ခုနစ်နိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

ခုနစ်နိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

မြန်မာ့ရိုးရာ လက်ဝှေ့အစည်းအရုံး၊ Dream Boat နှင့် 100 Plus တို့မှ ပူးပေါင်းစီစဉ်မှုဖြင့်
ခုနစ်နိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကိုလာမည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန် မြို့
သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါစိန်ခေါ်ပွဲကြီးတွင် မြန်မာနိုင်ငံရှိ နာမည်ကျော်လက်ဝှေ့သမားများက ဥဇဘက် ကစ္စတန်၊
ကနေဒါ၊ ထိုင်း၊ ဘရာဇီးလ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်တို့မှ လက်ဝှေ့သမားများ နှင့် ရင်ဆိုင်ထိုးသတ်
ကြမည်ဖြစ်သည်။ ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းနှင့် ၂၀၁၄
ခုနှစ် Thai FIght ချန်ပီယံ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဘို့ဗ်၊ ဆီးဂိမ်း'မွေ'ရွှေတံဆိပ်ချန်ပီယံ
တူးတူးနှင့် ၂၀၁၃ WMC ချန်ပီယံ ကနေဒါ နိုင်ငံသား မက်သရူးတို့က ရင်ဆိုင်ထိုးသတ် သွားမည်
ဖြစ်သည်။

"ကျွန်တော် မြန်မာပြည်ချန်ပီယံဖြစ်ပြီး နောက်ပိုင်း ပထမဆုံးထိုးသတ်မယ့် နိုင်ငံတကာပြိုင်ပွဲဖြစ်
တာကြောင့် သေချာအာရုံစိုက်ပြီး ပြင်ဆင်သွားမှာပါ။ ပြိုင်ဘက်ကစား သမားရဲ့ ယှဉ်ပြိုင်ထိုးသတ်
ပုံတွေကို အင်တာနက်ကနေကြည့်ပြီး လေ့လာထားပါတယ်။ကိုယ့်နိုင်ငံမှာ ယှဉ်ပြိုင်ရမယ့် ပွဲဖြစ်
တာကြောင့် အနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်သွား မှာပါ"ဟု ပူပူနွေးနွေး မြန်မာပြည်ချန်ပီယံ ထွန်း
ထွန်းမင်းက ပြောသည်။

အခြားပွဲစဉ်များအဖြစ် သပြေညို(မြန်မာ) နှင့် နာရွန်ချိုင်(ထိုင်း)၊ ကျားပေါက်(မြန်မာ) နှင့် ရာဖေးလ်
ဒါဆေးဗား(ဘရာဇီးလ်)၊ စောအယ်လေး(မြန်မာ)နှင့် ဘတ်ဘာယာ(မွန်ဂို လီးယား)၊ မိုးဟိန်း(မြန်
မာ)နှင့် ဂျိုနယ်(ဖိလစ် ပိုင်)၊ ရဲမြတ်အောင်(မြန်မာ)နှင့် ဗီရွန်တီ (ဖိလစ်ပိုင်)တို့က အသီးသီးရင်ဆိုင်
ထိုးသတ် သွားကြမည်ဖြစ်သည်။ ပြိုင်ပွဲ၏ လက်မှတ် ဈေးနှုန်းများကို ကျပ် ၅၀,၀၀၀၊ ၃၀,၀၀၀၊
၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ်ထားသည်။



ဖတ်ရှုမှုအများဆုံး