ဂျူဗင်တပ်-ရိုးမား (တနင်္ဂနွေ၊ ည ၁၀း၃၀)
၂၀၁၄-၁၅ ရာသီ စီးရီးအေပြိုင်ပွဲသည် ပွဲစဉ်(၅)ထိ ကစားပြီးသောအခါတွင် 'ရာနှုန်း ပြည့်' ပွဲ
တိုင်းနိုင်သော အသင်းဟူ၍ လက်ရှိ ချန်ပီယံဂျူဗင်တပ်နှင့် နာမည်ကြီးရိုးမားတို့ နှစ်သင်းသာ
ရှိတော့သည်။
ထိုနှစ်သင်းသည် ယခုတစ်ပတ် ထိပ်တိုက်တွေ့ဆုံကြမည် ဖြစ်သည်။ အမှန်တကယ်တွင်
ဂျူဗင်တပ်နှင့် ရိုးမား တို့သည် ယခုလို ထိပ်တိုက်တွေ့ဆုံခြင်းသည် အချိန်အားဖြင့် စောနေ
သေးသည်။
ယခုပွဲရလဒ်သည် ချန်ပီယံဖြစ်ဖို့ အဆုံးအဖြတ် မပေး နိုင်သေးသော်လည်း ၎င်းပေါ်တွင်
သက်ရောက် မှု အနည်းနှင့်အများ ရှိလာနိုင်သည်။ သို့ကလို ကြောင့် နှစ်သင်းစလုံးတွင်
ဖိအားရှိနေပြီး ယခုပွဲကို အမှားအယွင်းနှင့် ချွတ်ချော် တိမ်းစောင်းမှု နည်းနိုင်သမျှ နည်းအောင်
ကစားသွားဖွယ် ရှိသည်။
ဂျူဗင်တပ်ရော၊ ရိုးမားပါ ချန်ပီယံလိဂ်နှင့် စီးရီးအေ ပြိုင်ပွဲနှစ်ခုစလုံးကို တစ်ပြိုင်နက် တည်း 'ဖွင့်'
ကစားနေကြပြီး နှစ်သင်းစလုံး သည် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်များတွင် ဂိုးပြတ်နိုင်ရထားသည်။
ယခုတစ်ဖန် ထို နှစ်သင်းစလုံးသည် ကြာရက်များတွင် ချန်ပီယံ လိဂ် အဝေးကွင်းပွဲစဉ်များ
ယှဉ်ပြိုင်ပြီးမှ အပြန် ခရီးတွင် ထိပ်တိုက်တွေ့ဆုံကြခြင်း ဖြစ်သည်။ သို့ရာတွင် ရိုးမားသည်
မန်စီးတီးကွင်းတွင် ကစားပြီးနောက် ဂျူဗင်တပ်ကွင်းသို့ သွား ရောက်ကစားရမည်ဖြစ်ရာ
အဝေးကွင်း နှစ်ပွဲ ဆက်နေပြီး ပွဲပမ်းသွားနိုင်ဖွယ်ရှိသည်။
ဂျူဗင်တပ်သည် ချန်ပီယံလိဂ် အပါအဝင် ခြောက်ပွဲဆက်တိုက် နိုင်ခဲ့ရာတွင် ၁၂ ဂိုး သွင်းခဲ့ပြီး
ပေးဂိုးလုံးဝမရှိသောကြောင့် ခံစစ်လုံခြံုကြောင်း ပေါ်လွင်နေသည်။ ၀ါရင့်ကွင်းလယ်ဖန်တီးရှင်
ပီယာလိုသည် ယခုထိတိုင် ပါ၀င်ကစားနိုင်ခြင်း မရှိသေးသော်လည်း ဂျူဗင်တပ်ကွင်းလယ်
စွမ်းဆောင် ရည်ပိုင်း ကျဆင်းသွားခြင်းမရှိပေ။
ဂျူဗင်တပ်တိုက်စစ်တွင် တေဗက်ဇ်- လိုရန်တေး အတွဲကို အဓိကပွဲထုတ်သော် လည်း ယခုရာသီ
မစမီ ခေါ်ယူခဲ့သည့် လူငယ် ကစားသမားများဖြစ်ကြသော ကင်စလေ ကိုးမင်း (၁၈ နှစ်)နှင့် မိုရာ
တာ (၂၁ နှစ်)တို့ကို ထည့်သွင်းပြီး ပွဲအတွေ့အကြံုရရှိစေသည်။ ပီယာလို မပါ၀င်နိုင်သေးသော
ကြောင့် မာချီစီယိုနှင့် ဗီဒဲလ်တို့သည် တစ်လှည့်စီ ရှေ့တက်ကစားရင်း တိုက်စစ်မှူးများကို နေရာ
လွတ်များနှင့် ဂိုးသွင်းခွင့်များ ဖန်တီးပေး ရသည်။ သုံးယောက်ခံစစ် ကစားကွက်ကို ကျင့်သုံးသော
ဂျူဗင်တပ်ခံစစ်ကြောင်းကို အီတလီလက်ရွေးစင်များဖြစ်ကြသော အော့ ဘွန်နာ၊ ချီနယ်လီနှင့်
ဘိုနုချီတို့ဖြင့်အထိုင်ချ ထားသည်။ တစ်ဖက်တွင် ရိုးမားသည် ဒီရော့စီ၊ ကီဗင် စထရုမင်းတို့လို
အဓိက ကွင်းလယ်လူများ ဒဏ်ရာရနေသည့်ကြားမှ စွမ်းဆောင်ရည် ကျဆင်းသွားခြင်းမရှိဘဲ
