မော်ရင်ညိုကို အာဆင်ဝင်းဂါး သရေတောင် ကစားနိုင်ပါ့မလား ပရီမီယာလိဂ်ပွဲစဉ်(၇)

မော်ရင်ညိုကို အာဆင်ဝင်းဂါး သရေတောင် ကစားနိုင်ပါ့မလား ပရီမီယာလိဂ်ပွဲစဉ်(၇)

ဟားလ်စီးတီး - ခရစ္စတယ်ပဲလေ့စ် (စနေ၊ ည ၈း၃၀)
ဟားလ်စီးတီးဟာ တိုက်စစ်ကောင်းပြီး ခံစစ်အားနည်းနေလို့ သရေပွဲတွေကျ၊ ရှုံးပွဲကြံု ဖြစ်နေတာပါ။
ပဲလေ့စ်က ခြေမှန်တဲ့အသင်းမဟုတ်ပါဘူး။ ဒါကြောင့် နိုင်ပွဲပျောက်နေတဲ့ ဟားလ်စီးတီးအသင်း
နိုင်ပွဲပြန်ရှာတွေ့မယ်လို့ ယုံကြည်မိပါတယ်။

လီဗာပူး - ၀က်စ်ဘရွန်း (စနေ၊ ည ၈း၃၀)
လီဗာပူး ဆက်တိုက်နိုင်ပွဲပျောက်နေပါတယ်။ ၀က်စ်ဘရွန်းအသင်း နှစ်ပွဲဆက်တိုက် အနိုင်ရနေ
ပါတယ်။ လီဗာပူး ခက်ခက်ခဲခဲရုန်းကန်ကစားရဦးမှာ ဖြစ်ပါတယ်။ နိုင်ခဲ့ရင်လည်း ဂိုးမပြတ်နိုင်လို့
ခံစစ်ပြင်မယ့် ၀က်စ်ဘရွန်းကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။

ဆွမ်ဆီး - နယူးကာဆယ် (စနေ၊ ည ၈း၃၀)
ဆွမ်ဆီးအနေနဲ့ အိမ်ကွင်းပွဲဖြစ်နေတော့ ဒီပွဲမှာ ယုံကြည်မှုတည်ဆောက်မယ် ထင်ပါ တယ်။
တိုက်စစ်မှာဂိုးသွင်းနိုင်တဲ့သူတွေလည်း ရှိနေပါတယ်။ နယူးကာဆယ်က အဝေးကွင်း အားနည်း
တဲ့အသင်းလည်းဖြစ်နေတော့ ဒီပွဲဟာသရေမကျနိုင်ဘဲ အိမ်ရှင်အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ဆန်းဒါးလန်း - စတုတ် (စနေ၊ ည ၈း၃၀)
သရေပွဲတွေများနေတဲ့ ဆန်းဒါးလန်းအသင်း နိုင်ပွဲတွေ့ဖို့ လိုနေပါပြီ။ ဒါပေမဲ့ စတုတ်ဟာ ခံစစ်
ကစားရင်သာကောင်းတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ စတုတ် ခံစစ်ကစားမယ်မထင်လို့ ဆန်းဒါး
လန်း ဂိုးတွေသွင်းပြီး နိုင်ပွဲစတွေ့မယ့်ပွဲဖြစ်ပါတယ်။

လက်စတာ - ဘန်လေ (စနေ၊ ည ၈း၃၀)
လက်စတာက အိမ်ကွင်းဆိုရင်အသင်းကြီးတွေတောင် ခံကစားနိုင်စွမ်းရှိပါတယ်။ ဘန်လေ က
တိုက်စစ်အားနည်းတဲ့အသင်းဖြစ်ပါတယ်။ လက်စတာ ပရိသတ်အားပေးမှုကလည်း ကောင်းတဲ့
အတွက် ဒီပွဲလည်း လက်စတာအနိုင်ရဦးမှာ ဖြစ်ပါတယ်။

ဗီလာ - မန်စီးတီး (စနေ၊ ည ၁၁းဝဝ)
ဗီလာဟာ ပွဲကျပ်တွေဆက်တိုက်ကစားနေရတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ မန်စီးတီး က
ချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကို ဂရုစိုက်ပါလိမ့်မယ်။ မန်စီးတီးနိုင်မှာ သေချာ တဲ့ပွဲဖြစ်
ပါတယ်။ ဂိုးပြတ်မပြတ်ဘဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။

မန်ယူ - အဲဗာတန် (တနင်္ဂနွေ၊ ညနေ ၅း၃၀)
အခုပွဲမှာ အဓိက ကစားသမားရွန်နေ ပွဲပယ်ခံထားရပါတယ်။ နောက်တန်းက အီဗန် မကစားနိုင်
သေးဘူးဆိုရင် ခံစစ်မှာ ပြဿနာရှိနေဦးမှာပဲ ဖြစ်ပါတယ်။ အဲဲဗာတန်က တိုက်စစ် ကောင်းတဲ့အသင်း
ဖြစ်လို့ မန်ယူအနိုင်ကစားနိုင်ဖို့ ခက်ခဲမယ့်ပွဲဖြစ်ပါတယ်။ အဲဗာတန်ကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။

စပါး - ဆောက်သမ်တန် (တနင်္ဂနွေ၊ ည ရး၃၅)
ဆောက်သမ်တန်ရဲ့ ရစ်သမ်က အရမ်းကောင်းနေပါတယ်။ စပါးကတော့ နောက်ဆုံး လေးပွဲ
ဆက်တိုက် အနိုင်ပျောက်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအနေအထားကို စပါး ချေဖျက်ပြ
ပါလိမ့်မယ်။ ဆက်တိုက်ခြေပျက်နေတဲ့ စပါးကိုပဲ နှစ်သက်ပါတယ်။

ချယ်လ်ဆီး - အာဆင်နယ် (တနင်္ဂနွေ၊ ည ရး၃၅)
မော်ရင်ညိုနဲ့ အာဆင်ဝင်းဂါး ထိပ်တိုက်တွေ့နေကြပါပြီ။ လက်ရှိခြေစွမ်းအရမှာတော့ အာဆင်နယ်
ဟာ ချယ်လ်ဆီးကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ အခုပွဲမှာတော့ ပွဲတိုင်းနီးပါးဂိုးပေး ရတဲ့ အာဆင်နယ်
သေချာပေါက်ရှုံးပွဲတွေ့မယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ချယ်လ်ဆီးကို ယုံယုံ ကြည်ကြည်ရွေးချယ်လိုက်
ပါ။

၀က်စ်ဟမ်း - ကျူပီအာရ် (တနင်္ဂနွေ၊ ည ၉း၄၅)
ပြီးခဲ့တဲ့အပတ်ကလည်း ကျူပီအာရ်တို့ အဝေးကွင်းကစားရပြီး အခုလည်း အဝေးကွင်း ကစားရမှာ
ဖြစ်ပါတယ်။ ၀က်စ်ဟမ်းရဲ့ လက်ရှိခြေစွမ်းက ကျူပီအာရ်ထက် များစွာသာနေပါ တယ်။ ၀က်စ်ဟမ်း
အနိုင်ရမှာသေချာပါတယ်။



ဖတ်ရှုမှုအများဆုံး