ဆက်စူလို - ဂျူဗင်တပ် (စနေ၊ ည ၁၀း၃၀)
အမှတ်ပေးဇယား အောက်ဆုံးရောက်ပြီး တိုက်စစ်ပါပျောက်နေတဲ့ ဆက်စူလိုဟာ ဂျူဗင်တပ်ရဲ့
ပြိုင်ဘက် အဆင့်မှာ မရှိပါဘူး။ ဂျူဗင်တပ်ဟာ ရိုးမားကို နိုင်လိုက်လို့ စိတ်အားတက်ကြွ နေတယ်။
တိုက်စစ်ရော ခံစစ်ပါ စီးရီးအေမှာ အကောင်းဆုံးဖြစ်နေတယ်။ ဂျူဗင်တပ်သာ တကယ်'ညှစ်'ကစား
မယ်ဆိုရင် ဂိုးပြတ်နိုင်ဖို့ အခက်အခဲ မရှိလောက်ဘူး။
ဖီအိုရင်တီးနား - လာဇီယို (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
အိမ်ကွင်းမှာ အင်တာမီလန်ကို သုံးဂိုးပြတ်နိုင်ထားတဲ့ ဖီအိုရင်တီးနားတိုက်စစ်အား ပြန်ပြီး ဦးမော့
လာပါတယ်။ ဖီအိုရင်တီးနားတိုက်စစ်ဟာ အချိတ်အဆက်မိသွားရင် တော်ရုံတန်ရုံ နောက်တန်း
ပြိုဆင်းသွားနိုင်တယ်။ လာဇီယိုလည်း ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ခုနစ်ဂိုး သွင်းနိုင်ခဲ့ပေ
မယ့် နောက်တန်းကစားပုံထောင့်မစေ့သေးဘူး။ ဖီအိုရင်တီးနား နိုင်ခြေများတယ်။
အင်တာမီလန် - နာပိုလီ (တင်္နလာ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ကက်ဂလီယာရီကို ၄-၁၊ ဖီအိုရင်တီးနားကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ အင်တာ
မီလန်ဟာ စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုကြားမှာ အတော်လေး ရုန်းကန်နေရ တယ်။ အထူး
သဖြင့် စီးရီးအေပြိုင်ပွဲမှာ အင်တာမီလန်ခြေပျက်ပြီး နောက်တန်းပွင့်နေလို့ ဖိအားများနေတယ်။
နာပိုလီကတော့ သုံးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ပေးဂိုးတစ်ဂိုးသာရှိလို့ တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံ
တိုးတက်လာတယ်။ တောင်ပံတိုက်စစ်သမားတွေ ဂိုးမြူးလာလို့ နာပိုလီတိုက်စစ်ဟာ ကြောက်ဖို့
ကောင်းတယ်။ အခုပွဲမှာလည်း နာပိုလီကို ပိုကြိုက်တယ်။
ဂျီနိုအာ - အမ်ပိုလီ (အင်္ဂါ၊ နံနက် ၁း၁၅)
ပါးမားကွင်းမှာ ၂-၁ နဲ့ နိုင်ခဲ့တဲ့ ဂျီနိုအာခြေစွမ်းကို 'တက်'လာမယ်လို့ ယူဆရတယ်။ ဂျီနိုအာ
ရှေ့တန်းမှာ အီတလီတိုက်စစ်မှူးမာထရီ ခြေစွာပြီး ပါးမားနဲ့ပွဲမှာ ဂိုးရတယ်။ အမ်ပိုလီကလည်း
သုံးပွဲဆက်တိုက် သရေကျပြီးနောက် အိမ်ကွင်းမှာ ပါလာမိုကို သုံးဂိုးပြတ်နိုင်ခဲ့လို့ လျှော့တွက်
လို့ မရဘူး။ အဲဒီလေးပွဲအတွင်းမှာ ရှစ်ဂိုးသွင်းနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်း သွင်းယူထား တယ်။
အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီနိုအာ 'ညှစ်'မယ်ဆိုရင် နိုင်ခြေ ခပ်ပါးပါးလောက်တော့ ရှိတယ်။
အတ္တလန္တာ - ပါးမား (စနေ၊ ည ၈းဝဝ)
နှစ်သင်းစလုံး တောက်လျှောက်ရှုံးနေပြီး 'ကြွေ' ကျနေတယ်။ အတ္တလန္တာဆိုရင် လေးပွဲဆက်တိုက်
