ရောမမြေမှာ အိမ်ရှင်ကို ယုံကြည်တာ အကောင်းဆုံး ရွေးချယ်မှုပါ

ရောမမြေမှာ အိမ်ရှင်ကို ယုံကြည်တာ အကောင်းဆုံး ရွေးချယ်မှုပါ

ရိုးမား - ချီယေဗို (စနေ၊ ည ၁၀း၃၀)
ပြီးခဲ့သော ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဂျူဗင်တပ်ကွင်းမှာ ကစားခဲ့ရာ၌ ကွင်းလယ် ဒိုင်၏ ဘက်လိုက်
ဆုံးဖြတ်မှုကြောင့် ၃-၂ ဖြင့် အရေးနိမ့်ခဲ့သော်လည်း ရိုးမားခြေစွမ်း သည် ဂျူဗင်တပ်ထက်မညံ့ဟု
ကျွမ်းကျင်သူ အတော်များများက မှတ်ချက်ပေးကြသည်။

ပထမပိုင်းတွင် ၂-၂ သရေကျခဲ့ရာ၌ ဂျူဗင် တပ် ရရှိခဲ့သော နှစ်ဂိုးစလုံးသည် ပင်နယ်တီ မှတစ်ဆင့်
သွင်းယူခဲ့ခြင်းဖြစ်ရာ ကွင်းလယ် ဒိုင်၏ ဆုံးဖြတ်ချက်သည် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။

ဂျူဗင်တပ်ကွင်းပင် ဖြစ်လင့်ကစား ရိုးမားသည် ဘောလုံးပိုင်ဆိုင်မှု ၅၀/၅၀ ရှိခဲ့ပြီး ကစားကွက်
ဖော်ဆောင်မှုပိုင်းတွင် ဂျူဗင်တပ်ထက်ပင် အနည်းငယ်သာသည်။ ယင်းပွဲစဉ်အပြီးတွင် ရိုးမားနည်းပြ
ဂါစီယာ ကိုယ်တိုင်က သူ့အသင်းပေါ်တွင် လုံးဝ ယုံကြည်မှုရှိပြီး ခြေစွမ်းအားဖြင့် ဂျူဗင်တပ် ထက်
ပိုကောင်းသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂျူဗင်တပ်ကို ရှုံးနိမ့်ခဲ့သော်လည်း ယင်းပွဲစဉ်အပြီးတွင်
ရိုးမားကစားသမား အားလုံးသည် ၎င်းတို့၏ ခြေစွမ်းနှင့် စိတ်ပိုင်း ကြံ့ခိုင်မှုများအပေါ် ယုံကြည်မှု
မြင့်တက်လာ ကြသည်။ ဂျူဗင်တပ်နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် ရိုးမား အဓိက ဘောလုံးသမားများဖြစ်သော
ဒီရော့စီ၊ ဒီဗင်စထရုမင်း၊ အက်စတိုရီ၊ ကက် စတန်နှင့် ဂိုးသမား ဒီဆန်းတစ်တို့ ဒဏ်ရာ ကြောင့်
လွဲချော်ခဲ့သည်။

တော်ရုံတန်ရုံ အသင်းဆိုလျှင် ထိုသို့သော အခြေအနေမျိုး နှင့် ဂျူဗင်တပ်ကို ရင်ဆိုင်ပါက သွက်
သွက်ခါ သွားနိုင်သည်။ ရိုးမားသည် ဂျူဗင်တပ်ကို မရင်ဆိုင်မီ ကြားရက်ထဲတွင် ချန်ပီယံလိဂ်ပွဲစဉ်
အဖြစ် မန်စီးတီးကွင်းသို့ သွားရောက်ကစားခဲ့ရာ တွင် ၁-၁ သရေကျခဲ့သည်။ ချန်ပီယံလိဂ် အပြန်
တွင် ဂျူဗင်တပ်ကို အဝေးကွင်းတွင် ထပ်မံ ကစားရသောကြောင့် ပွဲပမ်းနေသည်။

တစ်ဖန် ကွင်းလယ်တွင် ကီတာ၊ နိုင်ဂိုလန်၊ ပန်နစ်တို့ကို ယင်းနှစ်ပွဲစလုံးတွင် ပွဲထွက် စေရာ
မန်စီးတီးနှင့်ပွဲတွင် ၎င်းတို့သုံးယောက် စလုံးသည် လူစားမလဲဘဲ ပွဲပြည့်ကစားခဲ့ရ သည်။
ဂျူဗင်တပ်နှင့်ပွဲတွင်လည်း ဒုတိယ ပိုင်း ၈၅ မိနစ်ရောက်မှ ပန်နစ်ကို ပါရီဒက်စ် ဖြင့် လူစား
လဲစေသည်မှလွဲပြီး ကျန်လူ နှစ်ယောက်မှာ ပွဲပြည့်ကစားခဲ့ရသည်။ သို့ကလိုကြောင့် ဒီရော့စီ၊
ကီဗင်စထရုမင်း တို့ ဒဏ်ရာရချိန်တွင် ရိုးမားကွင်းလယ်သည် မန်စီးတီး၊ ဂျူဗင်တပ်တို့နှင့် ယှဉ်ပြိုင်
ရ သော ကြောင့် ဘေးကျပ်နံကျပ်များဖြင့် ရင်ဆိုင် ခဲ့ရသည်။

