အာရှ ယူ-၁၉ ပြိုင်ပွဲတွင်၊လုံခြံုရေးတင်းကျပ်မည်

အာရှ ယူ-၁၉ ပြိုင်ပွဲတွင်၊လုံခြံုရေးတင်းကျပ်မည်

လာမည့် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ
ပြုလုပ်မည့် ၂၀၁၄ ခုနှစ် အာရှ ယူ ဪ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ လုံခြံုရေး တင်းကျပ်စွာ ချထားမည်
ဖြစ်သလို လက်မှတ် မှောင်ခိုများ မဖြစ်ပေါ်စေရန် လက်မှတ် များကို စနစ်တကျ ရောင်းချသွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြောသည်။

ပြီးခဲ့သည့် (၂၇) ကြိမ်မြောက်ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ပရိသတ် သောင်းကျန်းမှု များဖြစ်ပေါ်ခဲ့
သည့်အတွက် လာမည့်အာရှ ယူ ဪ ၁၉ ပြိုင်ပွဲတွင် လုံခြံုရေးကို တင်းကျပ် စွာ ချထားမည်ဖြစ်
ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လုံခြံုရေးတာဝန်ခံ ဦးအေးချိုက ပြောသည်။

"ဒီပြိုင်ပွဲအတွက် လုံခြံုရေးကို အထူး ပြင်ဆင်ထားပါတယ်။ ပြိုင်ပွဲအတွင်းကို အရက်သေစာ
အလွန်အမင်း သောက်စား ထားတဲ့သူတွေကို ပေးဝင်မှာမဟုတ်ပါဘူး။ လက်မှတ်မှောင်ခိုတွေကို
စိစစ်ပြီး တင်းတင်း ကျပ်ကျပ် အရေးယူသွားမှာပါ။ ဒီလို အာရှအဆင့်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ
ကျင်းပ ခွင့်ရတုံး မြန်မာနိုင်ငံက ဘောလုံးပရိသတ် တွေ စနစ်တကျ စည်းကမ်းရှိရှိ အားပေးကြ ပါ။
ပြီးခဲ့တဲ့ဆီးဂိမ်းတုန်းကလိုမျိုးမဖြစ်အောင် ပြင်ဆင်ထားပါတယ်။ လုံခြံုရေး စီမံချက် တွေကို တာဝန်
အရ ကြိုတင်ပြောခွင့်မရ ပေမယ့် ဒီညပိုင်ပွဲမှာ သောင်းကျန်းတဲ့ ပရိသတ် တွေအတွက်ကတော့
အဆိုးဆုံးရလဒ်တွေပဲ ဖြစ်လာမှာပါလို့ ကြိုတင်သတိပေးချင်ပါတယ်" ဟု ဦးအေးချိုက ပြောသည်။

ပြိုင်ပွဲကိုရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း နှင့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း များတွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အောင်ဆန်းကွင်း၊ ဏလင်းကွင်းနျင့် သုဝဏ္ဏ မိုးလုံ
လေလုံ အားကစား ခန်းမများတွင် လက်မှတ်များကို အောက်တို ဘာ ၈ ရက်မှ စတင်၍ရောင်း
ချပေးသွား မည်ဖြစ်သည်။ ပြိုင်ပွဲအတွက် လက်မှတ်များ ကို အထူးတန်းကို ကျပ် ၅,၀၀၀၊ ရိုးရိုး
တန်း ကျပ် ၂,၀၀၀ သတ်မှတ်ထားသည်။

လက်မှတ်ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက"ကျွန်တော်တို့ ဘောလုံး ပရိသတ်တွေအတွက်
အထူးလက်မှတ်တွေ ကို ရောင်းချပေးသွားမှာပါ။ ဒီလက်မှတ်က ရန်ကုန်မြို့မှာကျင်းပတဲ့ ပွဲစဉ်
အားလုံးကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီအထူးလက်မှတ် ကို ကျပ် ၅၀,၀၀၀ နဲ့ရောင်းချပေးသွား
မှာ ဖြစ်ပြီး အရေအတွက် ၂,၀၀၀ အထိ ရောင်းချ ပေးသွားမှာပါ။ ဒီအထူးလက်မှတ်ဝယ်ယူသူ
တွေကို ဂျာစီ၊ လည်စီးပုဝါ၊ ှငာ ဃမေိ တို့ကို လက်ဆောင်အနေနဲ့ ပေးသွားမှာပါ" ဟု ပြောသည်။

လက်မှတ်မှောင်ခို မဖြစ်ပေါ်ရေးအတွက် လက်မှတ်များကို မှတ်ပုံတင်ကတ် ဖြင့် ရောင်းချပေးသွား
မည်ဖြစ်သည်။ ပွဲမတိုင်မီရက်များတွင် မှတ်ပုံတင်တစ်ခုဖြင့် လက်မှတ်နျစ်စောင် ၀ယ်ယူနိုင်မည်
ဖြစ်ပြီး ပွဲရက်များတွင် မှတ်ပုံတင်တစ်ခုကို လက် မှတ် တစ်စောင်သာ ရောင်းချပေးသွားမည်ဖြစ်
သည်။

ပြိုင်ပွဲတွင်အသင်း ၁၆ သင်း ပါ၀င်ယှဉ်ပြိုင် မည်ဖြစ်ပြီး အိမ်ရှင်မြန်မာ ယူ - ၁၉ အသင်း သည်
ပြိုင်ပွဲ၏ အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်
ရှိသည်။



ဖတ်ရှုမှုအများဆုံး