ရှုံးခဲ့ရာမှာ ခုနစ်ဂိုးသွင်းခံရပြီး တစ်ဂိုးမှ ပြန်မသွင်းနိုင်ခဲ့လို့ တိုက်စစ်ရော၊ ခံစစ်ပါ ယိမ်းယိုင်နေတယ်။
ပါးမားလည်း နိုင်ပွဲတစ်ပွဲသာရသေးပေမယ့် သွင်းဂိုး ၁၁ ဂိုးရှိလို့ ဂိုးသွင်း နှုန်းမှာ ရိုးမားနဲ့ တန်းတူရှိ
တယ်။ ဒါကြောင့် တိုက်စစ်အားကောင်းတဲ့ ပါးမားကို ပိုကြိုက်တယ်။
ကက်ဂလီယာရီ - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ရး၃၀)
မထင်မှတ်ဘဲ အင်တာမ်ီလန်ကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ်နိုင်ခဲ့တာကလွဲရင် ကက်ဂလီယာရီခြေစွမ်းက
မနှစ်ကလို ထက်မြက်ခြင်း မရှိတော့ပါဘူး။ ဆမ်ဒိုးရီးယားကတော့ နည်းပြ မီဟိုင်း လိုဗစ်ချ် ကိုင်
တွယ်မှုအောက်မှာ ရစ်သမ်မှန်နေတယ်။ ခြောက်ပွဲကစားပြီးချိန်မှာ လေးပွဲနိုင်၊ ရှုံးပွဲမရှိသေးဘဲ ပေး
ဂိုးနှစ်ဂိုးသာရှိလို့ ခံစစ်လုံခြံုပြီး ကျစ်လျစ်တောင့်တင်းတဲ့အသင်း ဖြစ်ပါ တယ်။ အခုပွဲမှာလည်း ဆမ်
ဒိုးရီးယားကိုပဲ ရွေးချယ်သင့်တယ်။
ဗီရိုနာ - အေစီမီလန် (တနင်္ဂနွေ၊ ည ရး၃၀)
၀ါရင့်ကစားသမားတွေကို အထိုင်ချပြီး စုဖွဲ့ထားတဲ့အသင်းဖြစ်လို့ ဗီရိုနာခြေစွမ်းဟာ ထိပ်သီး တွေ
ကိုတောင် သူတင်ကိုယ်တင်နီးပါး ကစားနိုင်တယ်။ အိမ်ရှင်အားသာချက်ကို ထည့်ပေါင်း ရင် ပြိုင်ဘက်တွေကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ အေစီမီလန်ကတော့ တောရက်စ်ကို မြားဦးမှာ
တင်ပြီး ၄-၂-၃-၁ ပုံစံနဲ့ အထိုင်ကျဖို့ ရုန်းကန်နေရတယ်။ ဗီရိုနာကို ပိုကြိုက်တယ်။
ပါလာမို - ဆီစီနာ (တနင်္ဂနွေ၊ ည ရး၃၀)
နိုင်ပွဲလုံးဝမရှိသေးတဲ့ ပါလာမိုဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာ လာဇီယိုကို ၄-၀၊ အမ်ပိုလီ ကို
၃-၀ နဲ့ အရေးနိမ့်ခဲ့လို့ နောက်တန်း 'ပွင့်ထွက်'နေသလို တိုက်စစ်ပါ ပျောက်သွားတယ်။ ဆီစီနာ
ကတော့ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ယူဒီးနိစ်နဲ့အေစီမီလန်တို့ကိုတောင် ၁-၁ သရေ ကစားထား
တယ်။ လက်ရှိ 'ရစ်သမ်' အရဆိုရင်တော့ ဆီစီနာကိုပဲ ရွေးချယ်သင့်တယ်။
တိုရီနို - ယူဒီးနိစ် (တနင်္ဂနွေ၊ ည ရး၃၀)
စီးရီးအေနဲ့ ယူရိုပါလိဂ်ကို တစ်ပြိုင်နက်တည်း ကစားနေရလို့ တိုရီနိုဟာ ပွဲပမ်း၊ ဒဏ်ရာတွေနဲ့
အတော်လေးရုန်းကန်နေရတယ်။ အထူးသဖြင့် စီးရီးအေမှာ လေးဂိုးသာ သွင်းနိုင်သေး လို့
တတိယသွင်းဂိုးအနည်းဆုံးဖြစ်နေတယ်။ ယူဒီးနိစ်ကတော့ နာပိုလီ၊ လာဇီယို၊ ပါးမားတို့ ကို
ဆက်တိုက်နိုင်ပြီးနောက် ပရိသတ်တွေ အားပေးမှု ရလာပေမယ့် ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ
ဆီစီနာကို ၁-၁ သရေကျခဲ့တယ်။ အခုပွဲမှာလည်း ကစားအား အပြည့်အဝ ထုတ်မသုံးမှာကို
စိုးရိမ်တာကလွဲရင် ယူဒီးနိစ်ကို ပိုကြိုက်တယ်။














