Grand Royal Whisky နှင့် အင်္ဂလန်ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး ဘောလုံး အသင်း
တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ နိုင်ငံရှိ လူငယ်ဘောလုံးဝါသနာရှင်များ အတွက် ဘောလုံး
သင်တန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏမြက်
ခင်းတုကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချယ်လ်ဆီးလူငယ်အကယ်ဒမီအသင်း မှ နည်းပြသုံးဦးသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့
ချုပ်အသင်း၊ Grand Royal အသင်း၊ တက္ကသိုလ်အသင်းစသော အသင်းရှစ်သင်း ကို
သုံးရက်တာဘောလုံးနည်းစနစ်များကို သင်ကြားပေးခဲ့ကြသည်။
ချယ်လ်ဆီးအကယ်ဒမီအသင်း၏ နည်းပြတစ်ဦးဖြစ်သူ ဒေးဗစ်ပေါလ်မာ့ခ်က "ကျွန်တော်
မြန်မာ့ယူ ဪ ၁၉ အသင်းရဲ့ ကစားပုံတွေကို ကြည့်ရှုခဲ့ရပါတယ်။ တကယ့်အံ့ဩဖွယ်
ကစားကွက်နဲ့ကစားနိုင်တာကို တွေ့ရပါ တယ်။ မြန်မာ့ဘောလုံးလူငယ်တွေရဲ့ အားနည်း
ချက်တွေကို သေချာသုံးသပ်ပြီး နောက်တစ်ခေါက်မှာ အကောင်းဆုံးပံ့ပိုး နိုင်အောင် ကြိုး
စားသွားမှာပါ" ဟု ပြောသည်။
"ဒီလိုကြီးကျယ်ခမ်းနားတဲ့ ချယ်လ်ဆီး လို ဘောလုံးအသင်းမျိုးနဲ့ အကျိုးတူ ပူးပေါင်းပြီး
မြန်မာ့လူငယ်များ ဘောလုံး နည်းပညာ တိုးတက်ရေးအတွက် အခွင့်အလမ်းများ
ယူဆောင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်"ဟု IBTC မှ အမှုဆောင်ဒါရိုက်တာ
ဦးတင်ဦးက ပြောသည်။