တစ်ဖန် ခံစစ်ကြောင်းတွင် မန်စီးတီးနှင့်ပွဲ၌ မိုင်ကွန်၊ မန်နိုလက်စ်၊ ရန်ဂါအမ်ဘီဝါ၊ အက်ရှ်လေ
ကိုးလ်တို့နှင့် ပွဲထွက်ခဲ့ပြီး ဂျူဗင်တပ်ကို ပြန်လည်ရင်ဆိုင်သောအခါတွင် အက်ရှ်လေကိုးလ်နေရာ
တွင် ဂရိနောက်ခံလူ ဟိုလီဘက်စ်ကို ထည့်သွင်းသည်မှလွဲပြီး ကျန်လူသုံးယောက်မှာ မန်စီးတီး
ကို ရင်ဆိုင် ခဲ့သူများ ဖြစ်ကြသည်။ ရိုးမားနောက်တန်းတွင် အီတလီလက်ရွေးစင် အက်စ်တိုရီနှင့်
ဘရာဇီးလ်လက်ရွေးစင် ကက်စတန်တို့ ဒဏ်ရာရနေသောကြောင့် ခံစစ်ကြောင်း တွင် အနည်းငယ်
ရုန်းကန်ခဲ့ရသော်လည်း ဖရိုဖရဲ ဖြစ်မသွားဘဲ တည်တည်ငြိမ်ငြိမ်နှင့် ကစားသွားနိုင်သည်ကို
တွေ့ရသည်။

တိုက်စစ်ပိုင်းတွင်မူ ရိုးမားသည် လူ အင်အား တောင့်တင်းကျစ်လျစ်ပြီး ကစား သမား အများစုသည်
ပုံမှန်ခြေစွမ်းကို ထိန်းနိုင်သော အနေအထားတွင် ရှိသည်။ ဂျူဗင်တပ်နှင့်ပွဲတွင် အာဂျင်တီးနားတိုက်
စစ်မှူး အိုင်တာဘီ (၂၁ နှစ်) ပြန်လည်ပါ၀င် လာပြီး တစ်ဂိုးသွင်းခဲ့သောကြောင့် ရိုးမား တိုက်စစ်
အတွက် အားဆေးတစ်ခွက် ဖြစ် လာသည်။

တစ်ဖက်တွင် ချီယေဗိုသည် ပွဲစဉ်(၂)တွင် မထင်မှတ်ဘဲ နာပိုလီကို နိုင်ခဲ့သည်မှလွဲပြီး ကျန်ပွဲများ
တွင် နိုင်ပွဲမရဘဲ ရုန်းကန်နေရ သည်။ အထူးသဖြင့် ပြီးခဲ့သော လေးပွဲဆက်တိုက်တွင် သုံးပွဲရှုံးပြီး
တန်းတက် အမ်ပိုလီ တစ်သင်းကိုသာ အိမ်ကွင်း၌ ၁-၁ သရေကျခဲ့ရာ စွမ်းဆောင်ရည်ပိုင်း ကျဆင်း
နေသည်ဟု ကောက်ချက်ဆွဲနိုင်သည်။ ထိုလေးပွဲအတွင်း ရှစ်ဂိုးသွင်းခံလိုက်ရ သော ချီယေဗိုနောက်
တန်းသည် တစ်ပွဲ ပျမ်းမျှ နှစ်ဂိုးသွင်းခံရပြီး လုံခြံုမှုမရှိကြောင်း ပေါ်လွင်နေသည်။

ချီယေဗို နောက်တန်း တွင် အဓိက ဘောလုံးသမား သုံးဦးမှာ အသက် ၃၀ ကျော်သူများ
ဖြစ်နေကြောင့် အတွေ့အကြံုပိုင်းတွင် အားသာချက်ရှိသော်လည်း ပြေးအားနှင့် ရွေ့လျားမှု
ကျဆင်းနေသောကြောင့် ကွင်းလယ်ခံစစ် က မကြာခဏ ဆင်းကူပေးနေရသည်။

သို့ကလိုကြောင့် တိုက်စစ်မှူးများသည် ကွင်းလယ်ထဲ ဆင်းနေရပြီး ရံဖန်ရံခါတွင် 'ခါးပြတ်'သွား
တတ်သည်။ ချီယေဗိုတိုက်စစ် သည် စီးရီးအေ ခြောက်ပွဲကစားခဲ့ရာ၌ ငါးဂိုး သာ သွင်းယူနိုင်သည်။
ဆိုရပါလျှင် ဘက်စုံထောင့်စုံမှ သာလွန် သော ရိုးမားသည် ဂျူဗင်တပ်ကို ရှုံးနိမ့်ပြီး နောက် ယခုပွဲကို
အနိုင်ကစားပြီး အသင်းကို ပြန်လည် 'ဆွဲတင်'နိုင်မည်ဟု ယူဆရသည်။ အိမ်ရှင်ရိုးမား အနိုင်ပြတ်
သားဖွယ်ရှိပြီး နှစ်သင်းပေါင်းသွင်းဂိုးကတော့ နည်းဖွယ် ရှိသည်။



ဖတ်ရှုမှုအများဆုံး