ကိုးလ်မင်းညီနောင်နဲ့ အပြောင်းအလဲ စိန့်မေရီကောင်းကင်

ကိုးလ်မင်းညီနောင်နဲ့ အပြောင်းအလဲ စိန့်မေရီကောင်းကင်

လွန်ခဲ့တဲ့သုံးလတုန်းက ဆောက်သမ်တန် မြို့သူမြို့သားတွေဟာ သူတို့အားပေးတဲ့
ကလပ်အသင်း ဖရိုဖရဲဖြစ်နေတာကိုကြည့် ပြီး စိတ်ပျက်နေခဲ့ကြပါတယ်။ ဆောက်သမ်တန်ဟာ
အသင်းငယ်လေးတစ်သင်းပါ။ မနှစ်က ပရီမီယာလိဂ်ပြီးဆုံးသွားတော့ ဆောက်သမ်တန်ဟာ
အဆင့်(၈)မှာ တင်ကျန်ရစ်ပြီး နောက်တစ်နှစ်ကို စောင့်ကြို နေခဲ့ကြပေမယ့် အသင်းကိုစီမံကွပ်
ကဲနေ တဲ့ စီးအီးအို နုတ်ထွက်သွားခြင်းရဲ့ နောက် ဆက်တွဲက အသင်း ဖရိုဖရဲဖြစ်လောက်တဲ့
အထိဖြစ်သွားခဲ့ပါတယ်။

နည်းပြပိုချက်တီနို စပါးကို ပြောင်းရွှေ့ထွက်သွားလိုက်တော့ အသင်းကို ဦးဆောင်နေတဲ့ အဓိက
ကစား သမားတွေဖြစ်တဲ့ ရစ်ကီလမ်းဘတ်၊ အဒမ် လာနာနာတို့နဲ့အတူ လုခ်ရှော၊ ကလမ်ချိန် ဘား၊
လိုဗ်ရန်စတဲ့ ကစားသမားတွေ ဆက်တိုက်ဆက်တိုက် ထွက်ခွာသွားကြလို့ အသင်းက ဖရိုဖရဲဖြစ်
သွားပြီး ဆောက်သမ် တန် မြို့သူမြို့သားတွေ စိတ်ပျက်ခဲ့ကြရတာဖြစ်ပါတယ်။ အားလုံးကလည်း
ဆောက်သမ်တန်ဟာ ၂၀၁၄ဪ၁၅ ဘောလုံးရာသီကုန်ရင်တော့ လိဂ်ချန်ပီယံရှစ်တန်းကို ပြန်
သွားရတော့မယ်။

ဖခင်ရဲ့အမွေဆက်ခံ ခွင့်ရခဲ့တဲ့ ဘယ်လ်ဂျီယံ သူဌေးမလေး ကက် သရီနာလီဗာဟာ တစ်ယောက်
လည်း ကမောက်ကမတွေ ကြံုတွေ့ရတော့မှာလို့ ထင်ထားခဲ့ကြပါတယ်။ အခုတော့ အဲဒီ ထင်မြင်
မှုတွေက မိုးသားတိမ်လိပ်တွေ ကင်းစင်တဲ့ မိုးကောင်းကင်ပြာကြီးလို လှပ လို့ လာနေခဲ့ပြီဖြစ်ပါ
တယ်။ ဆောက်သမ်တန်မြို့က လူတွေဟာ စိတ်ပျက်အားလျော့ နေမှုတွေ ပျောက်ကင်းသွားကြ
သလို အသင်းမှာ ကျန်ခဲ့တဲ့ ကစားသမားတွေ ရဲ့ စိတ်ဓာတ်တွေက လည်း ပြန်လည် တက်ကြွလို့
လာနေခဲ့ကြပြီ ဖြစ်ပါတယ်။

အမွေဆက်ခံသူ ပိုင်ရှင်သစ်ကက်သရီ နာလီဗာဟာဆိုတဲ့ အမျိုးသမီးဟာ ဖခင် အမွေဆက်ခံပြီး
ထိန်းသိမ်းနိုင်ဖို့အတွက်အရင်ဆုံး ကလပ်ကို စနစ်ကျတဲ့ ဖွဲ့စည်းပုံ ကို တည်ဆောက်ခဲ့ပါတယ်။
ဥက္ကဋ္ဌ၊ စီအီးအို၊ ကလပ်ဒါရိုက်တာ၊ မူရင်းကုမ္ပဏီဒါရိုက်တာ များ၊ နည်းစနစ်ဒါရိုက်တာ၊ ဂုဏ်ထူး
ဆောင် နာယက၊ အသင်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ဌာနအကြီးအကဲ၊ ကလပ်အသင်းမန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ ပြန်လည်တည် ဆောက်ရေးဌာနအကြီးအကဲ၊ အသင်းကြီး အတွက်
ကစားသမားရှာဖွေရေးအဖွဲ့၊ လူငယ်ကစားသမား ရှာဖွေရေးအဖွဲ့၊ ယူ-၁၈ အသင်းနည်းပြ၊
ယူဪ၁၆ အသင်း နည်းပြ၊ လူငယ်အကယ်ဒမီမန်နေဂျာ စတဲ့ ဖွဲ့စည်းပုံနဲ့ ဆောက်သမ်တန်
ကလပ်ကို တည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။ မနှစ်က အသင်းကိုအတိုင်းအတာတစ်ခု
အထိ အောင်မြင်အောင်ကိုင်တွယ်နိုင်ခဲ့တဲ့ မန်နေဂျာ ပိုချက်တီနို အသင်းက ထွက်ခွာသွားတော့
နည်းပြရှာပုံတော် ခရီးထွက်ခဲ့တဲ့ဆောက်သမ်တန်ဟာ ဥက္ကဋ္ဌသစ်ဖြစ်သူ ရပ်ဖ်ကရီဂါ ဟောလီးဒေး
ထွက်နေချိန်မှာဖြစ်လို့ စီအီးအို ဂါရက် ရော်ဂျာတစ်ယောက်တည်း အဆုံးအဖြတ်နဲ့ နည်းပြ ရှာခဲ့ကြ
ရတာဖြစ်ပါတယ်။

နောက်ဆုံး မှာ ဒတ်ချ်မန်နေဂျာရော်နယ်ကိုးလ်မင်းကိုသူတို့လက်ခံလိုက်ကြပါတယ်။ ရော်နယ်လ်
ကိုးလ်မင်းကလည်း သူ့လက်ထောက်အဖြစ် ညီဖြစ်သူ အာဝင်းကိုးလ်မင်းကိုပါ ခေါ်လာ ခဲ့ပါတယ်။
ဒီဒတ်ချ်ညီနောင်ရဲ့ ဆောက်သမ်တန်ခရီးက မလှပနိုင်ဘူးလို့ပဲ အများစု က မြင်နေခဲ့ကြပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အသင်းရဲ့ အဓိကကျတဲ့ ကစား သမားတွေကို လီဗာပူး၊ မန်ယူ၊ အာဆင်
နယ် တို့က ကမ်းလှမ်းလာခဲ့ကြပြီး ကစားသမားတွေကလည်း ထိန်းထားတာကိုတောင် လက်မခံနိုင်
ဘဲ ထွက်ခွာသွားကြလို့ အသင်း ပျက်တစ်ခုလို ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါ တယ်။

အရင်ဆုံး လုခ်ရှောနဲ့ အဒမ်လာလာနာတို့ မန်ယူနဲ့ လီဗာပူးကို ထွက်ခွာသွားကြပြီး နောက်တော့
ရစ်ကီလမ်းဘတ်ကပါ လီဗာပူး လိုက်ပါသွားကာ ချိန်ဘားကလည်း အာဆင် နယ်ကိုထွက်ခွာသွား
ခဲ့ပါတယ်။ အဲဒီနောက် တော့ ကိုးလ်မင်းညီနောင်ရောက်လာကြပြီး နောက်တန်းက ခရိုအေးရှား
ကစားသမား လိုဗ်ရန်ကို လီဗာပူးထပ်ကမ်းလှမ်းလာပြန် တော့ လိုဗ်ရန်ကို ထွက်မသွားဖို့ နားချ
ပေမယ့် မရဘဲ လီဗာပူးကို ထွက်သွားခဲ့ပြန် ပါတယ်။ အသင်းမှ တကယ်အရေးပါတဲ့ ကစားသမား
တွေချည်း ထွက်သွားတဲ့ အတွက် နောက်ဆုံးကျန်ခဲ့တဲ့ကစားသမား တွေပါ စိတ်ပျက်နေခဲ့ကြပါ
တယ်။

တကယ် ကို စိတ်ပျက်စရာ အခြေအနေပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကိုးလ်မင်းကတော့ စိတ်ပျက်
စကားပြောဆိုခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ် နဲ့ ရှိနေခဲ့ပါတယ်။ အသင်းက ကစားသမား တချို့ကို
ထိန်းထားချင်ပေမယ့် ကစားသမား က မနေချင်တဲ့ အခြေအနေရောက်တော့ စာချုပ်သက်တမ်းရှိ
တုန်းမှာ အသင်းဟာမရောင်းချင်လည်း ရောင်းရတော့မှာပဲဖြစ်ပါ တယ်။ အခုတော့ အဲဒီထွက်ခွာ
သွားသူ အဓိက ကစားသမားငါးဦးဟာ အသင်းသစ်တွေမှာ နေရာရဖို့ ရုန်းကန်နေကြရပြီဖြစ်ပါ
တယ်။


