ယူရို ၂၀၁၆ အိပ်မက်မက်နေတဲ့ ယူကေနဲ့ အိုင်ယာလန်အသင်းတွေ

ယူရို ၂၀၁၆ အိပ်မက်မက်နေတဲ့ ယူကေနဲ့ အိုင်ယာလန်အသင်းတွေ

ယူရို ၂၀၁၆ ပြိုင်ပွဲက ထူးခြားတဲ့ပြိုင်ပွဲတစ်ခု ဖြစ်နေတော့ ဥရောပတိုက်ပေါ်က အလတ်အသင်းတွေ
ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၀င်ခွင့် ရနိုင်ဖို့အတွက် အိပ်မက်မက်လျက်ရှိနေကြ ပါတယ်။ အရင်က ၁၆
သင်းပဲ ပြိုင်ပွဲဝင်ရတဲ့ ယူရိုပြိုင်ပွဲဟာ လာမယ့်ယူရို ၂၀၁၆ ပြိုင်ပွဲက စတင်ပြီး ၂၄ သင်းယှဉ်ပြိုင်တဲ့
ပြိုင်ပွဲဖြစ်လာ တော့မှာဖြစ်ပါတယ်။

အိမ်ရှင်ပြင်သစ်နဲ့အတူ ခြေစစ်ပွဲအောင်ဖို့ ၂၃ သင်းတို့က အပြိုင် ကြိုးစားလျက်ရှိနေတာပါ။
ခြေစစ်ပွဲက အုပ်စုကိုးစုရှိပြီး အုပ်စုပထမနဲ့ အုပ်စုဒုတိယ ရတဲ့အသင်း ၁၈ သင်းက ခြေစစ်ပွဲ
တိုက်ရိုက် အောင်မြင်မှာ ဖြစ်ပါတယ်။ ပြီးရင် အုပ်စု တတိယရတဲ့ အသင်းကိုးသင်းထဲက
အကောင်း ဆုံး အုပ်စုတတိယရတဲ့ အသင်းကလည်း ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်မှာ
ဖြစ်ပါ တယ်။

ပြီးရင် အုပ်စုတတိယရတဲ့ အသင်းရှစ်သင်းဟာ ထပ်ဆင့်ခြေစစ်ပွဲကို အပြန်အလှန်နှစ်ပွဲကစားပြီး အနိုင်ရတဲ့အသင်းလေးသင်းက ခြေစစ်ပွဲအောင်မြင်မှာဖြစ်တာ ကြောင့် ဥရောပရဲ့ အလယ်အလတ်
အသင်းတွေဟာ အိပ်မက်မက်နေကြတာ ဖြစ်ပါ တယ်။ အနည်းဆုံး အုပ်စုတတိယရအောင်တော့
အသင်းတိုင်းက ကြိုးစားလာတော့မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ အင်္ဂလန်နဲ့အတူရှိနေတဲ့ ယူကေက
စကော့တလန်၊ ဝေလ၊မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်အသင်းတို့ဟာလည်း အပါအဝင်ပဲ ဖြစ်
ပါတယ်။

