လာလီဂါကတော့ ခုနစ်ပွဲစီကစားပြီးသွားပါပြီ။ ဒီအချိန်မှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို
ဦးဆောင်ထားတဲ့အသင်းကတော့ ပြီးခဲ့တဲ့ရာသီက ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာပါပဲ။
ဘာစီလိုနာဟာ ဒီရာသီလာလီဂါ အစမှာ ခုနစ်ပွဲကစားပြီးချိန် နိုင်ပွဲ ခြောက်ပွဲ၊ သရေပွဲတစ်ပွဲ၊
ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေနိုင်ခဲ့ တာပါ။ ဘာစီလိုနာအတွက် ဒီရာသီ
ထူးခြားချက်ကတော့ ခုနစ်ပွဲကစားပြီးချိန်အထိ ခံစစ်ကြောင်းက ပေးဂိုး တစ်ဂိုးမျှ မရှိသေးခြင်း ပါပဲ။
ဒါဟာ ခေတ်အဆက်ဆက် ဘာစီလိုနာ အသင်းတွေထဲမှာတော့ အတော်လေးကို ထူးခြားကောင်း
မွန်တဲ့ စွမ်းဆောင်နိုင်မှုတစ်ခု လို့ ပြောလို့ရနေတယ်။ ဘာစီလိုနာလို့ဆိုလိုက်ရင် ကစားပုံဟန်ချက်
ညီလှပမှုရှိပြီး တိုက်စစ်ပြီးရင်းတိုက်စစ် ကစားကာ အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ်
ပဲဆိုတဲ့ ကြွေး ကြော်သံနဲ့ အမြဲကစားခဲ့တဲ့အသင်းပါ။
ဒါကြောင့်လည်း ဘာစီလိုနာဟာ ခံစစ်က ဂိုးတွေ ပေးနေရပေမယ့် တိုက်စစ်ပိုင်းက ဂိုးတွေပြန်ရမှု
ကြောင့် အကောင်း ဆုံးအချိန်တစ်ခုကို ပိုင်ဆိုင်နိုင်တဲ့ အထိ အောင်မြင်မှုတွေရခဲ့တယ်။ ကမ္ဘာ့
ဘောလုံးလောကမှာ ဘာစီလိုနာခေတ်ဆိုတဲ့ ခေတ်တစ်ခေတ်ကို လည်း ထူထောင်ပြနိုင် ခဲ့ပါ
တယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ အခြေ အနေတွေဟာ ပြောင်း လဲကုန်တယ်။ ဘာစီလို နာနဲ့ ခေတ်
တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာ၊ နည်းပြ ဗီလာ နိုဗာတို့ ထွက်သွားပြီးတဲ့နောက်
မှာတော့ နည်းပြမာတီနိုလက် ထက်မှာ ဘာစီလိုနာအတွက် အလှည့်အပြောင်းတစ်ခုကို ကြံုခဲ့ရ
တယ်။
လက်ရှိချန်ပီယံ ဘွဲ့ကို မာတီနိုရဲ့လက်ထဲမှာ ဆက်ထိန်းနိုင်စွမ်းမရှိတဲ့အပြင် ဘာစီလိုနာ ခေတ်
တစ်ခေတ် ဟာလည်း မာတီနိုရဲ့လက်ထဲမှာ ကျဆုံးခဲ့ပြီလို့ ပြောရလောက် အောင် ဘာစီလိုနာရဲ့
အခြေအနေ ဟာ ဝေဖန်စရာအနေအထားမျိုး အထိရောက်သွားခဲ့တယ်။ ဘာစီလိုနာရဲ့ ကျဆုံးမှုနဲ့
အတူ တစ်ဖက်မှာ စပိန်လက်ရွေး စင်အသင်းကြီးကပါ လိုက်ပါကျဆုံးခဲ့ပြန် တော့ ဒါဟာ သေချာပြီ၊
ဘာစီလိုနာခေတ် တစ်ခေတ်ကုန်ဆုံးသွားပြီလို့ ထင်မှတ်ခဲ့ ကြပါတယ်။
ဒါပေမဲ့ ဘာစီလိုနာဟာ အပြောင်းအလဲ တစ်ခုကို အမြန်ဆုံးပြုလုပ်နိုင်ခဲ့တယ်။ ဘာစီ လိုနာနဲ့ရင်းနှီး
ကျွမ်းဝင်ပြီးသား လူးဝစ္စ အင်းနရစ်လက်ထဲကို ဘာစီလိုနာအသင်းပြန်ရောက်သွားခဲ့ပြီး အင်းနရစ်က
လည်း အသင်းကို အခုလိုရာသီအစမှာ အကောင်းဆုံး ကိုင်တွယ်ပြနေတော့ ဘာစီလိုနာဟာ သူများ
တွေပြောနေတာလောက် ဆိုးရွားတဲ့အနေအထားမျိုးအထိ ရောက်မသွားသေးဘူးဆိုတာ ပြန်မြင်
သာလာခဲ့ပါတယ်။
ဒါကြောင့်လည်း အင်းနရစ်ဟာ ရာသီစ ကတည်းက ဘာစီလိုနာအသင်းကို ပွဲထုတ်တဲ့ အခါမှာ
အနည်းဆုံး လူငယ်ကစားသမား နှစ်ဦးလောက် အထိပါ၀င်အောင် ကြိုးစားပြီး ပွဲထုတ်နေတာတွေ့
ရတယ်။ သူ့လက်ထဲမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ မူနီယာ၊ ဆာဂျီယို၊ ဘာထရာ၊ မွန်တိုယာ၊
ရာဖင်ဟာ၊ ဆန်ဒရိုရာမီရက်ဇ် စတဲ့ လူငယ်ကစားသမားတွေဟာအသင်းရဲ့ အဓိကကစားသမား
တွေနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ လူစာရင်းထဲမှာ ပါ၀င်လာကြတယ်။ ဒီလူငယ်ကစားသမား တွေ
ကို နည်းပြအင်းနရစ်ကလည်း နဂိုအသင်း ကြီးကြားထဲမှာ တဖြည်းဖြည်းနဲ့အံဝင်လာ အောင်
ပွဲထုတ်လာနိုင်ခဲ့လို့ ဘာစီရဲ့ကစားပုံ ကလည်း ရာသီအစကို အခုလို အကောင်း ဆုံးဖြတ်သန်းနေ
တာလို့ ဆိုနိုင်တယ်။
လက်ရှိ အင်းနရစ်ရဲ့ပွဲထွက် လူစာရင်းမှာ မက်ဆီတစ်ယောက်ကလွဲလို့ ကျန်တဲ့ကစား သမားတွေ
အားလုံး ပုံမှန်နေရာရဖို့ မရှိဘူးဆိုတာ ဘာစီလိုနာကစားခဲ့တဲ့ပွဲတွေကိုကြည့် ရင် သိသာနေတာ
လည်း တွေ့ရတယ်။
ဒါပေမဲ့ ရေရှည်မှာ ဒီအချက်ဟာ ဘာစီလိုနာအတွက် အခက်တွေ့နိုင်တဲ့ အချက်တစ်ခုဖြစ်လာနိုင်
မလားဆိုတာကိုတော့ သတိထားစောင့်ကြည့် ရမလိုဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ကစား
ခွင့်ရနေတဲ့ မက်ဆီရဲ့အနေအထားကြောင့်ပါပဲ။ မက်ဆီ ဟာ တစ်ရာသီလုံး အခုလိုပွဲဆက်တွေ
အများ ကြီး ဆက်တိုက်ကစားဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ဒါကို အင်းနရစ်ကိုယ်တိုင်လည်း သိရှိ
နားလည်ထားပြီးဖြစ်ပေမယ့် လက်ရှိအချိန် မှာတော့ သူ့ရဲ့ပုံစံဟာ အသင်းအနိုင်ရဖို့ အတွက်
မက်ဆီကိုလက်မလွှတ်နိုင်သေးတဲ့ ပုံမျိုး ပေါ်နေပါတယ်။
မက်ဆီအတွက် အနားရ နိုင်မယ့်အချိန်ဟာ ဆွာရက်ဇ် ပြန်ကစားနိုင်ပြီး အသင်းအပေါ်
ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်မှုရှိမလဲဆိုတဲ့အချက်ပေါ်မှာပဲ မူတည်လိမ့်မယ်ထင်ပါတယ်။
လတ်တလော အနေ အထားမှာ မက်ဆီနဲ့နေမာအတွဲဟာ တဖြည်း ဖြည်းနဲ့ အချိန်အဆက်မိ
လာပြီး နှစ်ယောက် စလုံးလည်း ဂိုးတွေသွင်းနေနိုင်တာ မှန်ပေ မယ့် နေမာရဲ့ ကစားအားဟာ
အသင်းအတွက် အားကိုးရလောက်တဲ့ အနေအထားမျိုးအထိ မရောက်သေးတာ၊ မက်ဆီရဲ့
ခြေစွမ်းကလည်း တစ်ပွဲနဲ့တစ်ပွဲ ပုံမှန်အနေအထားမျိုးမရှိဘဲ တစ်ခါတလေမှာ ပွဲပန်းနေတဲ့
ပုံပေါ်ပြီး ခြေစွမ်းပျောက်နေတာတွေမြင်ရတော့ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းဟာလည်း အတက်
အကျရှိနေသလိုတွေ့ရတယ်။
ဒီတော့ ဘာစီလိုနာရဲ့ အနေအထားဟာ ဆွာရက်ဇ် ပြန်ကစားလာနိုင်မှုအပေါ်မှာ အများကြီး
တည်လာတယ်။ ဆွာရက်ဇ် ကစား နိုင်ပြီဆိုရင် မက်ဆီအပေါ်မှာရှိနေတဲ့ ဖိအား တစ်ဝက်လောက်
လျော့သွားနိုင်သလို နည်းပြ အင်းနရစ်အတွက်လည်း အသင်းတိုက်စစ် အတွက် သူ့စိတ်ကြိုက်
ကစားသမားတွေနဲ့ ပုံဖော်နိုင်ခွင့်ရဖို့ အခွင့်အရေးပိုရှိလာနိုင် ပါတယ်။ လက်ရှိ လူငယ်တွေကို
ထည့်သုံးပြီး ပွဲထုတ် နေတဲ့ ဘာစီလိုနာရဲ့အနေအထားဟာ ပြည်တွင်းဘက်မှာတော့ အရှိန်မပျက်
ဆက်သွားနိုင်သေးတာမှန်ပေမယ့် ဥရောပဘက်မှာ တော့ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာ
ပြီးခဲ့တဲ့ ချန်ပီယံလိဂ် နှစ်ပွဲကိုကြည့်ရင် မြင်သာ နေတယ်။
ချန်ပီယံလိဂ် ပွဲဦးထွက် အေပိုး နီကိုးရှားနဲ့ပွဲမှာ လူငယ်ကစားသမား ငါးယောက်လောက်ကို
တစ်ပြိုင်နက်ထုတ်သုံး ပြီး စမ်းသပ်ခဲ့တဲ့ အင်းနရစ်ရဲ့ဘာစီလိုနာဟာ အဲဒီပွဲမှာ တည်ကန်ဘောမှ
တစ်ဆင့် ပီကေး သွင်းယူပေးခဲ့တဲ့ ဂိုးတစ်ဂိုးသာရရှိခဲ့ပြီး အနိုင် ရရှိခဲ့တယ်။ ပီအက်စ်ဂျီနဲ့ ကစားခဲ့
တဲ့ပွဲမှာ တော့ အသင်းရဲ့အမာခံ အဓိက ကစားသမားအများစုကိုအသုံးပြုပြီး ကစားခဲ့တဲ့အချိန်မှာ
လည်း ဘာစီလိုနာ ဟာပီအက်စ်ဂျီကို အရေး နိမ့်ခဲ့ရတာ တွေ့ရတယ်။ ဒါကြောင့် လက်ရှိဘာစီလို
နာရဲ့ အနေအထားကိုကြည့်ရင် စိတ်ချရတဲ့တည်ငြိမ်မှု မျိုးရဖို့ လိုအပ်နေသေးတယ်ဆိုတာ မြင်သာ
နေတယ်။
အဓိကလူဟောင်းတွေနဲ့ကစားတဲ့ အချိန်မှာ ထင်သလောက်မဖြစ်တော့သလို လူငယ်တွေကို
အားကိုးပြန်တော့လည်း အသင်း ဟာ အတွေ့အကြံုပိုင်း အားနည်းမှုတွေနဲ့ လိုအပ်ချက်တွေ
ရှိနေသေးတယ်။
ဒါဟာ ဒီရာသီအတွက် အင်းနရစ်ဖြေရှင်းဖို့ လိုအပ် နေသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။ ဒီပုစ္ဆာရဲ့အဖြေ
ဟာဆွာရက်ဇ်ပဲ ဖြစ်လာမလား၊ ဆွာရက်ဇ် ပြန်အလာကို စောင့်ရင်း ဘာစီလိုနာရဲ့အနေ အထား
ကို စောင့်ကြည့်ရပါဦးမယ်။