 

ပုံမှန်နေရာမရလို့ စိတ်ဓာတ်ကျတာမျိုးတောင် ဖြစ်နေခဲ့ပါတယ်။ အသင်းပျက်သွားပြီလို့ ထင်ထားတဲ့
ဆောက်သမ်တန်ကတော့ ပုံပျက် မသွားဘဲ မနှစ်ကထက်တောင် ပိုကောင်းသလို ဖြစ်နေတာက
ခြားနားမှုပဲဖြစ်ပါတယ်။ ဘာကြောင့် အသင်းက ဒီလိုငြိမ်ရတာလည်းကြည့်လိုက်ရင် စနစ်တကျဖွဲ့
စည်းထားမှုနဲ့ အသင်းအင်အားကို လုံလုံလောက်လောက် ပြန်ဖြည့်နိုင်ခြင်းတို့ကြောင့်သာပဲ ဖြစ်ပါ
တယ်။

လာလာနာ၊ လုခ်ရှော၊ ချိန်းဘား၊ လမ်းဘတ်၊ လိုဗ်ရန်၊ ငါးဦးရောင်းရငွေဟာ ပေါင် ၉၂ သန်းအထိ
ရှိထားလို့ သူဌေးမ ကက်သရီနာလီဗာဟာ ချမ်းသာသွားပြီလို့ ထင်ထားခဲ့ ကြတာပါ။ နောက်ထပ်
ရင်းနှီးမြှုပ်နှံဖို့ ဘယ်လို လုပ်မယ်ဆိုတာကို စိတ်ဝင်စားနေခဲ့ကြပါတယ်။ တကယ်တမ်းကြည့်လိုက်
တဲ့အခါမှာတော့ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြန်လည်ရင်းနှီးမြှုပ်နှံသွားခဲ့တာကို တွေ့
လိုက် ရပါတယ်။ ပေါင် ရ၂ သန်းကျော် ပြန်သုံးသွား ခဲ့လို့ ကစားသမားဖြစ်တဲ့ ဒါဗီးစ်ကိုယ်တိုင်
တောင် မယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ ပဲလေ၊ တာဒစ်၊ ဂါဒိုစ်၊ ဘာထရန်၊ ရှိန်းလောင်း၊ မာနေ၊
ဖော်စတာ၊ အဲလ်ဒါ၀ဲလ်ဒဲလ် စတဲ့ ကစားသမားတွေကို ခေါ်ထားလိုက်တာပါ။

အသင်းကနေ နောက်ဆုံးထွက်ခွာဖို့ လုပ်နေ တဲ့ ရှနိုက်ဒါလင်ကို ထိန်းထားနိုင်တာက လည်း
ရော်နယ်ကိုးလ်မင်းရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ ကိုးလ်မင်းဟာ အသင်းကိုရောက်ရောက်ချင်း
မှာ ကစားသမားတွေကိုစုစည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ လာလာနာ
အုပ်စုထွက်သွား သည့်တိုင်အောင် စိုးရိမ်စိတ်မရှိခဲ့ကြပါဘူး။ ကိုးလ်မင်းလိုချင်တဲ့ ဆောက်သမ်
တန်ရဲ့ ပုံစံက ဘောလုံး ပိုင်ဆိုင်ထားနိုင်မှုကို ဦးစားပေးထားပြီး တိုက်စစ် ကို ဦးတည်ထားခြင်းဖြစ်
ပါ တယ်။

ကြံ့ခိုင်မှုဟာ အဓိက ဆိုပေ မယ့် ကိုးလ်မင်းကတော့ နည်းစနစ်ပိုင်းကို ပိုဦးစားပေးပြီး တည်ဆောက်
ထားခဲ့ပါ တယ်။ ကစားအားအတင်အချဟာ ဆောက် သမ်တန်ရဲ့ အဓိကဟန် ဖြစ်ပါတယ်။ ဒီလို
ကစားနိုင်မှ ကွင်းလယ်ကို စိုးမိုးနိုင်ပြီး ရလဒ် ကောင်းမှာဖြစ်တယ်လို့ ကိုးလ်မင်း ယုံကြည်ထားခဲ့တာ
ဖြစ်ပါတယ်။

