လတ်ဗီးယား - အိုက်စလန်
ခြေသိပ်မကွာတဲ့ အသင်းတွေဖြစ်ပါ တယ်။ အိုက်စလန်က တိုးတက်လာတဲ့အသင်း ဖြစ်ပါတယ်။
ပထမပွဲစဉ်မှာ တူရကီကို အနိုင် ကစားနိုင်ခဲ့ပါတယ်။ အခု အဝေးကွင်းဆို တော့ အိုက်စလန်ဟာ
မရှုံးရေးကို ဦးစားပေး ပါလိမ့်မယ်။ လတ်ဗီးယားက ယူရို ၂၀၀၄ ခြေစစ်ပွဲအောင်ဖူးတဲ့ အသင်းဖြစ်
ပါတယ်။အခုနောက်ပိုင်းမှာ လတ်ဗီးယားခြေစွမ်းကျဆင်းသွားပါတယ်။ အခုပွဲမှာ အိမ်ကွင်းမို့ ရုန်း
ကန်နိုင်ပေမယ့် အိုက်စလန် ခံကစားနိုင် ပါလိမ့်မယ်။ သရေကျမယ့်ပွဲဖြစ်ပါတယ်။
နယ်သာလန် - ကာဇက်စတန်
ပွဲဦးထွက်မှာ နယ်သာလန်ဟာ ချက်ကို ရှုံးသွားခဲ့ပါတယ်။ ဒီပွဲဟာ နယ်သာလန် အစွမ်း ကုန်ကစား
မယ့်ပွဲဖြစ်ပါတယ်။ ကာဇက်စတန်ကတော့ အသင်းငယ်လေးပါ။ နယ်သာလန်ကို ယှဉ်နိုင်မှာမဟုတ်
ပါဘူး။ ဟော်လန်သုံးဂိုး ပြတ်နိုင်ပါ့မလား စဉ်းစားရမှာဖြစ်ပါတယ်။ အိမ်ကွင်းဖြစ်တယ်။ ပွဲဦးထွက်မှာ
ရှုံးသွား တယ်။ အခုကစားရမယ့်အသင်းက အသင်း ငယ်ဆိုတော့ နယ်သာလန်သုံးဂိုးပြတ် အနိုင်ရ
သွားမယ့်ပွဲဖြစ်ပါတယ်။
တူရကီ - ချက်
ခြေညီတဲ့နှစ်သင်းပွဲဖြစ်ပါတယ်။ တူရကီဟာ ပွဲဦးထွက်မှာ အိုက်စလန်ကို ရှုံးသွားခဲ့ပြီး ချက်က နယ်
သာလန်ကို အနိုင်ရထားခဲ့ပါ တယ်။ တူရကီအနေနဲ့ ခြေစစ်ပွဲအောင်ဖို့ ဒီပွဲက အရေးကြီးနေပါတယ်။
အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေပါတယ်။ အိမ်ကွင်းပရိသတ်အားလည်းရှိလို့ ချက်အနေ
နဲ့ သရေရအောင်သာ ရည်ရွယ်လာနိုင် ပါတယ်။ တူရကီကတော့ ပွဲဦးထွက်ရှုံးထားလို့ ဒီပွဲကို
အာရုံအပြည့်စိုက်ထားပါလိမ့်မယ်။ တူရကီ အနိုင်ရသွားမယ့်ပွဲ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ - အင်ဒိုရာ
ဘယ်လ်ဂျီယံအနေနဲ့ ဒီပွဲကို ဘယ်လိုကန်ကန် အနိုင်ရမှာက သေချာပါတယ်။ အင်ဒိုရာက အသင်း
ငယ်လေးဖြစ်လို့ပါ။ စဉ်းစားရမှာက ဘယ်လ်ဂျီယံ သုံးဂိုးပြတ်အနိုင်ရနိုင်ပါ့မလားဆိုတာပဲ ဖြစ်ပါ
တယ်။ ဘယ်လ်ဂျီယံရဲ့ နောက်ပွဲက ဘော့စနီးယားနဲ့ ဖြစ်လို့ ဒီပွဲဟာ ဘယ်လ်ဂျီယံအတွက် ကြိုတင်
ပြင်ဆင်တဲ့ပွဲ ဖြစ်နေပါတယ်။ ဘယ်လ်ဂျီယံရဲ့ နာမည်ကြီးကစားသမားတွေ နေရာရဖို့ အတွက် ဒီပွဲ
ကစပြီးအားထည့်မယ်လို့ ယူဆ တာကြောင့် သုံးဂိုးပြတ်နဲ့ အနိုင်ရမယ်လို့ ယူဆမိပါတယ်။
ဝေလ - ဘော့စနီးယား
ဘော့စနီးယားဟာ ပြီးခဲ့တဲ့ပွဲစဉ်(၁)မှာ ဆိုက်ပရပ်စ်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပါတယ်။ ဒီဇီကိုအားကိုးနဲ့
ဘော့စနီးယားဟာ အသင်းလိုက်ကစားအားကောင်းပေမယ့် အရင်နှစ် တွေကထက်စာရင် ခြေစွမ်း
ကျသွားသလိုဖြစ် နေပါတယ်။ ဝေလဟာ ဂါရတ်ဘေးလ်ကိုအားကိုးပေမယ့် အသင်းလိုက်ကစား
အားကောင်းနေပါတယ်။ ဘေးလ်၊ ရမ်ဆေး၊ ၀ီလျံ တို့ကို ဘော့စနီးယား ခက်ခက်ခဲခဲကစားရနိုင်
တဲ့ ပွဲဖြစ်ပါတယ်။ ဝေလအနိုင်ရသွားနိုင်တဲ့ပွဲဖြစ်ပါတယ်။
ဘူလ်ဂေးရီးယား - ခရိုအေးရှား
ဘူလ်ဂေးရီးယားရော၊ ခရိုအေးရှားပါပထမပွဲမှာ အနိုင်ရထားခဲ့ကြပါတယ်။ ခရို အေးရှားက နာမည်
ပိုထင်ရှားလို့ အထင်ကြီး စရာဖြစ်ပေမယ့် ပထမပွဲမှာ မော်လ်တာလို အသင်းငယ်ကို ခက်ခက်ခဲခဲ
ကစားပြီးမှ ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ထင်သလောက် ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ ဘူလ်ဂေးရီးယားက
အိမ်ကွင်း ဆိုတော့ ကစားအားတင်လာနိုင်ပါတယ်။ လူဒိုဂိုရက်ကလပ်အသင်း ကစားသမားတွေနဲ့
တည်ဆောက်ထားလို့ ဘူလ်ဂေးရီးယားကို လျှော့တွက်လို့ မရပါဘူး။ ဘူလ်ဂေးရီးယားကို ကြိုက်ပါ
တယ်။
အီတလီ - အဇာဘိုင်ဂျန်
အဇာဘိုင်ဂျန်အနေနဲ့ အီတလီကို ယှဉ်နိုင် ဖို့ထက် အတွေ့အကြံုယူဖို့ပဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။
အီတလီနိုင်မှာ လူတိုင်းသိပါ တယ်။ ဒါပေမဲ့ ဂိုးပြတ်အနိုင်ရပါ့မလား ဆိုတာ ကို စဉ်းစားရပါမယ်။
အီတလီဂိုးပြတ်မယ် ဆိုရင် သုံးဂိုးအထိပြတ်နိုင်ပါတယ်။ လေးဂိုး အထိတော့ ဖြစ်လာမယ်မထင်
ပါဘူး။
စကော့တလန် - ဂျော်ဂျီယာ
ဂျော်ဂျီယာက ပွဲဦးထွက်မှာ အိုင်ယာလန်ကို အိမ်ကွင်းမှာရှုံးခဲ့ပါတယ်။အခုစကော့ တလန်ကို
လာကစားရမှာဖြစ်ပါတယ်။ စကော့ တလန်က ဂျာမနီကိုရှုံးထားပေမယ့် အသင်းက အရင်ကထက်
ပိုကောင်းလာတာ တွေ့ရပါ တယ်။ စကော့တလန် ဒီပွဲအနိုင်ရမှ အလား အလာကောင်းမှာ ဖြစ်ပါ
တယ်။ စကော့တလန် ကစားတာ မာကြောပြီး လူငယ်တွေနဲ့ အစားထိုး ထားတဲ့ အသင်းဖြစ်ပါ
တယ်။ စကော့တလန် အနိုင်ရသွားပါလိမ့်မယ်။
အိုင်ယာလန် - ဂျီဘရော်တာ
အိုင်ယာလန် သက်သက်သာသာကစားမယ့်ပွဲဖြစ်ပါတယ်။ ဂျီဘရော်တာက အခုမှပေါ်ပေါက်လာ
တဲ့ အသင်းငယ်လေး ဖြစ်ပါတယ်။ အတွေ့အကြံုရှာတဲ့ အဆင့်မှာပဲ ရှိပါ တယ်။ အိုင်ယာလန် ဂိုးတွေဘယ်လောက်သွင်းမလဲဆိုတာပဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ အိုင်ယာလန်အနည်းဆုံး
သုံးဂိုးပြတ်အနိုင်ရပါလိမ့်မယ်။
ပိုလန် - ဂျာမနီ
ပိုလန်ရော၊ ဂျာမနီပါပွဲဦးထွက်မှာ အနိုင်ရ ထားပါတယ်။ ဂျာမနီက အနည်းငယ်ပြောင်းလဲ ထားတဲ့
အသင်း ဖြစ်ပါတယ်။ ဂျာမန်လူငယ် တွေကို စမ်းသုံးနေပါတယ်။ ပိုလန်ကစား သမားတွေက ဘွန်
ဒက်စ်လီဂါမှာ ကစားနေ ကြသူတွေဖြစ်ပါတယ်။ အကြောင်းသိတွေလို့ ပြောနိုင်ပါတယ်။ ဂျာမနီဂိုး
ပြတ်အနိုင်ရမယ် ထင်ရပေမယ့် ပိုလန်မှာ ရုန်းအားကောင်း တစ်ခုရှိနေတာကြောင့် ဂျာမနီအနိုင်ဟာ
မပြတ်သားနိုင်ပါဘူး။
ရိုမေးနီးယား - ဟန်ဂေရီ
ခြေမကွာတဲ့ အသင်းတွေဖြစ်ပါတယ်။ ရိုမေးနီးယားက ပွဲဦးထွက်မှာ ဂရိကိုအနိုင်ရ ထားခဲ့ပါတယ်။
ဟန်ဂေရီက မြောက်အိုင်ယာလန်ကို အိမ်ကွင်းမှာရှုံးခဲ့တာကြောင့် နည်းပြ ပြောင်းလိုက်တဲ့ အသင်း
ဖြစ်ပါတယ်။ ဒီနှစ်သင်းက ခြေသိပ်ကွာတဲ့အသင်းတွေမဟုတ်ပါဘူး။ ဟန်ဂေရီကို လျှော့တွက်လို့
မရပါဘူး။ ရိုမေးနီးယား သရေကျသွားနိုင် တဲ့ပွဲဖြစ်ပါတယ်။ ဟန်ဂေရီကိုပဲ ရွေးချယ်သင့် ပါတယ်။
ဖင်လန် - ဂရိ
ဂရိက နည်းပြရာနီယေးရီလက်ထက်မှာ ခြေတက်လာခြင်း မရှိသေးတာ တွေ့ရပါ တယ်။ ခံစစ်ကို
အကောင်းဆုံးကစားတဲ့ ဂရိ အသင်းမှာ တိုက်စစ်ပိုင်းအားနည်းနေတာ တွေ့ရပါတယ်။ ဖင်လန်က
ဂရိလောက်မထင်ရှားတဲ့အသင်းဖြစ်ပေမယ့် အခုပွဲက အိမ်ကွင်းဖြစ်လို့ ကစားအားတင်လာနိုင်ပါ
တယ်။ ဂရိမှာ အပြောင်းအလဲတွေရှိထားတဲ့ အတွက် အထိုင်ကျဦးမယ်မထင်ပါဘူး၊ ဖင်လန်သရေ
ကစားနိုင်တဲ့ပွဲဖြစ်ပါတယ်။
အာမေးနီးယား - ဆားဘီးယား
ဆားဘီးယားက အာမေးနီးယားနဲ့ယှဉ်ရင် ထိပ်တန်းကစားသမားတွေပိုင်တဲ့ အသင်း ဖြစ်ပါတယ်။
ပြင်သစ်နဲ့ ခြေစမ်းတော့ သရေ ကစားနိုင်ခဲ့ပါတယ်။ အာမေးနီးယားက အသင်းလိုက်စုစည်းမှုရှိတဲ့
အသင်း ဖြစ်ပါ တယ်။ အသင်းမှာ မက်ခီတာယန်ဦးဆောင် ပြီး ကစားနေပါတယ်။ ဆားဘီးယားက
တစ်ဦး ချင်းကောင်းတဲ့ ကစားသမားတွေရှိပေမယ့် အသင်းလိုက်ကစားအားပိုင်းတော့ အားနည်းမှု
ရှိပါတယ်။ ဒီပွဲဟာ သရေကျသွားနိုင်တဲ့ပွဲ ဖြစ်ပါတယ်။
ဘီလာရုစ် - ဆလိုဗက်ကီးယား
ဘီလာရုစ်ကို လျှော့တွက်လို့မရပါဘူး၊ အိမ်ကွင်းကစားအားကောင်းတဲ့ အသင်းဖြစ် ပါတယ်။
လာကစားတဲ့အသင်းတိုင်း ခက်ခက် ခဲခဲကစားသွားရတာချည်းပဲ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား
က ဟမ်ဆစ်၊ ၀ီဆစ်တို့ ဦးဆောင်ပြီးကစားနေတဲ့ အသင်းဖြစ်ပါ တယ်။ အိမ်ကွင်းကစားအားကောင်း
မေယ့် အဝေးကွင်းဆိုရင် ကစားအားသင့်ရုံသာရှိတဲ့ အသင်းဖြစ်ပါတယ်။ အခုလည်း ဆလိုဗက်
ကီးယား ခက်ခက်ခဲခဲကစားရဦးမှာပါ။ သရေနဲ့ ပြီးသွားနိုင်တဲ့ပွဲဖြစ်ပါတယ်။
ရုရှား - မော်လ်ဒိုဗာ
ခြေအဆင့်အတန်းချင်း ကွာနေပါတယ်။ မော်လ်ဒိုဗာက အသင်းငယ်ဖြစ်ပေမယ့် အခု နောက်ပိုင်း
မှာ တိုးတက်လာတဲ့အသင်းဖြစ် နေပါတယ်။ ရုရှားမှာ စီအက်စ်ကေအေ မော်စကိုအသင်းကစား
သမားတွေနဲ့ ဇင်းနစ် ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်။ အခုပွဲမှာ
ရုရှားအနိုင်ရ မှာ သေချာပေမယ့် သုံးဂိုးပြတ်အနိုင်ရနိုင်ပါ့ မလားဆိုတာက စဉ်းစားစရာပဲဖြစ်ပါ
တယ်။ ရုရှား သုံးဂိုးမပြတ်နိုင်ပါဘူး။
ဆွီဒင် - လီချင်စတိန်း
ခြေက အတော်ကိုကွာလွန်းပါတယ်။ ဆွီဒင် ဘယ်လိုကစားကစား အနိုင်ရမှာ သေချာပါတယ်။
လီချင်စတိန်း ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဆွီဒင်သုံးဂိုးပြတ် အနိုင်ရပါ့မလားဆိုတာ စဉ်းစား
စရာ ဖြစ်ပါ တယ်။ ဆွီဒင်မှာ အီဗရာဟီမိုဗစ်ချ်ကို အားကိုး ကစားနေပေမယ့် ဒီပွဲမှာ ဆွီဒင်သုံးဂိုးပြတ်
အနိုင်ရဖို့တော့ ခက်ခဲမယ် ထင်ပါတယ်။ ဆွီဒင် ခက်ခက်ခဲခဲကစားရမယ့်ပွဲ ဖြစ်ပါ တယ်။
အက်စ်တိုးနီးယား - အင်္ဂလန်
အက်စ်တိုးနီးယားကွင်းမှာ အင်္ဂလန်အနိုင် ရနိုင်ပေမယ့် ဂိုးပြတ်အနိုင်ရနိုင်ပါ့မလား၊ အက်စ်တိုးနီး
ယားဟာ အိမ်ကွင်းကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ ပြီးတော့ ဒီအသင်းဟာ တိုးတက်
လာတဲ့အသင်းဖြစ်နေ ပါတယ်။ အင်္ဂလန်ခြေသာနိုင်ပေမယ့် ခက် ခက်ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။
အင်္ဂလန် အနိုင်ရပေမယ့် သုံးဂိုးပြတ်အနိုင်ရဖို့ဆိုတာ မလွယ်ကူတဲ့ပွဲဖြစ်ပါတယ်။ အက်စ်တိုးနီးယား
ကိုကြိုက်ပါတယ်။
လူဇင်ဘတ်-စပိန်
ခြေကအရမ်းကိုကွာနေပါတယ်။ စပိန် ဘယ်လူစာရင်းနဲ့ပဲကစားကစား အနိုင်ရမှာ သေချာပါတယ်။
လူဇင်ဘတ် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ စပိန်ဘယ်လောက်ဂိုးပြတ် မယ်ဆိုတာကို စဉ်းစားရင် စပိန်
ဟာ အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။














