၂၀၁၄ ကမ္ဘာ့ဖလားတွင် ကျဆင်းခဲ့ရသော အီတလီအသင်း၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်
ဆယ်နိုင်ရန် အီတလီဘောလုံး အဖွဲ့ချုပ်အနေဖြင့် ဂျူဗင်တပ်နည်းပြဟောင်း အန်တိုနီယိုကွန်တီကို
နည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ် ကြောင်း ဟော်လန်၊ နော်ဝေ
တို့ကို အနိုင်ရ ခြင်းဖြင့် သက်သေပြနိုင်ခဲ့သည်။
ကွန်တီသည် အီတလီနည်းပြ တာဝန်ကို လက်ခံပြီးနောက် ရက်ပိုင်းသာခြားကာ စက်တင်ဘာ ၁
ရက်တွင် လက်ရွေးစင်ကစား သမားများနှင့် လေ့ကျင့်ခန်းဆင်းခဲ့ပြီး စက်တင်ဘာ ၄၊ ၉ ရက်များတွင်
ချစ်ကြည်ရေး ပွဲနှင့် ခြေစစ်ပွဲများကစားခဲ့ရသောကြောင့် လေ့ကျင့်ပြင်ဆင်ချိန် တိုတောင်းခဲ့သည်။
သို့ရာတွင် အီတလီခြေစွမ်းမှာ အားရစရာရှိသည်ဟု ကောက်ချက်ဆွဲမိသည်။ နည်းပြအတွေ့အကြံု
ရှိသော ကွန်တီသည် နယ်သာလန်နှင့် ခြေစမ်းပွဲအတွက် အားချင်းပင် ကစားသမား ၁၁ ယောက်
အထိုင်ချလိုက် သည်။ ၎င်းတို့သည် အချိတ်အဆက်မိမိ ခြေစွမ်း ပြနိုင်သောအခါတွင် ထိုပွဲထွက်
ကစားများ အတိုင်း (ပွဲပယ်ခံရသော ကွင်းလယ်စတား မာချီစီယိုမှ လွဲ၍)နော်ဝေနှင့်ပွဲတွင် ထပ်မံ
ထည့်သွင်းကစားစေခဲ့ရာ အောင်မြင်ခဲ့သည်။ ကွန်တီသည် ဂျူဗင်တပ်ကို ကိုင်တွယ်စဉ် က အောင်
မြင်ခဲ့သော ၃-၅-၂ ကစားကွက်ကို အီတလီ လက်ရွေးစင်အသင်းတွင်လည်း သယ်ဆောင်ကျင့်သုံး
သည်။
နောက်ခံလူ သုံးယောက်ထားသောစနစ်သည် ထိရောက်မှု ရှိပြီး ရာနော့ချီယာ၊ ဘိုနုချီနှင့် ဒေးဗစ်
အက်စတိုရီတို့ ပါ၀င်သော သုံးယောက်ခံစစ်ကြောင်းသည် ဟော်လန်နှင့် နော်ဝေ တိုက်စစ်မှူးများ၏
အစွမ်းထက်မြက်မှုများကို အ တွဲ ညီညီ ချေဖျက်နိုင်ခဲ့သည်။ အထူးသဖြင့် တစ်ချိန်က ဘာရီအသင်း
တွင် အတူတွဲကစားခဲ့ဖူးသော ဘိုနုချီနှင့် ရာနော့ချီယာတို့သည် နားလည်မှုကောင်းသောကြောင့်
အီတလီခံစစ်ကြောင်းသည် ကျစ်လျစ်သိပ်သည်းမှုရှိခြင်း ဖြစ်သည်ဟု ဂျူဗင်တပ် နောက်ခံလူ
ဘိုနုချီကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည်။
၎င်းနှင့်အတူ ဒေးဗစ် အက်စတိုရီကလည်း နားလည်မှု တည်ဆောက် နိုင်ခဲ့သောကြောင့် အီတလီ
ခံစစ်ကြောင်း လုံခြံုမှု ရှိခဲ့သည်။ နည်းပြကွန်တီလက်ထက်၌ အီတလီအသင်းသည် ကွင်းလယ်
ကစားကွက်ကောင်း သော်လည်း လူအခင်းအကျင်းပိုင်းတွင် အပြောင်းအလဲများ ရှိသည်။
ပြီးခဲ့သော ပွဲစဉ် များတွင် ဂျူဗင်တပ်ကွင်းလယ်စတား ပီယာလို သည် ဒဏ်ရာကြောင့် မပါ၀င်နိုင်ဘဲ
မာချီစီယို လည်း ပွဲပယ်ခံထားရသောကြောင့် နော်ဝေနှင့်ပွဲကို လွဲချော်ခဲ့သည်။ သို့ကလိုကြောင့်
ရိုးမားကွင်းလယ်လူ ဒီရော့စီက ကွင်းလယ်ကို အဓိကထိန်းကျောင်းသွားသည်။ ကွင်းလယ်ဗဟို
တွင် ဒီရော့စီ၊ ဂီယာချီရီနီ နှင့် ဖလိုရန်ဇီတို့သည် အချိတ်ဆက်မိခဲ့ကြ သည်။ တစ်ဖန် တောင်ပံ
ကစားသမားများ ဖြစ်သော ဒါမီယံ၊ ဒီဆစ်ဂလီယိုတို့နှင့် စနစ် တကျ ချိတ်ဆက်နိုင်ခဲ့သည်။
၃-၅-၂ ပုံစံ ကျင့်သုံး အီတလီအသင်းတွင် တောင်ပံကစားသမားများသည် တောက်လျှောက်
အတက်အဆင်း ကစားပေးနေရ၍ ၎င်းတို့ ကြောင့် လစ်ဟာသွားသော ကွက်လပ်များကို ကွင်းလယ်
ကစားသမားများက နားလည်မှု ရှိရှိ၊ အချိတ်အဆက်မိမိ ၀င်ရောက်ဖြည့်ဆည်း နိုင်ဖို့ လွန်စွာ
အရေးကြီးသည်။
အီတလီ ကွင်းလယ်တွင် ၀ါရင့်လူ ဒီရော့စီ၊ ဂီယာချီရီနီ နှင့် ဖလိုရန်ဇီတို့သည် တောင်ပံလူများ၏
ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ကြသည်။ ယခုတစ်ခေါက် ကစားမည့် ခြေစစ်ပွဲများ တွင်
မာချီစီယို ပြန်လည်ပါ၀င်လာမည် ဖြစ် သော်လည်း ဒီရော့စီနှင့် ဂီယာချီရီနီတို့ လွဲချော် မည်
ဖြစ်သည်။
အထူးသဖြင့် ဘေူူတငညညနမ နေရာတွင် ကစားသော ဒီရော့စီနေရာကို ၀င်ရောက်မည့်သူသည်
ဖိအားများသည်။ သို့ကလိုကြောင့် အီတလီကွင်းလယ်တွင် လူအပြောင်းအလဲများ ဖြစ်လာဖွယ်ရှိပြီး
နည်း ပရိယာယ်ပိုင်း တည်ငြိမ်ကောင်းမွန်မှုကို ထိခိုက် သွားမည်လောဟု စိုးရိမ်မှုများရှိသည်။
သို့ရာ တွင် နည်းပြကွန်တီအနေဖြင့် ကွင်းလယ် အတွေ့အကြံုပိုင်းကို 'ကာမိ'စေရန် ပီအက်စ်ဂျီ
ကွင်းလယ်လူ သီယာဂိုမော့တာကို ပြန်လည် ခေါ်ယူထားသည်။ အီတလီနည်းပြဟောင်း ပရန်ဒယ်
လီက လည်း ကွန်တီသည် အီတလီလက်ရွေးစင်အသင်းအတွက် အသင့်လျော်ဆုံးနည်းပြ ဖြစ်သည်
ဟု ချီးကျူးကာ အီတလီဘောလုံး လောကအတွက် စိတ်အားတက်ကြွစရာ အများအပြား တွေ့ရ
သည်ဟု ပြောဆိုခဲ့သည်။
နည်းပြကွန်တီ လက်ထက်တွင် အရေးပါ သော အပြောင်းအလဲအဖြစ် နာမည်ကျော် တိုက်စစ်မှူး
ဘာလိုတယ်လီကို ပြတ်သားစွာ 'ခေါက်'ထားလိုက်သည်။ ကစားပြီးခဲ့သော ဟော်လန်၊ နော်ဝေနှင့်
ပွဲများတွင်လည်း ဘာလို တယ်လီကို ရွေးချယ်ခြင်း မပြုခဲ့သလို ယခု တစ်ခေါက် ခြေစစ်ပွဲများအတွက်
လည်း ဘာလို တယ်လီကို ချန်လှပ်ထားခဲ့သည်။
အီတလီအသင်းသည် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင်
အိမ်ကွင်း၌ အဇာဘိုင်ဂျန်နှင့် ယှဉ်ပြိုင်ပြီး နောက် အောက်တိုဘာ ၁၃ ရက်တွင် အဝေး ကွင်း၌
မော်လ်တာနှင့် ကစားရမည်ဖြစ်သည်။ နည်းပြကွန်တီသည် တိုက်စစ်မြားဦးတွင် 'အထောင်'
တိုက်စစ်မှူးတစ်ဦးသာ 'တင်'ကစား သော ပုံစံကို အကြိုက်မတွေ့ဘဲ တိုက်စစ်မှူး နှစ်ယောက်
ထည့်သွင်းကာ ဂိုးရရှိရေး တာဝန် များကို ခွဲဝေယူစေခြင်းဖြင့် တိုက်စစ်ကစားဟန် ကို မြှင့်တင်
ခဲ့သည်။
ပြီးခဲ့သော ပွဲစဉ်များတွင် ဆက်စူလိုတိုက်စစ်မှူး ဆီမြွန်နီဇာဇာ (၂၃ နှစ်) နှင့် ဒေါ့မွန်တွင် ခြေစွာနေ
သော အင်မိုဘီလီ (၂၄ နှစ်)တို့ကို ပွဲထုတ်ခဲ့ရာ၌ ၎င်းတို့သည် တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြသည်။
သို့ကလို ကြောင့် ယခုခြေစစ်ပွဲများတွင်လည်း ၎င်းတို့ နှစ်ယောက်ကိုသာ ပွဲထွက်တိုက်စစ်မှူးများ
အဖြစ် ထည့်သွင်းကစားဖွယ်ရှိသည်။ ဆီမြွန်နီဇာဇာနှင့် အင်မိုဘီလီတို့သည် ပါ၀ါရှိပြီး ရွေ့လျားနေ
ရာယူမှု ကောင်းမွန် သည်။
ကွင်းလယ်ထဲ တစ်လှည့်စီ ဆင်းကစား ပြီး နေရာကွက်လပ်များရအောင် ကြိုးစားလေ့ရှိသည်။
၎င်းတို့နှစ်ယောက်စလုံးသည် ဘာလိုတယ်လီကဲ့သို့ နာမည်ကြီးသူမဟုတ်သောကြောင့် ဖိအား
နည်းပြီး နည်းပြလိုချင် သော ပုံစံအတိုင်း အံဝင်ခွင်ကျရှိအောင် ကစား ပေးသောကြောင့် အီတလီ
တိုက်စစ်သည် စွမ်းဆောင်ရည်ပိုင်း မြင့်တက်လာသည်။
တစ်နည်းအားဖြင့် ဘာလိုတယ်လီကို 'အထောင်' တိုက်စစ်မှူးအဖြစ် မြားဦးတွင် ထားခဲ့လျှင်သော်မှ
အီတလီတိုက်စစ် ထိရောက်ထက်မြက်မှု မြင့်မားချင်မှ မြင့်မား ပေလိမ့်မည်။ နည်းပြကွန်တီက
အီတလီအသင်းတွင် မည်သူတွေ ပါ၀င်ကစားခွင့် ရသည်ဖြစ်စေ၊ နိုင်လိုစိတ်နှင့် ကစားသော
အသင်းတစ်သင်းကိုသာ မျှော်လင့်ကြောင်း ထုတ်ဖော်ထားသည် ကို ကြည့်ခြင်းအားဖြင့်
အနောစူပေ ကို မည်မျှ အထိ အလေးထားသည်ကို မှန်းဆနိုင်သည်။ အီတလီတိုက်စစ်အတွက်
လူသစ်များကို စောင့်ကြည့်နေသော နည်းပြကွန်တီသည် ယခု တစ်ခေါက်တွင် ဆောက်သမ်တန်
တိုက်စစ်မှူး ပယ်လေးကို ခေါ်ယူအားဖြည့်လိုက်သည်။ ၎င်းတို့နှင့်အတူ ဒက်စထရို (ရိုးမား)၊ ဂျီယို
ဗင်ကို (ဂျူဗင်တပ်)၊ အော့စဗဲလ်ဒို (အင်တာမီလန်) တို့ကို ရွေးချယ်ထားသည်။
ယေဘုယျအားဖြင့် အီတလီ တိုက်စစ်တွင် နာမည်ကျော် တိုက်စစ်မှူးများ မပါ၀င် သော် လည်း
အသင်းအတွက် ပေးဆပ်မည့်သူများ၊ ကစားအားရှိပြီး ရုန်းအားကောင်းသူများကို သာ အဓိကခေါ်
ယူထားသောကြောင့် 'အလုပ် ဖြစ်' မည်ဟု ယူဆမိသည်။
နည်းပြ ကွန်တီလက်ထက်တွင် အီတလီအသင်း၏ ပြောင်းလဲလာသော ကစားဟန်တစ်ခုမှာ
အုပ်စုလိုက် စုဖွဲ့မှုနှင့် ချိတ်ဆက်ကစားပုံများ ကောင်းမွန်လာခြင်း ဖြစ်သည်။ ကွင်းလယ်တိုက်စစ်
ကစားသမားဘဝမှ နည်းပြဖြစ်လာသော ကွန်တီသည် ကွင်းလယ် စုဖွဲ့မှု၊ ကွင်းလယ်ကစားကွက်နှင့်
ကွင်းလယ်တိုက်စစ်ပိုင်းများတွင် ကောင်းမွန်အောင် အထူးအာရုံစိုက်လေ့ရှိသည်။ တစ်ဖန် ကွန်တီ
သည် ဂျူဗင်တပ်၏ အောင်ပွဲဆာလောင် ပြင်းပြစိတ်ကို လက်ရွေးစင်အသင်းဆီသို့ သယ်ဆောင်နိုင်
ရန် ကြိုးပမ်းနေသည်။
အီတလီ အသင်းသည် ပွဲချိန်တစ်လျှောက်လုံး ကစား အားရော၊ အာရုံစူးစိုက်မှုပါ လျော့ကျသွား ခြင်း
မရှိသည်ကို တွေ့ရသည်။ ခြံုကြည့်လျှင် အီတလီအသင်းသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၀
ရက်နှင့် ၁၃ ရက် များတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲများအဖြစ် အဇာဘိုင်ဂျန်၊ မော်လ်တာတို့နှင့် ကစား
ရမည် ဖြစ်ရာ ပြိုင်ဘက်အနေအထားအရ ဖိအား နည်းပါးသည်။ တစ်ဖန် အီတလီအသင်းတွင်
လူသစ်များကိုလည်း ခေါ်ယူအားဖြည့်ထားရာ နည်းပြကွန်တီအနေဖြင့် လူနှင့် နည်းဗျူဟာ အခင်း
အကျင်းပိုင်းများကို စမ်းသပ်မှုများ ပြုလုပ်ဖွယ်ရှိသည်။ သို့ရာတွင် အီတလီ အသင်းအနေဖြင့် ပြိုင်
ဘက်ကို လျှော့မတွက် ဘဲ အပြည့်အဝ အာရုံစူးစိုက်ရန် လိုအပ်သည်။
ထိုသို့မဟုတ်ဘဲ နည်းပြက ကစားကွက် စမ်းသပ်ချိန်တွင် ကစားသမားများကလည်း လျော့ရိ
လျော့ရဲ ဖြစ်နေချိန်နှင့် တိုက်ဆိုင် သွားပါက အီတလီအသင်းသည် မထင်မှတ် ဘဲ နိုင်ပွဲရဖို့ ရုန်း
ကန်ရသော အခြေအနေသို့ ရောက်သွားနိုင်သည်။















