မန်စီးတီး - စပါး (စနေ၊ ညနေ ၆း၁၅)
အခုပွဲမှာ ပိုချက်တီနိုဟာ တိုက်စစ်ထက် ခံစစ်ကို ဦးစားပေးပြင်ဆင်လာဖွယ်ရှိပါတယ်။ ခြေကွာတဲ့
အနေအထားမှာရှိပေမယ့် မန်စီးတီးတိုက်စစ်ဂိုးသွင်းဖို့ ခက်ခဲနိုင်ပါတယ်။ မန်စီးတီး နိုင်ရင်တောင်
ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်လာနိုင်လို့ စပါးကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် - ချယ်လ်ဆီး (စနေ၊ ည ၈း၃၀)
မနှစ်ကမော်ရင်ညိုကို ဒုက္ခပေးသွားတဲ့အသင်းထဲမှာ ပဲလေ့စ်လည်းပါတယ်ဆိုတာကို သတိရ
နေကြမှာပါ။ ချယ်လ်ဆီးကလည်း လက်ရှိကစားနေတဲ့အားက စွဲလမ်းစရာဖြစ်နေ ပါတယ်။
ပဲလေ့စ်ကွင်းမှာမော်ရင်ညိုသတိထားကစားလာနိုင်ပါတယ်။ တစ်ဂိုးသွင်းပြီးသွားရင် ထိန်းကစားနိုင်
လို့ ပဲလေ့စ်ကို ရွေးရမှာပါ။
အာဆင်နယ် - ဟားလ်စီးတီး (စနေ၊ ည ၈း၃၀)
အာဆင်နယ်အိမ်ကွင်းမှာ ဂိုးမပေးရတဲ့ပွဲမရှိသလို ဂိုးမသွင်းနိုင်တဲ့ပွဲလည်း မရှိတာကြောင့် ဒီပွဲမှာ
ဟားလ်စီးတီးတိုက်စစ်က ဂျီလာဗစ်-အေဘယ်-ဖာနန်ဒက်ဇ်တို့ ဂိုးသွင်းလာနိုင်ပါ တယ်။ အာဆင်
နယ်နိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်ပါဘူး၊ သရေကျဖို့များတဲ့ပွဲဖြစ်ပါတယ်။
အဲဗာတန် - ဗီလာ (စနေ၊ ည ၈း၃၀)
အဲဗာတန်ခြေစွမ်းက မနှစ်ကလောက်မငြိမ်တာကို တွေ့ရမှာပါ။ ဗီလာကလည်း နောက်ဆုံး သုံးပွဲ
ဆက်တိုက်အသင်းကြီးတွေနဲ့ချည်း ကစားရကာ ဂိုးတွေ အများအပြားပေးနေရတဲ့အသင်း ဖြစ်ပါ
တယ်။ အကြိတ်အနယ်ရှိနိုင်ပြီး အဲဗာတန်အနိုင်ရသွားမယ့်ပွဲဖြစ်ပါတယ်။
ဘန်လေ - ၀က်စ်ဟမ်း (စနေ၊ ည ၈း၃၀)
အခုပွဲမှာလည်း ၀က်စ်ဟမ်းတိုက်စစ်ဦးစားပေးပြီး ကစားနိုင်လို့ အိမ်ရှင်ဘန်လေနဲ့ အကြိတ်အနယ်
ကစားနိုင်တဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ ၀က်စ်ဟမ်းအနိုင်ရနိုင်မယ် ထင်ရပေမယ့် ဘန်လေ ရဲ့ အိမ်ကွင်း
ခံစစ်အားကို ပိုကြိုက်လို့ ဘန်လေကို ရွေးချယ်သင့်ပါတယ်။
နယူးကာဆယ် - လက်စတာ (စနေ၊ ည ၈း၃၀)
လက်စတာက ခံစစ်ကောင်းတဲ့အသင်းမဟုတ်ပါဘူး။ အဝေးကွင်းမှာပိုပြီးအားနည်း ပါတယ်။
အလန်ပါဂျူး ဒီပွဲအနိုင်မရရင် ပြုတ်နိုင်ပါတယ်။ နယူးကာဆယ်ခံစစ် ပြန်ပြင်လာနိုင် ပါတယ်။
နယူးကာဆယ်နိုင်ပွဲ စတင်တွေ့မယ့်ပွဲဖြစ်ပါတယ်။
ဆောက်သမ်တန် - ဆန်းဒါးလန်း (စနေ၊ ည ၈း၃၀)
ဆန်းဒါးလန်းက အဝေးကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ ဒါပေမဲ့ တိုက်စစ်ဦးစားပေးတဲ့အသင်းဖြစ်လို့
ဂိုးသွင်းအားတစ်ခု ဆန်းဒါးလန်းမှာရှိနေတာကြောင့် အခုပွဲမှာ ဆောက်သမ်တန် ခက်ခက်ခဲခဲက
စားရနိုင်ပါတယ်။ သရေကျသွားနိုင်လို့ ဆန်းဒါးလန်းကိုရွေးသင့်ပါတယ်။
ကျူပီအာရ် - လီဗာပူး (တနင်္ဂနွေ၊ ည ရးဝဝ)
ကျူပီအာရ်ကလည်း ကစားအားကောင်းတဲ့အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ကွင်း ဆိုရင်
ကစားအားကောင်းတာတွေ့ရပါတယ်။ ဂိုးသွင်းနိုင်စွမ်းလည်းရှိပါတယ်။ လီဗာပူးပေါ့ပေါ့ဆဆကစား
လို့ မရတဲ့ပွဲဖြစ်ပါတယ်။ သရေနဲ့ပြီးဆုံးသွားနိုင်ပါတယ်။
စတုတ် - ဆွမ်ဆီး (တနင်္ဂနွေ၊ ည ၉း၃၀)
ဆွမ်ဆီးဟာ အစောပိုင်းကလောက် ကစားအားမကောင်းသလို စတုတ်လည်း ကစားအားတက်
လာခြင်း မရှိသေးပါဘူး။ အိမ်ကွင်းမှာ စတုတ်အနိုင်ရမယ်ထင်ရပေမယ့် ခြေသိပ်မကွာ လို့ ဒီပွဲဟာ
သရေကျသွားနိုင်ပါတယ်။
၀က်စ်ဘရွန်း - မန်ယူ (အင်္ဂါ၊ နံနက် ၁း၃၀)
အိမ်ကွင်းဆိုရင် အသင်းကြီးတွေကို ခံကစားနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။ အခုပွဲမှာ မန်ယူနိုင်
မယ်ဆိုရင်လည်း ဂိုးမပြတ်နိုင်ပါဘူး။ သရေကျဖို့များပါတယ်။ မန်ယူ အဝေးကွင်း ကစားပုံကလည်း
မကောင်းလို့ ၀က်စ်ဘရွန်းကို ရွေးသင့်ပါတယ်။