ပွဲတိုင်း နိုင်ထား သည်။
ဂျူဗင်တပ်ကဲ့သို့ပင် ရိုးမားသည်လည်း ချန်ပီယံလိဂ်တွင် CSKA မော်စကိုအသင်းကို ၅-၁ ဖြင့်
နိုင်ခြင်းအပါအဝင် ခြောက်ပွဲ ဆက်တိုက် နိုင်ထားသည်။ စီးရီးအေ ငါးပွဲ ဆက်တိုက်နိုင်ခဲ့ရာတွင်
ကိုးဂိုးသွင်းပြီး အဝေးကွင်းပွဲစဉ်၌ တစ်ဂိုးပြန်ပေးလိုက်ရ သောကြောင့် တိုက်စစ်ရော၊ ခံစစ်ပါ
စွယ်စုံ ထက်မြက်သောအသင်း ဖြစ်သည်။
ဂျူဗင်တပ်သည် ကျောထောက်နောက်ခံ၊ အစဉ်အလာ၊ အောင်ပွဲရယူလိုစိတ် ပိုမိုကြီးမား သည်။
သို့ရာတွင် ရိုးမားသည် ကစားကွက် ပုံဖော်ခြင်း၊ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထား နိုင်ခြင်း အစ
ရှိသောအပိုင်းများတွင် ဂျူဗင် တပ်ထက် ပိုမိုကောင်းမွန်သည်။ ၀ါရင့် ကွင်းလယ်လူ ဒီရော့စီ ဒဏ်ရာ
ရပြီးနောက် အသက် ၃၄ နှစ်ရှိပြီဖြစ်သော ကွင်းလယ်လူ ကီတာဖြင့် အစားထိုးပြီး 'သမ္ဘာ' ဖြင့်
'ကျားကန် လိုက်ရာ စွမ်းဆောင်ရည်ပိုင်းကျဆင်းသွား ခြင်းမရှိတာကို တွေ့ရသည်။
၄-၃-၃ ကစားကွက်ကို အသုံးပြုသော ရိုးမားတွင် ကွင်းလယ်လူသုံးယောက်က ကွက်လပ်များကို
ဖြည့်ပေးကြပြီး တောင်ပံ ကစားသမားများက အတက်အဆင်း ကစား ပေးသောကြောင့် ကစား
ကွက် 'မြိုင်'သည်။ ရိုးမားတိုက်စစ်တွင် အသစ်ခေါ်ယူထား သော အာဂျင်တီးနားတိုက်စစ်မှူး
အိုင်တာဘီ ဒဏ်ရာရနေသော်လည်း လူအင်အားတောင့် တင်းသည်။
တိုက်စစ်တွင် ဒက်စထရို (၂၃ နှစ်)၊ ဖလိုရန်ဇီ (၂၃ နှစ်)၊ ဂျာဗင်ဟို (၂၇ နှစ်)၊ အဒမ်လာဂျစ်
(၂၃ နှစ်)တို့သည် အများဆုံး ပွဲထွက်ခွင့်ရသည်။ အသင်းခေါင်းဆောင် တော့တီသည် ကွင်းလယ်
ထဲသို့ အနည်းငယ်ဆင်းပြီး ကစားကွက်ဖန်တီးရှင်နေရာမှ လူငယ်တိုက်စစ်သမားများကို ပံ့ပိုးပေး
သော ကြောင့် ရိုးမားတိုက်စစ်သည် ထိရောက် ပြင်းထန်သည်။
ရိုးမားနောက်တန်းတွင် ယခုရာသီမစမီ ခေါ်ယူခဲ့သော ဂရိနောက်ခံလူ မန်နိုလက်စ် (၂၃ နှစ်)ကို
'တည်'ပြီး ပြင်သစ်ကစားသမား ရန်ဂါအမ်ဘီဝါ (၂၅ နှစ်)၊ အီ တလီလက်ရွေးစင် ဒေးဗစ်အက်
စတိုရီ (၂၇ နှစ်)တို့ဖြင့် ဗဟို ခံစစ်ကို အထိုင်ချထားသည်။ တောင်ပံခံစစ် တွင်လည်း ၀ါရင့်
ကစားသမားများဖြစ်သော အက်ရှ်လေကိုး၊ မိုင်ကွန်တို့ကို အများဆုံး ပွဲထုတ်ထားသည်။
ခြံုကြည့်လျှင် နှစ်သင်းစလုံးသည် ရစ်သမ် မှန်ပြီး တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်း သည်။
သို့ရာတွင် ဂျူဗင်တပ်သည် အိမ်ရှင် အားသာချက်ရှိပြီး စိတ်ဓာတ်ကြ့ံခိုင်မှု ပိုကောင်း သည်။
ရိုးမားသည် ချန်ပီယံလိဂ်တွင် မန်စီးတီး ကွင်း၌ ရေကုန်ရေခမ်း ကစားထားရသော အချက်ကို
ထည့်တွက်ရမည်။ သို့ကလိုကြောင့် ယခုပွဲသည် နှစ်သင်းစလုံး ဖိအားများကာ ထိန်းကစားနိုင်
ဖွယ်ရှိသောကြောင့် ဂိုးနည်း သောပွဲ ဖြစ်လာနိုင်သည်။