''ကျွန်တော် ဟာ ဒတ်ချ်တစ်ယောက်ဖြစ်လို့ ဒတ်ချ်စတိုင် ဖြစ်မယ် ထင်ထားမှာပါ။ အဲလိုမဟုတ်
ပါဘူး။ လေ့ကျင့်မှုကို အဓိထားပြင်ဆင် တည်ဆောက် ပါတယ်။ ဘယ်လိုလေ့ကျင့်မယ်ဆိုတာက
လည်း အမျိုးမျိုးရှိထားပါတယ်။ ဥရောပပွဲတွေ မကစားရတာက ကျွန်တော့်အတွက် ပြင်ဆင် လေ့
ကျင့်မှုပိုရခဲ့ပါတယ်။ သူရောက်လာပြီးမှ ဆောက်သမ်တန်နောက်တန်းက နသန် ကလိုင်းနဲ့ ဖွန်တီ၊
တိုက်စစ်က ပဲလေတို့ဆိုရင် နိုင်ငံ့လက်ရွေးစင်အသင်းမှာ အရွေးခံခဲ့ကြ ရတဲ့အထိ အောင်မြင်လာ
ကြပြီဖြစ်ပါတယ်။ အခု ပရီမီယာလိဂ်ခုနစ်ပွဲကစားအပြီးမှာ ဆောက်သမ်တန်ဟာ အဆင့်(၃)မှာ
ရပ်တည် နေသလို လိဂ်ဖလားပြိုင်ပွဲမှာ အာဆင် နယ်ကို အနိုင်ယူပြီး နောက်တစ်ဆင့် ကို တက်
ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ရာသီအစပဲ ဖြစ်သေးပေမယ့် အသင်းဟာ ထိုးစိုက် ဆင်းသွားမယ် ထင်ထားကြတဲ့ အများပြည်သူ
တွေကို ဆောက် သမ်တန်ဟာ သူ့တန်ဖိုးကို ထိန်း နိုင်တယ်ဆိုတာကိုတော့ ပြသ လိုက်ပြီဖြစ်ပါ
တယ်။ ကိုးလ်မင်း ကိုယ်တိုင်ကလည်း မနှစ်က ပိုချက် တီနို ရပ်တည်ခဲ့တဲ့ အဆင့်(၈)ထက် မနိမ့်
တဲ့အဆင့်ကို ရပ်တည်နိုင်ဖို့ရည်ရွယ်လို့ နေပါတယ်။ တူရကီကလပ်ဂါလာတာစာရေး က ကမ်း
လှမ်းတာကို လက်မခံဘဲ ဆောက်သမ်တန်ကို ရွေးချယ်တာကိုက ကိုးလ်မင်းဟာ ပရီမီယာလိဂ်
ကို ဖြတ်သန်းချင်နေတာ သေချာနေပါတယ်။ ဆောက်သမ်တန်ကိုကိုင်ဖို့ ဒတ်ချ်ကလပ် ဖီယင်နု
ကနေ သူ နှုတ်ထွက်၊ သူ့ညီအာဝင်ကိုးလ်မင်းက ျွုဃ ျွှေေူတငြု နုတ်ထွက်ပြီး စိန့်မေရီကို လှမ်းလာ
ခဲ့ကြတာ ဖြစ်ပါတယ်။

အရင်က သူတို့ညီအစ်ကိုနှစ်ယောက် ဒီလိုအတူတွဲပြီး အလုပ်လုပ်တာမရှိပေမယ့် မနှစ်က သူတို့
ဖခင် မကွယ်လွန်ခင်မှာ မှာကြားခဲ့တဲ့အတိုင်း ညီအစ်ကိုနှစ်ယောက် လက်တွဲလိုက်ကြတာ ဖြစ်ပါ
တယ်။

ခုနစ်ပွဲကစားအပြီးမှာ ဆောက် သမ်တန်ဟာ ၁၁ ဂိုးသွင်းထားပြီး ပေးဂိုးက ငါးဂိုးသာရှိထားခဲ့တာ
ကြောင့် ခံစစ်ပိုကောင်း တဲ့အသင်းလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ကလပ် ဖွဲ့စည်းတည်ဆောက်
ပုံကောင်းခြင်း အောက်မှာ မန်နေဂျာရဲ့ တည်ဆောက်ထားတဲ့ ဟန်အသစ်က အခုတော့ စိန့်မေရီ
မိုးကောင်း ကင်ကြီးက ပြာလဲ့လာခဲ့ပြီဖြစ်ပါတယ်။ တန်း ဆင်းရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပြေ
ပျောက် သွားခဲ့ပြီဖြစ်လို့ ဆောက်သမ်တန်ဟာ အလယ် အလတ်အသင်းတွေထဲမှာတော့ ထိပ်
တန်း ဖြစ်လာမယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး