရငွေ တွေကို ဘာလော့တယ်တီ (သန်း ၂၀)၊ အယ်လ် ဘာတိုမိုရီနို (၁၈ သန်း)၊
လိုဗ်ရန်( ၂၅ သန်း)၊ မာကိုဗစ်(၂၅သန်း)၊ အဒမ် လာလာနာ (၃၁ သန်း)၊ ရစ်ကီလမ်းဘတ်(လေး
သန်း)၊ အမ်မရီကမ်(၁၂ သန်း)ဆိုတဲ့ ကစားသမားတွေကို စုပြံုဝယ်ခဲ့တဲ့ အဖြစ်အပျက်က အခု အချိန်မှာတော့ ဘရန်ဒန်ရော်ဂျာကို ဝေဖန်ဖို့ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘရန်ဒန်
ရော်ဂျာရဲ့ နေ့ရက်တွေဟာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ မကြာခင်မှာအန်းဖီးလ်ကို
ကျောခိုင်းရဖို့ နီးလာတော့မှာပဲ ဖြစ်ပါတယ်။

မနှစ်က ချန်ပီယံဖြစ်လုလု အသင်းက ဒီနှစ်မှာ ခြောက်ပွဲကစားပြီးတော့ သုံးပွဲရှုံးထားခဲ့တာက
ရင်းနှီးမြှုပ်နှံထားမှုနဲ့ ထိုက်တန်ပါရဲ့လားလို့ မေးခွန်းထုတ်ရတော့ မှာပဲဖြစ်ပါတယ်။ မနှစ်က
ဆွာရက်ဇ်ဪစတားရစ်ချ်တိုက်စစ် အတွဲဆိုတာ လီဗာပူးရဲ့အကောင်းဆုံးတိုက်စစ် အတွဲဖြစ်
ခဲ့ပေမယ့် ဒီရာသီမှာတော့ ဘာလော့ တယ်လီရဲ့ခြေစွမ်းက ဆွာရက်ဇ်နဲ့ စတားရစ်ချ် ကို သတိ
ရစရာဖြစ်နေခဲ့ပါတယ်။

ဒီကြားထဲမှာ စတားရစ်ချ်က နာသွားတော့ ဒီနှစ်လီဗာပူး ဆိုတာ မနှစ်က လီဗာပူးနဲ့ မတူကွဲပြား
သွားတဲ့ လီဗာပူးဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခြောက်ပွဲ ကစားအပြီးမှာ သုံးပွဲရှုံးထားတယ်ဆိုတဲ့
အနေအထားက ဒါဟာ ထိပ်တန်းအဆင့်ကို ရောက်ဖို့ဆိုတဲ့ အနေအထား မဟုတ်ပါ ဘူး။ ဘယ်
အသင်းတွေကို ရှုံးခဲ့သလဲကြည့်လိုက်ရင် အဝေးကွင်းမှာ မန်စီးတီးကို ဂိုးပြတ်ရှုံး၊ ၀က်စ်ဟမ်းကို
ဂိုးပြတ်ရှုံးဆိုတဲ့ အနေအထားက လီဗာပူးရဲ့ အကျင့်ဟောင်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

မနှစ် ကလည်း အဝေး ကွင်းဆိုရင် လီဗာ ပူး ခြေစွမ်းက ပုံမှန်မှာ ရှိမနေတဲ့ အသင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဆွာရက်ဇ်ရဲ့ခြေစွမ်းကြောင့်ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲတွေကလည်းထောက်ပြစရာ ရှိခဲ့ ပါတယ်။
အခုတော့ အဲဒီ လို အခြေအနေ တွေ ပျောက်ဆုံးနေပြီ ဖြစ် ပါတယ်။ အိမ် ကွင်းမှာ ဗီလာ ကိုရှုံး
ခဲ့တာကလည်း မနှစ်က အခြေအနေ မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးရဲ့တိုက်စစ်အားနည်းသွား
တာကိုတော့ မစ်ဒယ်ဘရော့နဲ့ပွဲ၊ လူဒိုဂိုရပ်စ်နဲ့ပွဲတွေမှာ လီဗာပူး ခက်ခက်ခဲခဲ ကစားသွားရတဲ့
အခြေအနေတွေက လီဗာပူး တိုက်စစ်အားနည်းနေပြီဆိုတာ ထင်ရှားနေခဲ့ပါတယ်။

အခုမှရာသီစပြီးခါစ အထိုင်ကျဖို့ ရောက်လာတဲ့အချိန်အထိ ဘရန်ဒန်ရော်ဂျာဟာ အသင်းကို
တည်ဆောက်ပေးနိုင်ခြင်းမရှိသေးဘူးဆိုတာ ထင်ရှားနေခဲ့ပါတယ်။ ဆွာရက်ဇ်ရောင်းရငွေနဲ့
ကစားသမားတွေကို စိစစ်ခြင်းမရှိဘဲ လိုက်လံဝယ်ယူခဲ့ခြင်း ကလည်း လီဗာပူးရဲ့အပြောင်း
အရွှေ့ပေါ်လစီ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ၀ယ်ခဲ့တဲ့ ကစားသမားတွေကြည့်လိုက်ရင် အငှားနဲ့
ခေါ်ထားတဲ့ ကစားသမားတွေကမှ ဈေးကြီး ပေးထားတဲ့ ကစားသမားတွေထက် ပိုပြီး ကစားနိုင်
တာ တွေ့နေရပါတယ်။

မနှစ်က ဆောက်သမ်တန်မှာ ခြေစွမ်းးပြခဲ့တဲ့ အဒမ် လာလာနာဆိုရင် လီဗာပူးမှာ ဘရန်ဒန်
ရော်ဂျာအားကိုးပေမယ့် ခြေစွမ်းကတော့ သာမန်အောက်မှာ ရောက်နေတဲ့ တိုက်စစ်ထောက်ပ့ံသူ
ဖြစ်နေပါတယ်။ ရစ်ကီလမ်းဘတ်ကျတော့လည်း ၀ယ်တဲ့ဈေးက ပေါင် လေးသန်းဆိုတော့ လီဗာပူး
လိုအသင်းကြီး မှာ အရန်အဆင့်မှာပဲ ရှိနေခဲ့ပါ တယ်။ တကယ်ဆိုရင် လမ်းဘတ် ကို မဝယ်သင့်
ခဲ့တာပါ။

အပြောင်းအရွှေ့ ရာသီပိတ်ခါနီးမှ ထိပ်တန်း တိုက်စစ်မှူးဖြစ်တဲ့ ဘာလော့တယ်လီကို ကမန်း
ကတန်း ခေါ်လိုက်ပေမယ့် ဘာလော့ တယ်လီရဲ့ အသင်းမတည်ငြိမ်မှုနဲ့ သူ့ရဲ့ကစားပေါက်က
လီဗာပူးကို ဘရန်ဒန်ရော်ဂျာ တည်ဆောက်ထားတဲ့ ကစားဟန်နဲ့က အံမဝင် ဖြစ်နေတော့
လီဗာပူးဟာ ဂိုးတစ်ဂိုးရဖို့က အတော်ရုန်းကန်ကစားလို့ နေရတာကိုတွေ့နေရပါတယ်။

ဆွာရက်ဇ်ရဲ့ကစားပေါက် နဲ့ လီဗာပူးရဲ့ကစားဟန်က အံဝင်ခဲ့သလို ဆွာရက်ဇ်ရဲ့ အားထုတ်
ကစားပုံနဲ့ ဘာလော့ တယ်လီ အားထုတ်ကစားပုံတို့ကလည်း ကွားခြားနေတော့ လီဗာပူး ဂိုး
တစ်ဂိုးရဖို့ကိုတော်တော်လေး ရုန်းကန်ကစားနေရတာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား
အသစ်တွေဖြစ်တဲ့ မာကိုဗစ်၊ အမ်မရီကမ်တို့ကို ၀ယ်ထားခဲ့ပေမယ့် အခုထိတော့ လီဗာပူး ကွင်း
လယ်က မနှစ်က ကွင်းလယ်လောက်အားရစရာမကောင်းသေးတာကို တွေ့နေရပါ တယ်။

မနှစ်က အန်ဒါဆင်၊ ဂျရတ်၊ ကော်တင် ညို ကွင်းလယ်အတွဲနဲ့ ဆွာရက်ဇ်ဪစတားရစ်ချ် -
စတာလင် တိုက်စစ်အတွဲတို့ဟာ တိုက်စစ် အတွက်တော့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ကစားပြီးသွားတဲ့ ပရီမီယာလိဂ် ခြောက်ပွဲမှာ ကော်တင်ညိုဟာ ဦးစားပေးနေရာ
ပျောက်သွားခဲ့ပါတယ်။ နောက်တန်းမှာ ကယ်လီလို အလားအလာရှိတဲ့ လီဗာပူး လူငယ်ကစား
သမားကိုရောင်းပြီး ဆီဗီလာက မိုရီနိုကို အားကိုး ခေါ်ထားပေမယ့် မိုရီနိုရဲ့ခြေစွမ်းဟာ ကယ်လီ
အဆင့်ထက် မပိုသေးတာကို တွေ့နေရပါတယ်။ မိုရီနိုကို ပေါင် ၁၈ သန်းနဲ့ ၀ယ်ထားခဲ့တာပါ။

လီဗာပူး ဟာ ထိပ်တန်းအဆင့်ပြန်တက်ဖို့ ရည်ရွယ်နေ တာ အချိန်အတော်ကြာပြီဖြစ်ပေမယ့်
ကစား ဟန်က အဝေးပေးကစားဟန်ကို ဦးစားပေးထားပြီး ဖြတ်တင်ဘောပံ့ပိုးမှုတွေနဲ့ တိုက်စစ်
ကို ဦးစားပေးထားတာကတော့ ဘရန်ဒန်ရော်ဂျာ ပြန်လည်းသုံးသပ်ရမယ့် အဓိက အချက်ပဲဖြစ်
ပါတယ်။ ကစားပြီးသွားတဲ့ ပရီမီယာလိဂ်ခြောက်ပွဲကို ကြည့်လိုက်ရင် လီဗာပူး အကောင်းဆုံး
ကစားနိုင်တာ စပါးကွင်းမှာ ဂိုးပြတ်နိုင်တဲ့ ပွဲကလွဲရင် ကျန်တဲ့ပွဲတွေဟာ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့
ပွဲတွေသာပဲ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ နိုင်တဲ့ပွဲဆိုရင်လည်း လီဗာပူး
ကံကောင်းလို့ နိုင်ခဲ့တာလို့ ပြောရမှာဖြစ်သလို ဗီလာကို အိမ်ကွင်းမှာ ရှုံးတဲ့ပွဲဆိုရင်လည်း လီဗာပူး
တိုက်စစ်လိုအပ်နေတယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

ကိုးမိနစ်မှာ ဗီလာဂိုးစသွင်းတာဖြစ်လို့ လီဗာပူးအတွက် ချေပဂိုးတွေ၊ အနိုင်ဂိုး တွေသွင်းနိုင်ဖို့ဆိုတာ
လုံလောက်တဲ့အချိန် တွေရှိနေပါတယ်။ ဒါပေမဲ့ လီဗာပူး ဂိုးမသွင်း နိုင်ခဲ့ပါဘူး။ ဆွာရက်ဇ်သာ ရှိနေ
မယ်ဆိုရင် ဒီပွဲမှာ လီဗာပူးချေပဂိုးတော့ သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ အဲဗာတန်နဲ့ သရေကျတဲ့ပွဲမှာ
လည်း ဒါဘီပွဲဖြစ်နေတာကို ဂိုးတစ်ဂိုးရပြီး ပိတ်ကစားတယ် ဆိုတာကတော့ ဘရန်ဒန်ရော်ဂျာ
အနေနဲ့ ပြန်လည်သုံးသပ်သင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ခံစစ်က ဘယ်လောက်တောင့်
တင်းနေသလဲဆိုတာကို ကြည့်ရမှာပါ။ လီဗာပူးခံစစ်အတွင်းနေရာဟာ အခုထိတည်ငြိမ်ခြင်း
မရှိသေးပါဘူး။ဆာခိုနဲ့ စကာတယ်ကို စမ်းသုံးနေဆဲဖြစ်ပါ တယ်။

ဒါကြောင့်လည်း အဲဗာတန်ဟာ လီဗာပူး ပြန်ခံကစားနေချိန်မှာ တောက်လျှောက် ဖိကစားရင်း
ချေပဂိုးရသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဝေးကွင်းပွဲတွေမှာ စပါးကိုသာ ဂိုးပြတ်နိုင်ပေမယ့် မန်စီးတီး၊
၀က်စ်ဟမ်းတို့ကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။ အိမ်ကွင်း ကစားတော့ တိုက်စစ်က ဂိုးရဖို့အတွက်
ခက်ခက်ခဲခဲကစားနေပြီး အဝေးကွင်းရောက် တော့ တိုက်စစ်က သာမန်အဆင့်ရောက်သွားသလို
ခံစစ်ကလည်း ဆိုးဆိုးရွားရွားဖြစ်နေတော့ လီဗာပူးရဲ့ ပွဲစဉ်ချဉ်းကပ်ပုံတွေဟာကမောက်ကမနဲ့
ဖြစ်နေရတာပဲဖြစ်ပါတယ်။

အခုခြောက်ပွဲကစားအပြီးမှာ လီဗာပူး ဘယ်အဆင့်ကို ရောက်နေသလဲဆိုတာကို ကြည့် လိုက်ရင်
လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်တောင် မရနိုင်တဲ့ အနေအထားလို့ သုံးသပ်လို့ရနေပြီဖြစ်ပါ
တယ်။ နှစ်ပွဲ သာ နိုင်သေးတယ်ဆိုတဲ့ အခြေအနေဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ အခြေအနေမျိုးဖြစ်
ပါတယ်။

ပရီမီယာလိဂ် ချန်ပီယံနေရာကို စိန်ခေါ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့နှစ်က စပါး
အသင်းဟာ ဂါရတ် ဘေးလ်ရောင်းရတဲ့ငွေနဲ့ ကစားသမားတွေ လှိမ့်ဝယ်ခဲ့ပြီး နောက်ဆုံးမှာ ရလဒ်
ဆိုးရွား သွားတဲ့ အနေအထားမျိုးဖြစ်သွားသလိုပဲ လီဗာပူးရဲ့ လက်ရှိအခြေအနေက အဲဒီလို ဖြစ်လာ
နေပြီ ဖြစ်ပါတယ်။ ဂိုးသမားမစ်နိုလက်ဟာ ဆန်းဒါးလန်းကနေ ပြောင်းလာတဲ့ မနှစ်ကရာသီက
ဆိုရင်လီဗာပူးမှာ လက်စွမ်းပြနိုင်တဲ့ ဂိုးသမားဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သူဟာ လက်ကျသူ
ဖြစ်နေပါတယ်။

ပရီမီယာလိဂ်ခြောက်ပွဲ မှာ ကိုးဂိုးပေးထားရသူဖြစ်နေခဲ့ပြီ ဖြစ်ပါ တယ်။ နောက်ဆုံးကစားထားတဲ့
လီဗာပူးရဲ့ ၁၇ ပွဲမှာ မစ်နိုလက် ဂိုးမပေးခဲ့ရတဲ့ပွဲက နှစ်ပွဲသာ ရှိထားတယ်ဆိုတဲ့အချက်ဟာ
ဂိုးသမား မစ်နိုလက်နဲ့ လီဗာပူးနောက်တန်း ကို ပြန်လည်တည်ဆောက်ရတော့မယ် ဆိုတာကို
ပြနေတာပဲဖြစ်ပါတယ်။

တိုက်စစ် မှူး ဘာလော့တယ်လီကို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဘရန်ဒန် ရော်ဂျာကတော့
ဘာလော့တယ်လီဘက်က ကာကွယ်ပြောဆို သွားပြီး ဆွာရက်ဇ်လိုဖြစ်လာလိမ့်မယ်လို့
ပြောဆိုထားတာတွေ့ရပါတယ်။ အသက် အားဖြင့် ၂၄ နှစ်သာရှိသေးပြီး ထိပ်တန်း အဆင့်
အရည်အသွေးမျိုး ဘာလော့တယ်လီ မှာရှိပေမယ့် သူ့ကစားဟန်က ပရီမီယာလိဂ် လို အမြန်နှုန်း
ကစားတဲ့ လိဂ်ရောက်လာ တဲ့အခါမှာတော့ အံမဝင်ဖြစ်နေတာက ပြဿနာပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ လီဗာပူးဟာ ဆွာရက်ဇ်လောက်သာ အသင်း က ထွက်ခွာသွားခဲ့ပြီး ကစား
သမား အများ အပြားကို ထပ်ဖြည့်ထားလို့ အင်အားက လျော့သွားခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရေ
အတွက်သာများခဲ့ပြီး အရည်အသွေးပိုင်း က တက်မလာတာတော့ လီဗာပူးဟာ နိုင်ပွဲ နှစ်ပွဲသာရ
တဲ့ ထိပ်တန်းအသင်းဖြစ်နေခဲ့ရ တာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ လူဒို ဂိုရက်စ်ဆိုတဲ့ ဘူလ်ဂေးရီးယားအသင်း ငယ်လေးကို ခက်ခက်ခဲခဲကစားခဲ့ရ
တာ၊ မစ်ဒယ်ဘရော့ကို ခက်ခက်ခဲခဲကစားပြီး ကံကောင်းစွာ အနိုင်ရသွားခဲ့ရတာတွေက ဒီနှစ် လီဗာပူးရဲ့အဆင့်အတန်းတစ်ခုကို ပြနေတာဖြစ်ပါတယ်။ ပေးဆပ်ရင်းနှီးမြှုပ်နှံ မှုတွေ
ဘယ်လောက်များများ အရည်အသွေး မမြင့်ဘူးဆိုရင်တော့ ဒီရင်းနှီးမြှုပ်နှံမှု ဟာ အကျိုးသက်
ရောက်မှုရှိလာမှာ မဟုတ် ဘူးဆိုတာကို မနှစ်က တော့တင်ဟမ် ဟော့စပါး၊ ဒီနှစ်လီဗာပူးတို့က
ပြသနေ လေရဲ့ ...။



ဖတ်ရှုမှုအများဆုံး