မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ဒို့ရိုးရာ လက်ဝှေ့အသင်းက စီစဉ် ကျင်းပတဲ့ မြန်မာ
နဲ့ ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူ
လက်ဝှေ့ ရုံအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးမှာ မြန်မာ နဲ့ ထိုင်း စိန်ခေါ်ပွဲ ငါးပွဲပါ၀င်ခဲ့ပြီး မျိုးဆက် သစ် သုံးချီစိန်
ခေါ်ပွဲ ခြောက်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ မြန်မာဪထိုင်းရိုးရာလက်ဝှေ့စိန်ခေါ် ပွဲမှာ
ထိုင်းဘက်က လာရောက်ယှဉ်ပြိုင်ကြ တဲ့ လက်ဝှေ့သမားတွေက အနိုင်ရဖို့ထက် မရှုံးဖို့ကိုပဲ ပြင်
ဆင်ထိုးသတ်သွားကြတာပါ။
မြန်မာလက်ဝှေ့ကျော်တွေက တစ်ဖက်သတ် တိုက်စစ်ဆင်နေပေမယ့် ထိုင်းလက်ဝှေ့သမားတွေက
သရေရလဒ်သာ မျှော်ကိုးပြီး ယှဉ်ပြိုင်ခဲ့ကြတာကြောင့် အကြိတ်အနယ်ပွဲကောင်းတွေ ဖြစ်ခဲ့တယ်
လို့တော့ မဆိုနိုင်ပါဘူး။ ပရိသတ်တွေအတွက်လည်း မြန်မာလက်ဝှေ့သမား တွေ အသာရလို့
အနိုင်ရလို့ ပျော်ရွှင်ခဲ့ကြ တယ်ဆိုပေမယ့် အကြိတ်အနယ်ပွဲကောင်း တွေ မတွေ့ခဲ့ရတာကြောင့်
အားမလို အားမရနဲ့ဘဲ ပွဲပြီးဆုံးခဲ့တာပါ။ ပထမဆုံးပွဲအဖြစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းရွှေတံဆိပ်
ချန်ပီယံ မိုက်ရိုင်း(ရွှေဖူး) နဲ့ အန်ယူချစ်တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ One On One big fight ငါ့အ ပြိုင်ပွဲမှာ ပေါ့ဆမှုကြောင့် ထိုင်းလက်ဝှေ့ သမားကို
အရှုံးပေးခဲ့ရတဲ့ မိုက်ရိုင်းဟာ ဒီပွဲမှာတော့ ပြိုင်ဘက်ထိုင်းလက်ဝှေ့သမားကို သတိထား ထိုးသတ်
ခဲ့ပြီး ဒုတိယအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့သလို အကောင်းဆုံး လက်ဝှေ့ရေးပြနိုင်တဲ့ လက်ဝှေ့
သမားဆုကိုလည်း မိုက်ရိုင်းက ရရှိခဲ့ပါတယ်။
နောက်တစ်ပွဲကတော့ ဖိုးလပြည့်(ရွှေဖူး) နဲ့ ဆီယာ (ထိုင်း)တို့ရဲ့ပွဲပါ။ ဒီပွဲမှာလည်း ဖိုးလပြည့်က
ဆီယာကို အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သတ္တိအောင်(ဒို့ရိုးရာ) နဲ့ သီတီပတ်ချ်(ထိုင်း)တို့ရဲ့ ပွဲမှာ
တော့ သတ္တိအောင်က တတိယအချီမှာ အနိုင်ရ ခဲ့ပါတယ်။ ဂေါ်မူတို(သတ္တိ)နဲ့ သန်ဝါလတ်စ်(ထိုင်း)
တို့ရဲ့ပွဲကတော့ ဒီပွဲမှာ တစ်ပွဲတည်းသော သရေပွဲဖြစ်ပါတယ်။ ယခုနှစ်အတွင်းတစ်ရှိန်ထိုး နာမည်
တက်လာတဲ့ ဂေါ်မူဒို ဟာ ဒီပွဲမှာတော့ စိတ်ကြိုက်လက်စွမ်းပြခွင့် မရခဲ့ပါဘူး။ သူ့ရဲ့ပြိုင်ဘက်
သန်ဝါလက်စ် က ၀ါရင့်လက်ဝှေ့သမားတစ်ဦးဖြစ်ပေမယ့် အသက်အရွယ်အကျပိုင်း ရောက်နေပုံ
ရပြီး သူအထိမနာအောင် အတွေ့အကြံုနဲ့ သရေရလဒ်ရအောင် ထိုးသတ်သွားတာ ပါ။ ပြိုင်ထိုး၊
ဆိုင်ထိုးတတ်တဲ့ ဂေါ်မူဒို ဒီပွဲမှာ သူ့ထက် ခြေဆံလက်ဆံရှည်တဲ့ ပြိုင် ဘက်ကိုသရေနဲ့ပဲ ကျေနပ်
ခဲ့ရပါတယ်။
နောက်ဆုံးပွဲစဉ်အဖြစ် ရွှေခါးပတ် ချန်ပီယံ စိုးလင်းဦးနဲ့ မွေထိုင်းချန်ပီယံ ပတ်ဆန်ဂွန်တို့ ရင်ဆိုင်
ထိုးသတ်ခဲ့ကြ ပါတယ်။ ပတ်ဆန်ဂွန်ရဲ့ ခြေအမြင့်ကန် ချက်ကြောင့် စိုးလင်းဦးပထမအချီမှာ အနား
တောင်းခဲ့ရပါတယ်။ ပထမအချီအပြီးမှာ တော့ ထိုင်းလက်ဝှေ့သမား လက်အဆစ် လွဲသွားတာ
ကြောင့် ဆက်လက်မယှဉ်ပြိုင် နိုင်တော့ဘဲ စိုးလင်းဦးက အနိုင်ရရှိခဲ့ ပါတယ်။














