ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ယူအေအီးနှင့် ယှဉ်ပြိုင်ကစားရမည်

ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ယူအေအီးနှင့် ယှဉ်ပြိုင်ကစားရမည်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်လျက်ရှိသော AFC U-19 Championship
ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာ ယူ-၁၉ အသင်းနှင့် ယူအေအီး ယူ-၁၉
အသင်းတို့ လာမည့် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃နာရီခွဲ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ
ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က) တွင် ထိုင်း၊ အီရန်၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်း
ကျရောက်ခဲ့ပြီး သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် လေးမှတ်ဖြင့် အုပ်စုဒုတိယနေ
ရာမှ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ AFC U-19 Championship ပြိုင်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍
ရန်ကုန်မြို့နှင့် နေပြည် တော်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံ ၀င်
ရောက် ယှဉ် ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ဆီမီး ဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင် သော အသင်းလေးသင်းသည် ၂၀၁၅ ခုနှစ်
တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် ယူဪ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်
ခွင့်ရရှိမည်ဖြစ်သည်။

ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များသည် အကြိတ် အနယ်ရှိလာ
မည်ဖြစ်ပြီး အိမ်ရှင်မြန်မာ ယူဪ၁၉ အသင်းသည်လည်း ကွာတားဖိုင်နယ် တွင် အုပ်စု(ခ)၏
အုပ်စုဗိုလ် ယူအေအီးအသင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ မြန်မာ ယူ-၁၉
အသင်း၏ နည်းပြချုပ် ဂတ်ဇီဆီက ကွာတား ဖိုင်နယ်ပွဲစဉ်နှင့်ပတ်သက် ၍ မြန်မာနိုင်ငံအတွက်
အလွန်အရေးကြီးသော ပွဲစဉ်ဖြစ်သောကြောင့် သေချာ ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

အခြား ပွဲစဉ်များအဖြစ် ထိုင်းနှင့် ဥဇဘက် ကစ္စတန်၊ ဂျပန်နှင့် မြောက်ကိုရီးယား၊ တရုတ်နှင့်
ကာတာတို့ ကစားကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး