မြန်မာဘောလုံးဝါသနာအိုးတွေ ဖတ်ဖို့ပါ

မြန်မာဘောလုံးဝါသနာအိုးတွေ ဖတ်ဖို့ပါ

အားကစားဆောင်းပါးတွေ ရေးဖော်ကြီး ကိုကြည်စိုးက စံတော်ချိန်သတင်းစာမှာ မြန်မာ နိုင်ငံ
ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တစ်ဦးတည်း ဖတ်ဖို့ ရေးထားတဲ့ ခေါင်းကို သဘောကျပြီး စာရေးသူက
အထက်ပါအတိုင်း 'ခေါင်း'တပ် လိုက်တာပါ။

ကိုကြည်စိုးရေးတဲ့အတိုင်း မြန်မာ့ဘောလုံးခေါက်ဆွဲပြဿနာအချို့ကို ဘယ်လိုရှင်းပြီး ယူ-၁၉ အသင်းနဲ့
ယူ-၂၃ အသင်းက အသက်မီသေးတဲ့ဘောလုံးသမား တွေရယ်၊ မကြာမီက ဖိလစ်ပိုင်ငြိမ်းချမ်းရေး
ဖလားရလာတဲ့အသင်းက အရွယ်မလွန်သေး တဲ့ ဘောလုံးသမားတွေပေါင်းပြီး လက်ရွေးစင်
အသင်းတစ်သင်းကို ဘယ်လိုရွေးချယ်မလဲ ဆိုတာတွေကို MFF ဥက္ကဋ္ဌနဲ့ MFF က ဘယ်လို ပြော
သလဲဆိုတာ မီဒီယာလောကမှာ မကြား မိသေးဘူး။

ဒါကတော့ တစ်ပိုင်းပေါ့ဗျာ။ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းဟာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး
ဖိတ်ခေါ်ဖလားကို ပထမဦးဆုံး ရလာတော့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းတော့ မယ့် အတိတ်နိမိတ်
ကောင်းဖြစ်ပါစေပေါ့။ မြန်မာ့လက်ရွေးစင်အသင်းဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော် အပျော်တမ်းခေတ်
မှာပဲ မာဒေးကားဖလားကို ပြန်ရပြီးနောက်ပိုင်း အခု ငြိမ်းချမ်းရေးဖလားဟာ ဆုကြေးစား ခေတ်မှာ
ပထမဦးဆုံးရတာပါ။ ဆုကြေးစား ခေတ်ကို ၂၀၀၉ မှာစခဲ့တယ်။ မာဒေးကား ဖလားရတုံးက
ဘောလုံးသမားတချို့တောင် နားကုန်ကြပြီထင်တယ်။

အခုငြိမ်းချမ်းရေး ဖလားပွဲမှာ အဲဒီတုန်းက လက်ကျန်ဘောလုံး သမားအချို့နဲ့ ယူ - ၃ အပြင် ယူ-၂၃
ကျော် ဘောလုံးသမားတွေပေါင်းပြီး ပွဲထုတ်ခဲ့တာ ပါ။ အခုပြိုင်ပွဲမှာ လေးသင်းပဲပါတော့ နှစ်ပွဲပဲ
ကန်ပြီး ဗိုလ်စွဲခဲ့တယ်။ ဆီမီးပွဲမှာ ပါလက် စတိုင်းကိုနိုင်တယ်။ အဲဒီအသင်းက အစ္စရေးနဲ့ စစ်ပွဲ
ကြောင့် အမာခံတွေ ပါမလာဘူး။ အရန် တွေခေါ်လာတယ်လို့ ပုဂ္ဂလိကသတင်းစာ တစ်စောင်မှာ
ဖတ်ရတယ်။ အမာခံတွေပါတဲ့ အသင်းကို မြန်မာအသင်း ရှုံးဖူးတယ်။ အိမ်ရှင် ဖိလစ်ပိုင်ကို ရေကုန်
ကစားပြီး ချန်ပီယံဖြစ် တယ်။ မြန်မာအသင်းဟာ ဒီပွဲမှာ စိတ်ဓာတ် အပြည့်ထည့်ခဲ့လို့ ရှုံးရာက
သရေနဲ့ အနိုင်ရခဲ့ တယ်။ အိမ်ရှင်ပရိသတ်အားကောင်းပေမယ့် ဘောလုံးဆိုတာ ဒီလိုမျိုးကြံုရတယ်။

ဘောလုံး ဆိုတာ ခြေမကွာရင်တော့ အိမ်ကွင်း၊ အဝေး ကွင်း စကားမပြောတော့ပါဘူး။ မြန်မာ့
ဘောလုံး ရွှေခေတ်က ဖိလစ်ပိုင်မှာ ကစားရင် မြန်မာ့လက်ရွေးစင်တွေဟာ ဖိလစ်ပိုင် လက်ရွေးစင်
တွေကို ဘောလုံးပညာ သင်ပေးရ တယ်လို့ လက်ရွေးစင်ဟောင်းကြီးတွေက ပြောလေ့ရှိကြပါ
တယ်။

ဒါပေမဲ့ မြန်မာ့ဘောလုံး ဆုကြေးစားပြောင်းပြီးနောက်ပိုင်း ဟိုတုန်းက ငယ်နိုင်ဖိလစ်ပိုင်ကို မြန်မာ
အသင်းဟာ နိုင်တစ်ခါ ရှုံးတစ်လှည့်ဗျ။ သူတို့ကလည်း မြန်မာကို အိမ်ကွင်းမှာ နိုင်ခဲ့တယ်။ အဲဒီ
တော့ ဒီနေ့ မြန်မာ့ဘောလုံးကို ဆန်းစစ်ကြည့်ကြ ပါတော့။ စာရေးသူအမြင်ကတော့ ခြေစမ်းပွဲ
တွေနဲ့ ဒေသတွင်းဖိတ်ခေါ်ပြိုင်ပွဲတွေထက် အာဆီယံ ပြိုင်ပွဲတွေ(င်္ဗင်္ သက်တမ်းအလိုက် လူငယ်
ပြိုင်ပွဲ၊ အာဆီယံ ယူ-၂၃ ဘောလုံးပြိုင်ပွဲ၊ ဆူဇူကီးဖလားခြေစစ်ပွဲနဲ့ ဆူဇူကီးဖလားပြိုင်ပွဲ) အာရှ
လူငယ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲ၊ အိုလံပစ်ခြေစစ်ပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ
တွေက ပိုပြီးအဆင့် မြင့်မားပါတယ်။

ခြေစမ်းပွဲနဲ့ ဖိတ်ခေါ်ပြိုင်ပွဲ တွေဟာ ဘောလုံးသမားတွေရဲ့ခြေကို စမ်းသပ်တာ။ လူငယ် ဒါမှမဟုတ်
လူကြီး အသင်းတွေအတွက် လူရွေးချယ်ရေးအတွက် ပါ။ အနိုင်အရှုံးက အဓိက မဟုတ်ပါဘူး။
ဟိုတုန်းက မြန်မာအသင်းဟာ ပတ်ချုံဟီး ဖလား၊ မာရာဟာလင်၊ မာဒေးကားဖလားပွဲ၊ ထိုင်းဘုရင့်
ဖလားပွဲနဲ့ ဂျကာတာ(အင်ဒို)စတဲ့ ဖိတ်ခေါ်ပြိုင်ပွဲမျိုးတွေကို ၀င်ရောက်ခြေသွေး တိုင်း ဆုဖလားနဲ့
မိတ်ဆက်လေ့ရှိတယ်။ ဒီပြိုင်ပွဲတွေနဲ့ အာရှချန်ပီယံဖြစ်တုန်းက ဘောလုံးသမားတွေဟာ ရေဒီယို
တစ်လုံးစီနဲ့ မောင်ဗမာစက်ဘီးတစ်စီးစီ ချီးမြှင့်ခြင်းခံရ တယ်။ ဒါကြောင့် ဖိတ်ခေါ်ပြိုင်ပွဲနဲ့ အထက်
က အာဆီယံအဆင့်နဲ့ အာရှအဆင့်တွေ ကွာဟ နေတယ်ဆိုတာ သဘောပေါက်ပြီး ချီးမြှင့် ငွေကြေး
ဟာ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဗိုလ်စွဲရင် ဘယ်လောက်နဲ့ ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံ ဖြစ်ရင် ဘယ်လောက်
ဆိုတာ သတ်မှတ်ပေးရင် ဘောလုံးသမားတွေဟာ အခုထက် ပိုကြိုးစား မလားလို့ ထင်မြင်မိတယ်
ဗျာ။ အခုလက်ရွေးစင်အသင်းရဲ့ ခြေစွမ်းအမှန် ကို ဆူဇူကီးဖလားခြေစစ်ပွဲနဲ့ ဆူဇူကီးဖလား ပြိုင်ပွဲ
တွေမှာ မြင်တွေ့ရတော့မယ်။ ခြေစစ်ပွဲ က ပြိုင်ဘက်အသင်းကောင်းတွေနည်းလို့ နောက်တစ်ဆင့်
တက်နိုင်မယ်။ လက်ရွေးစင် ပြီးတော့ ယူ-၁၉ အသင်းအကြောင်းပါ။

ယူ-၁၉ အသင်းဟာ ဥရောပနိုင်ငံအချို့မှာ လေ့ကျင့်ခြေသွေးပြီး ဘောလုံးပညာတွေ ရယူကာ
ဘရူနိုင်းဖိတ်ခေါ်ဖလား လူငယ် ပြိုင်ပွဲ ၀င်နွှဲခဲ့တယ်။ ဖိုင်နယ်မှာ ဗီယက်နမ် ယူ-၂၁ ကို နိုင်ပြီး
ချန်ပီယံဖြစ်ခဲ့တယ်။ ဒီပြိုင်ပွဲမှာ လူငယ်တွေကစားသွားတာ တော်တော်လေး အားရပါတယ်။
တစ်ဦးချင်း ခြေစွမ်းနဲ့ အသင်းလိုက်ကစားပုံဟာ အတော့် ကို ကျေနပ်စရာကောင်းပါတယ်။
MNL စကတည်းက ပထမဦးဆုံးဆုဖလားကို ရလာ တော့ ချီးကျူးရမှာပါ။ သူတို့အားကိုးနဲ့ မြန်မာ့
ဘောလုံး ဒေသတွင်း အောင်မြင်လာတော့ မယ်လို့ အားလုံးထင်ခဲ့ကြတယ်။


 

ယူ-၂၃ ကလည်း ဆီးဂိမ်းမှာ အခြေမဟန်၊ လူကြီး အသင်းမှာလည်း သမ္ဘာသာရှိတယ်။ အရွယ်က
ရနေကြပြီ။ သူတို့လေးတွေက အစားထိုး နေရာယူကြရတော့မယ့်ပေါ့။ ဒါပေမဲ့ သူတို့ အသင်းဟာ
အာဆီယံလူငယ်ပြိုင်ပွဲမှာ အိမ်ရှင်ဗီယက်နမ်အသင်းကို အကြိုဗိုလ်လုပွဲ မှာ ဂိုးပြတ်နဲ့ ရှုံးတယ်။
တတိယနေရာလုပွဲမှာ နိုင်နေကျ ထိုင်းလူငယ်ကို ရှုံးပြီး စတုတ္ထပဲ ရခဲ့တယ်။ ဘရူနိုင်းဖိတ်ခေါ်ပြိုင်ပွဲ
ဗိုလ်စွဲတော့ ဟိုတုန်းက တက္ကသိုလ်(ခ)အသင်း ကစားဖော် မောင်သူက ဒီခြေအတိုင်းဆိုရင်
လူငယ်တွေ မဆိုးဘူးကွ။

ဒါပေမဲ့ နောက်ပြိုင်ပွဲကြီးတွေကို စောင့်ကြည့်ရမယ်လို့ ဖုန်းဆက်တယ်။ အာဆီယံလူငယ်ပြိုင်ပွဲမှာ
အိမ်ရှင်ဗီယက်နမ် ကိုရှုံးတော့ အိမ်ရှင်ပရိသတ်တွေများလွန်းလို့ လူငယ်လေးတွေ စိုးရိမ်စိတ်လွန်
သွားတာပါ လို့ အစိုးရသတင်းစာမှာ ဖတ်ရတယ်။ အိမ်ရှင် ပရိသတ်ရှေ့မှောက်မှာ အိမ်ရှင်အသင်း
ဟာ သရေတို့ ရှုံးပွဲကြံုတာတွေလည်း မြန်မာ အသင်းကိုယ်တိုင်ကြံုရတယ်။

တကယ့်ဂရိတ် ဆိုတဲ့အသင်းကြီးတွေဖြစ်ကြတဲ့ ရီးယဲလ် မက်ဒရစ်တို့ ဘာကာတို့ မန်ယူတို့ ဥပမာ
တွေ ရှိတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတုန်းက အိမ်ရှင်ဘရာဇီးလ်အသင်း ဆီမီးမှာ ဂျာမနီကို ၀က်
၀က်ကွဲရှုံးပြီး သိက္ခာကျခဲ့ရတယ်လေ။ ဒါကြောင့် ပရိသတ်များခြင်း၊ နည်းခြင်းက ပြဿနာမဟုတ်ဘူး။
ခြေစွမ်းပဲ အရေးကြီး တယ်။ စာရေးသူ ငယ်ငယ်က ဂျုနီယာ့ ဂျူနီယာ ကျောင်းတွင်း အသင်းလိုက်
ပြိုင်ပွဲမှာ ကျောင်း အုပ်ဆရာကြီးနဲ့ ကျောင်းဆရာ/ဆရာမတွေ၊ ကျောင်းသား/သူတို့ ကွင်းပတ်လည်
၀ုိင်းပြီး အားပေးကြတယ်။ ဖိုင်နယ်မှာပါ။ ဒူးတွေ တုန်နေတယ်။၏

နောက်ကျတော့ ပရိသတ်များ လေ အားရှိလေပဲဗျာ။ ပိုပြီးကြိုးစားကစားပြ သွားနိုင်တယ်။ ဘရူနိုင်း
ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီ ယူ-၁၉ အသင်းဟာ ထိုင်း ယူ-၂၃ အသင်းနဲ့ ခြေစမ်းရာမှာ ၈-၁ နဲ့ ဂိုးပြတ်ရှုံး
တယ်။ ဒီအရှုံး ကို MFF ဥက္ကဋ္ဌက လက်ခံတယ်။ ခြေကွာ တယ်တဲ့။ ဒါပေမဲ့ MFF မီဒီယာကြီးက
တော့ မြန်မာနိုင်ငံမှာကစားမယ့် င်္ဗဃ လူငယ် ပြိုင်ပွဲမှာ မြန်မာလူငယ်လေးတွေရဲ့ ခြေကို ကြည့်
ရမယ်။ ဥက္ကဋ္ဌကတော့ ထိပ်သီး လေးသင်းအဆင့်ဝင်ပြီး ကမ္ဘာ့လူငယ်ဖလား ပြိုင်ပွဲဝင်ခွင့်ရဖို့ မျှော်
မှန်းထားတယ်။

လူငယ် အဆင့်ကတော့ အာရှမှာလည်း ခြေသိပ်မကွာ နိုင်ဘူးထင်တယ်။ လူကြီးအဆင့်မှာတော့
အာဆီယံနဲ့ အာရှအဆင့်က အတော်ကွာ ပါတယ်လို့ ပြောခဲ့တယ်။ အာရှအားကစားပွဲ ယူ-၂၃
ဘောလုံးပြိုင်ပွဲ အချို့ ှုပ နြအ က လွှင့်ပေးတာကြည့်ရတာ တော့ အာဆီယံက အင်ဒို၊ မလေး၊
ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ဟာ ကျန်အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ယှဉ်နိုင်တယ်။
ဗီယက်နမ်ဟာ အီရန်ကိုတောင် နိုင်တာတွေ့ ရတယ်။ ဒါကြောင့် လက်ရွေးစင်အသင်းတွေ မှာ
သာ ခြေကွာချင်ကွာမယ်။ သက်တမ်း အလိုက်ပြိုင်ပွဲတွေက ခြေညီလောက်ပါတယ်။

အခု မြန်မာ ယူ-၁၉ အသင်းက တစ်သင်းလုံး ယူ-၂၃ ကို တက်ကစားနိုင်မယ်လို့ထင်ရင် မှားသွား
မယ်။ သူတို့ထဲက တစ်ဦးချင်း ထူးချွန် တဲ့ ဘောလုံးသမားတွေသာ နောက်တစ်ဆင့် တက်နိုင်မယ်။
ဥပမာ တိုက်စစ်မှူးအောင်သူ၊ အလယ်တန်းက နံပါတ်(၇)နဲ့ ကျန် သုံးလေးဦး တော့ အလားအလာ
ကောင်းတယ်လို့ မြင် တယ်။ ဟိုတုန်းက မြန်မာ့လူငယ်အသင်း အာရှ မှာ ချန်ပီယံဖြစ်ခဲ့တယ်။
သူတို့ထဲက တကယ် ခြေစွမ်းထက်တဲ့ ဘောလုံးသမားတချို့ လက် ရွေးစင်အသင်းကြီးမှာ နေရာ
ရလာတယ်။ ဒီတုန်းက လက်ရွေးစင်ဘောလုံးသမားကြီး တွေဟာ အာရှတစ်လွှား ပြိုင်စံရှားနေပြီး
သိပ်ကောင်းနေတဲ့အချိန် လူငယ်ဘောလုံး သမားတွေနဲ့ ခြေကွာတယ်လို့ လက်ရွေးစင် ဟောင်းကြီး
ကိုမျိုးဝင်းညွန့်က ပြောတယ်။ သူတို့နေရာကို အစားဝင်ဖို့ အရမ်းကြိုးစားခဲ့ ရတယ်လို့လည်း ပြောပါ
တယ်။

အခု လက်ရွေးစင်အသင်းကိုလည်း ရှေ့ခရီးအတွက်ကတော့ သွေးသစ်လောင်း ရပါတော့မယ်။
သူတို့သမ္ဘာရှိပေမယ့် အာဆီယံထိပ်သီးတွေဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးနဲ့ စင်ကာပူတို့ကို
ယှဉ်ဖို့ သွေးသစ်လောင်းရပါတော့မယ်။ အခု MFF က လူငယ်ဘောလုံးစီမံကိန်းတွေချကာ ပြည်
တွင်း သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲ တွေ ပြည်ပလူငယ်ပြိုင်ပွဲတွေ ၀င်နွှဲနေကြတာ သိပ်ကောင်း
ပါတယ်။ နိုင်ငံအဝန်း ဘောလုံး မျိုးဆက်သစ်တွေ ပေါ်ထွန်းဖို့ကတော့ ဘောလုံးအကယ်ဒမီတွေ
အပြင် ကျောင်း၊ ရပ်ကွက်၊ မြို့၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်တွေမှာ သက်တမ်းအလိုက်ပြိုင်ပွဲတွေ ကျင်းပ
ပေးပြီး မြန်မာ့လူငယ်နဲ့ လူကြီးလက်ရွေးစင်အဆင့် ဆင့် တက်လာမှ Skill, Speed နဲ့ Stamina
အပြင် အိုင်ကျူမြင့်တဲ့ ဘောလုံးသမားတွေ ပါလာရင် မြန်မာ့ဘောလုံး တစ်ကျော့့ပြန် ဦးမော့လာ
မှာပါ။

လက်ရွေးစင်မဖြစ်မီ MNL ရောက်လာတဲ့ ဘောလုံးသမားတွေကလည်း ကွင်းတွင်းခြေစွမ်းအပြင်း
ကွင်းတွင်း၊ ကွင်းပြင်ပတွေမှာ စည်းစနစ်ကောင်းဖို့လည်း လိုအပ်ပါတယ်ဗျာ။ ဒီနေ့ MNL ဘောလုံး
သမားတချို့ဟာ ဆုကြေးစားဆိုတော့ ဆုကြေး ငွေတွေရနေကြတော့ စည်းကမ်းပိုင်း လျော့ရဲ ကြ
တယ်လို့ ကြားနေရတယ်ဗျ။ လက်ရွေးစင် အသင်း ချန်ပီယံဖြစ်မှ MNL ကလပ်အသင်း တွေ တိုး
တက်တယ်ဆိုတဲ့ MNL က မြန်မာ နည်းပြဆရာတစ်ဦးရဲ့ အဆိုကိုတော့ ကျွန်တော် လက်မခံချင်
ဘူးဗျား။ ကလပ် အသင်းတွေ တောင့်တင်းမှ လက်ရွေးစင် အသင်းချန်ပီယံဖြစ်တယ်ဆိုတာ ရွှေ
ခေတ် ဘောလုံးသမားကြီးတွေက သက်သေထူခဲ့ပြီး ပါပြီဗျာ။



ဖတ်ရှုမှုအများဆုံး