ယူကေအသင်းထဲမှာ အင်္ဂလန်အသင်းသာ ပြိုင်ပွဲတိုင်းအတွက် စိတ်ဝင်စားစရာဖြစ် ခဲ့ပေမယ့်
ကျန်တဲ့အသင်းလေးသင်းကတော့ ထင်ရှားခဲ့ကြတာမဟုတ်ပါဘူး။ အိုင်ယာလန် အသင်းသာ
အင်္ဂလန်နဲ့အတူ ပြိုင်ပွဲတချို့မှာသာ ပါ၀င်နိုင်တဲ့အသင်းဖြစ်ခဲ့ပါတယ်။ အိုင် ယာလန်နောက်မှာ
စကော့တလန်ရှိခဲ့ပြီး မြောက်အိုင်ယာလန်နဲ့ ဝေလတို့ဟာ ယူရို ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ခြင်းမရှိကြ
သေးတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန် နဲ့အတူ အိုင်ယာလန်၊ ဝေလ၊ စကော့တလန်၊မြောက်အိုင်ယာလန်တို့ဟာ ယူရို
၂၀၁၆ ပြိုင်ပွဲကို ၀င်ခွင့်ရဖို့ အိပ်မက်နေကြတာဖြစ် ပါတယ်။ အိုင်ယာလန်နဲ့ စကော့တလန်တို့ဟာ
ဂျာမနီ၊ ပိုလန်တို့နဲ့အတူ အုပ်စုမှာအတူကျနေတာကြောင့် အတူတကွခြေစစ်ပွဲအောင်ဖို့ ကတော့
အခွင့်အရေးက နည်းကောင်း နည်း နေဖွယ်ရှိပါတယ်။ အင်္ဂလန်အသင်းဟာ ဘရာဇီးလ်ကမ္ဘာ့
ဖလားပွဲမှာ အောင်ဖျာလိပ်အိမ်ပြန်စောခဲ့ ပေမယ့်ယူရို ၂၀၁၆ ခြေစစ်ပွဲပွဲဦးထွက်မှာ တော့ ဆွစ်ဇာ
လန်အသင်းကို အဝေးကွင်းမှာ အနိုင်ရပြီး တာထွက်လှသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယား၊ ဆမ်မာရီနို
တို့နဲ့အတူ ကျနေတာပါ။ အင်္ဂလန် ရဲ့ အဓိကပြိုင်ဘက်က ဆွစ်ဇာလန်ဖြစ်ပြီး ဆွစ်ဇာလန်ကိုအဝေး
ကွင်းမှာ အနိုင်ရလိုက် တဲ့အတွက် အင်္ဂလန်အနေနဲ့ ခြေစစ်ပွဲမအောင်စရာအကြောင်းမရှိပါဘူး။
အုပ်စုပထမ မရခဲ့ရင်တောင် အုပ်စုဒုတိယတော့ အင်္ဂလန်သေချာပေါက်ရမှာ ဖြစ်ပါတယ်။အင်္ဂလန်
အနေနဲ့ စိတ်ပူစရာမရှိတဲ့ ခြေစစ်ပွဲပဲ ဖြစ်ပါတယ်။ အင်္ဂလန်လိုပဲ ဥရောပရဲ့ထိပ်သီး အသင်းတွေဖြစ်
တဲ့ ဂျာမနီ၊ စပိန်၊ အီတလီ၊ဟော်လန်၊ ပေါ်တူဂီ၊ ရုရှားတို့ဟာ ခြေစစ်ပွဲ မအောင်မှာ မပူရတဲ့ ခြေစစ်ပွဲ
ပုံစံသစ်ပဲဖြစ်ပြီး အလယ်အလတ်အသင်းတွေ ကြိုးစားခွင့်ပေး ထားတဲ့ ခြေစစ်ပွဲဖြစ်ပါတယ်။

ယူနိုက်တက် ကင်းဒမ်းမှာ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၀င်ခွင့်ရမှာသေချာပေမယ့်
စကော့တလန်၊ ဝေလနဲ့ မြောက်အိုင်ယာလန် တို့ကတော့ အသေအလဲ ကြိုးစားရတော့မှာ ဖြစ်ပါ
တယ်။ ခြေစစ်ပွဲ ပွဲဦးထွက်ကစားအပြီး မှာတော့ ယူကေနဲ့ အိုင်ယာလန်အသင်းတွေဖြစ်တဲ့ အိုင်ယာ
လန်၊ ဝေလ၊ မြောက်အိုင်ယာ လန်၊ အင်္ဂလန်အသင်းတွေဟာ အဝေးကွင်း တွေမှာ နိုင်ပွဲအသီးသီး
ရရှိခဲ့ကြပြီး စကော့ တလန်အသင်းပဲ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။ အခုပွဲစဉ်(၂)မှာတော့ အားလုံး
အိမ်ကွင်းတွေ မှာ အသီးသီးလက်ခံကစားရတော့မှာဖြစ်လို့ ဒုတိယမြောက်နိုင်ပွဲရနိုင်ဖို့အတွက်
အားလုံး စိတ်အားထက်သန်လျက်ရှိနေပါတယ်။

ဟန်ဂေရီကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ မြောက်အိုင်ယာလန်အသင်း တိုက်စစ်မှူး လာဖာတီက
တော့ အစွမ်းကုန်ကြိုးစားပြီး အမှတ်တွေရအောင်ယူရမယ်လို့ ကြံုးဝါးသွားခဲ့ပါတယ်။ ပွဲစဉ်(၁)မှာ
မြောက်အိုင်ယာလန်ဟာ ဟန်ဂေရီကို အဝေးကွင်းမှာ ၂ဪ၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အသင်းအဆင့်အတန်းအရ၊ ပွဲစဉ်အနေအထားအရမှာ ဟန်ဂေရီက သာလွန်ခဲ့ပေမယ့် အိမ်ကွင်းမှာ
ဟန်ဂေရီဟာရှုံးနိမ့်သွားလို့ ဟန်ဂေရီနည်းပြ လည်း အထုတ်ခံလိုက်ရပါတယ်။ ဟန်ဂေရီက
ဦးဆောင်ဂိုးကို ရ၅ မိနစ်မှာ သွင်းခဲ့ပြီးမှ မြောက်အိုင်ယာလန်က ချေပဂိုးနဲ့ အနိုင်ဂိုး တွေကို မိနစ်
၈၀ ကျော်မှာ သွင်းခဲ့တာဖြစ်ပါ တယ်။ ဟန်ဂေရီက တောက်လျှောက်ဖိကစား ထားတာကို မြင်
တွေ့ကြရမှာပါ။

ပြီးတော့ သူတို့ဂိုးသွင်းတော့ ပျော်နေတာကို မြင်တွေ့ရ မှာပါ။ ကျွန်တော်တို့ ဂိုးပြန်သွင်းတဲ့အခါမှာ
တော့ သူတို့ပိုပြီးစိတ်ပျက်သွားတာက အခုလိုနိုင်ပွဲရဖို့ တွန်းအားဖြစ်သွားတာပဲဖြစ်ပါတယ်လို့
နည်းပြ မိုက်ကယ်အိုနီးလ်က အဲဒီပွဲအဖြစ် အပျက်ကို ပြောဆိုသွားတာတွေ့ရပါတယ်။ စိတ်ဓာတ်
ပိုင်းအားသာချက်က အဆုံးအဖြတ်ဖြစ်တယ်ဆိုတာကို ပြသသွားတာပါ။ ယူကေအသင်းထဲမှာ
မြောက်အိုင်ယာလန်ဟာ အားအနည်းဆုံးအသင်း ဖြစ်ပါတယ်။


 

ဒါပေမဲ့ လျှော့တွက်လို့မရတဲ့ စိတ်ဓာတ်က သူတို့ရဲ့ အင်အားဖြစ်ပါတယ်။ အသင်းကိုကြည့်လိုက်
ရင် ၀က်စ်ဘရွန်းကစားသမားတွေ များနေတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ၀က်စ်ဘရွန်း
ကွင်းလယ်သမား ခရစ်ဘရန့်၊နောက်တန်းသမား မက်အူလေနဲ့ ခရစ်ဘာ့ဒ် တို့ဟာ ဆောက်သမ်
တန်ကွင်းလယ်သမား ဒါဗီးစ်နဲ့အတူ အဓိကကျတဲ့ကစားသမားတွေပဲ ဖြစ်ပါတယ်။

တခြားကစားသမားတွေဟာ လိဂ်ချန်ပီယံရှစ်နဲ့ အခြားအောက်တန်းက ကစားသမားတွေဖြစ်ကြပေ
မယ့် အသင်းက စုစည်းမှုရှိတဲ့ အသင်းငယ်လေးပဲဖြစ်ပါတယ်။ မြောက်အိုင်ယာလန်ရဲ့ အုပ်စုကို
ကြည့်လိုက် ရင် ဂရိ၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဖင်လန်နဲ့ ဖာရိုးကျွန်းစုတို့ ပါ၀င်နေတာကြောင့်
မြောက် အိုင်ယာလန်အနေနဲ့ အုပ်စုဒုတိယ ဒါမှမဟုတ် အုပ်စုတတိယရရေးတို့ဟာ သူတို့ရဲ့အဓိက
ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

ပွဲဦးထွက် ဟန်ဂေရီကို အဝေးကွင်းမှာ အနိုင်ရလိုက် ခြင်းဟာ သူတို့အတွက် အင်အားဖြစ်သွားစေ
ခဲ့ပြီး ပွဲစဉ်(၂)က ဖာရိုးကျွန်းစုနဲ့ အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့်မြောက်အိုင်ယာလန်ဟာ
နှစ်ပွဲကစားအပြီးမှာ ခြောက်မှတ်ရပြီး ခြေစစ်ပွဲအောင်ဖို့ အိမ်မက်က အပြည့်အဝ ဖြစ်လာတော့မှာ
ပါ။ နောက်ထပ်အားနည်းတဲ့အသင်းက ဝေလ အသင်းပဲဖြစ်ပါတယ်။ မြောက်အိုင်ယာလန်လိုပဲ
ယူရိုပြိုင်ပွဲကို ၀င်ရောက်ကစားခွင့်တစ်ကြိမ်မှ မရရှိခဲ့သေးတဲ့ ယူကေအသင်းပဲ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ခရစ်ကိုးလ်မင်း နည်းပြနေတဲ့အသင်းဖြစ်ပါတယ်။ နည်းပြ
မာ့ဟုချ်လက်ထက်မှာ တုန်းကတော့ ဝေလဟာ ရိုင်ယန်ဂစ်ဪဘယ် လာမီတို့အားနဲ့ ကမ္ဘာ့
ဖလားကို ခြေစစ်ပွဲ အောင်လုလုအခြေအနေမျိုး ရောက်ခဲ့ပေ မယ့်အောင်မြင်မှုမရခဲ့ပါဘူး။

အခုတစ်ခါတော့ ဝေလတွေလည်း ပြင်သစ်ယူရိုပြိုင်ပွဲ ၀င်ခွင့်အတွက် စိတ်အားထက်သန်နေခဲ့
ကြပါတယ်။ ပွဲစဉ်(၁)မှာ အင်ဒိုရာအသင်း ကိုအဝေးကွင်းမှာ ခက်ခက်ခဲခဲကစားပြီး အနိုင်ရလိုက်
ချိန်မှာ အုပ်စုတွင်းက အဓိက အသင်း ဘော့စနီးယားက ဆိုက်ပရပ်စ်ကို မထင်မှတ်ဘဲရှုံးသွားတဲ့
အတွက် ဝေလတို့ရဲ့ စိတ်ကူးတွေက မြင့်တက်သွားခဲ့ပါတယ်။ ဝေလတွေဟာ အင်ဒိုရာအသင်း
လေးကို အလွယ်တကူတော့အနိုင်မရခဲ့ပါဘူး။ အင်ဒိုရာ ဂိုးစသွင်းပြီး ဦးဆောင်သွားတာကို
ဝေလအသင်းရဲ့ အဓိကကစားသမား ဂါရတ်ဘေးလ် က ၂၂ မိနစ်မှာ ချေပဂိုးသွင်းလို့ သရေကျပြီး
နောက်ပိုင်း ဝေလအသင်း ဂိုးမသွင်းနိုင်ဖြစ် နေတာက မိနစ် ၈၀ အထိပဲဖြစ်ပါတယ်။

အဲဒီ နောက်မှ ဂါရတ်ဘေးလ်ရဲ့တစ်ကိုယ်တော် ဖရီးကစ်အစွမ်းကြောင့် ဝေလ နိုင်ပွဲရသွားတာ
ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ဂါရတ်ဘေးလ်ပြောသွားတာက "အင်ဒိုရာဟာ ခံစစ်ကိုဦးစားပေး ပိတ်
ဆို့ကစားလိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင်တွက်ဆထားခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ
ကျွန်တော်တို့အသင်းလိုက် ကြိုးစား ကစားသွားနိုင်တာကို ပြသလိုက်တဲ့အတွက် ၀မ်းသာရပါ
တယ်။ ယုံကြည်မှုစိတ်ဓာတ်၊ အသင်းလိုက်ကစားဟန်တို့က အခုလိုနိုင်ပွဲ တွေ့တာဖြစ်ပါတယ်လို့
ပြောဆိုသွားခဲ့ပါ တယ်။ တကယ်တမ်း ဝေလရဲ့အုပ်စုကို ကြည့်လိုက်ရင် ဝေလဟာ အုပ်စုဒုတိယ
ရဖို့ တောင် တော်တော်လေးကစားယူရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အုပ်စုမှာ
ဘယ်လ်ဂျီယံနဲ့ ဘော့စနီးယားတို့လို ထိပ်တန်းအသင်းကြီးတွေ ပါ၀င်နေလို့ပဲ ဖြစ်ပါတယ်။

ပြီးတော့ အလယ်အလတ် အသင်းအနေနဲ့ အစ္စရေးလည်း ရှိနေတာ ကြောင့် တိုက်ရိုက်ခြေစစ်ပွဲ
အောင်ရေးထက် အုပ်စုတတိယရရေးဟာ ဝေလတို့ရဲ့ ရည်မှန်း ချက်ဖြစ်ဖွယ်ရှိပါတယ်။ အဓိကပြိုင်
ဆိုင်ရ မှာက အစ္စရေးနဲ့ဆိုက်ပရပ်စ်တို့ပဲဖြစ်ပါ တယ်။ ဘယ်လ်ဂျီယံထံက အမှတ်တွေမရနိုင် သည့်
တိုင်အောင် ဘော့စနီးယားထံက နှစ်ပွဲ ကို နှစ်မှတ်ရအောင်ကစားနိုင်ဖို့တော့ လိုအပ် နေခဲ့ပါတယ်။

ဝေလမှာ အဓိက ကစားသမား တွေက ရီးယဲလ်မက်ဒရစ်ရဲ့ ဂါရတ်ဘေးလ်၊ အာဆင်နယ်ရဲ့ ရမ်ဆေး၊
လီဗာပူးရဲ့ အယ်လင် နဲ့ ဆွမ်ဆီးနောက်တန်းသမားတွေဖြစ်တဲ့ ၀ီလျှံ၊ ဒါဗီးစ်တို့ပဲဖြစ်ပါတယ်။ ဝေလ
အနေနဲ့ အိမ်ကွင်းငါးပွဲမှာ အခွင့်ကောင်းတွေ ယူနိုင် အောင် ကစားနိုင်ရင်တော့ ပြင်သစ်ကိုသွား
ရမှာပဲဖြစ်ပါတယ် အိုင်ယာလန်နဲ့ စကော့တလန်တို့ကတော့ တစ်အုပ်စုတည်းအတူကျနေပြီး အုပ်စု
ဒုတိယ နဲ့ တတိယနေရာတွေရဖို့အတွက်တော့ ပိုလန် ကို အဓိကပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အုပ်စု
တွင်းက ဂျာမနီကိုတော့ ဘယ်လိုမှယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ပိုလန်ကိုအကျပ်ရိုက်အောင် ကစားနိုင်
ဖို့ အိုင်ယာလန်နည်းပြ မာတင်အိုနီးလ်နဲ့ စကော့တလန်နည်းပြ ဂေါ်ဒွန်စထရာချန်တို့ အရည်အသွေး
ကိုစောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။

အိုင်ယာလန်ရော စကော့တလန်ပါ ယူရို ပြိုင်ပွဲကစားဖူးတဲ့အသင်းတွေပဲဖြစ်ပါတယ်။ အိုင်ယာလန်
ဆိုရင် ပြီးခဲ့တဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲကို ၀င်ခွင့်ရခဲ့ပါတယ်။ အခုလည်း အိုင်ယာလန်ဟာ ပွဲစဉ်(၁)မှာ
ဂျော်ဂျီယာကို အဝေးကွင်းမှာ အနိုင်ကစားထားခဲ့ပါတယ်။ ၁-၁ သရေနဲ့ ပြီးမယ်ထင်ထား
ပေမယ့် နောက်ဆုံးမိနစ်မှာ အဲဗာတန် ကွင်းလယ်သမား မက်ဂီဒီက အိုင်ယာလန်အတွက် အနိုင်
ဂိုးကိုသွင်းသွားခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်အသင်းမှာ အဲဗာတန်ကစားသမားတွေဖြစ်တဲ့ မက်ဂီဒီ၊ မက်ကာသီ၊ ကိုးလ်မင်းတို့နဲ့
စတုတ်ကစားသမားတွေ ဖြစ်တဲ့ ၀ီလ်ဆင်၊ ၀ီလန်၊ ဝေါ်လ်တာစ်၊ ၀ါ့ဒ်တို့ ဟာ အဓိကကစားသမား
တွေဖြစ်ပြီး ဆန်းဒါး လန်းရဲ့ အိုရှေး၊ ဟားလ်စီးတီးရဲ့ မက်ကွင်းတို့ အဓိက ကစားနေတာဖြစ်ပါတယ်။

နောက်တန်း နဲ့ ကွင်းလယ်က မာကျောတဲ့အသင်းဖြစ်ပါ တယ်။ အိုင်ယာလန်ဟာ ဂျာမနီနဲ့အတူ
ခြေစစ်ပွဲ တိုက်ရိုက်အောင်နိုင်ခြေရှိတဲ့အသင်းပဲ ဖြစ်ပါတယ်။ စကော့တလန်ကတော့ အိုင်ယာလန်
လောက် မတောင့်တင်းပါဘူး၊ ဒါရင်း ဖလက် ချာ ဦးဆောင်တဲ့ ကစားသမားတွေကြည့် လိုက်ရင်
နေးစမစ်၊ အလန်ဟန်တန်၊ နော်ဝစ်ချ် ကစားသမားတွေဖြစ်တဲ့ ရပ်ဆဲလ်မာတင်၊ခရစ်မာတင်၊ ၀က်စ်
ဘရွန်းကွင်းလယ်သမား မော်ရစ်ဆင်တို့ ကစားနေကြတာပါ။ ပွဲဦးထွက် မှာ ဂျာမနီကို ရှုံးခဲ့ပေမယ့်
ဂိုးပြတ်မရှုံးဘဲ ဂျာမနီ ခက်ခက်ခဲခဲကစားသွားခဲ့ရပါတယ်။

လာမယ့်ပွဲစဉ်(၂)ဟာ စကော့တလန်အတွက် အရေးကြီးတဲ့ပွဲပဲ ဖြစ်ပါတယ်။ ဂျော်ဂျီယာနဲ့ ကစား
ရမှာဖြစ်ပြီး ဒီပွဲနိုင်လိုက်ရင် စကော့ တစ်ရှ်တွေ အိပ်မက်မက်ခွင့်ရသွားမှာပဲ ဖြစ်လို့ ပွဲစဉ်(၁)မှာ
နိုင်ပွဲတွေအများအပြားရခဲ့တဲ့ ယူကေနဲ့ အိုင်ယာလန်အသင်းတွေရဲ့ ပွဲစဉ် (၂)ဟာ နောက်ထပ်ခြေ
လှမ်း တစ်လှမ်း အတွက်အရေးပါတဲ့ ပွဲစဉ်ဖြစ်လာနေတယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး