ဂိုးမြူးနေတဲ့ ဘိုင်ယန်တိုက်စစ်ကို မွန်ချင်တားဆီးနိုင်ပါ့မလား - ဘွန်ဒက်စ်လီဂါပွဲစဉ်(၉)

ဂိုးမြူးနေတဲ့ ဘိုင်ယန်တိုက်စစ်ကို မွန်ချင်တားဆီးနိုင်ပါ့မလား - ဘွန်ဒက်စ်လီဂါပွဲစဉ်(၉)

ဒီပွဲစဉ်မှာ ထိပ်ဆုံးကနှစ်သင်း ထိပ်တိုက်တွေ့နေတာက စိတ်ဝင်စားစရာပါပဲ။ မွန်ချင်ရဲ့အိမ်ကွင်းမှာ
သွားကစားရမယ့် ဘိုင်ယန်မြူးနစ်ကို အိမ်ရှင် တားဆီးနိုင်ပါ့မလားဆိုတာက စိတ်ဝင်စားစရာကောင်း
နေတာကြောင့် ဘွန်ဒက်စ်လီဂါရဲ့ပွဲစဉ်တွေဟာ အရှိန်အဟုန်တွေ မြင့်နေလျက်ပါပဲ။

၀ါဒါဘရီမင် - ကိုလုံး
စနေ၊ နံနက် ၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ကိုလုံး ၁-၁ ၀ါဒါဘရီမင်

တန်းတက်ကိုလုံးကို အထင်မသေးရဲ ပါဘူး။ ဘွန်ဒက်စ်လီဂါအတွေ့အကြံုရှိလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အဝေးကွင်း သုံးပွဲဆက်ရှုံးထားပါတယ်။ ကိုလုံးနဲ့ နှစ်သင်း ပေါင်း ဂိုးအများကို
ရွေးပါတယ်။

ဒေါ့မွန် - ဟန်နိုဗာ
စနေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟန်နိုဗာ ၀-၃ ဒေါ့မွန်

ဒေါ့မွန်ဟာ အိမ်ကွင်း နှစ်ပွဲဆက်တိုက် တစ်မှတ်ပဲရခဲ့သလို ဟန်နိုဗာရဲ့ အဝေးကွင်း ရလဒ်တွေမှာ
လည်း သုံးပွဲဆက်တိုက်ဂိုးမသွင်း နိုင်ပါဘူး။ ဒေါ့မွန် သုံးဂိုးပြတ်သွင်းဖို့တော့ မလွယ်ဘူးထင်တယ်။

အော့စ်ဘတ် - ဖရိုင်းဘတ်
စနေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရိုင်းဘတ် ၂-၄ အော့စ်ဘတ်

ဖရိုင်းဘတ်ဟာ တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး အခုထိနိုင်ပွဲမရသေးတဲ့ အသင်းဖြစ်ပါတယ်။
သရေပွဲ လုံးဝ မရှိတဲ့ ပြတ်သားမယ့် အော့စ်ဘတ်ကို ကြိုက်ပါတယ်။

ဟော့ဖန်ဟိမ်း - ပက်ဒါဘွန်း
စနေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟော့ဖန်ဟိမ်း ၁-၀ ပက်ဒါဘွန်း

အိမ်ရှင်က နံပါတ်(၄)မှာ ရပ်တည်ပြီး ပက်ဒါဘွန်းက အဆင့်(၇)မှာ ရပ်တည်နေ တယ်။ အဝေး
ကွင်းအားနည်းတဲ့ ပက်ဒါ ဘွန်းကို ငြင်းပယ်ပြီး အသေချာဆုံး က နှစ်သင်း ပေါင်း သွင်းဂိုးအများပဲ။

ဟာသာဘာလင် - ဟမ်းဘတ်
စနေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟမ်းဘတ် ၀-၃ ဟာသာဘာလင်

ဧည့်သည်ဟမ်းဘတ်က တန်းဆင်းဇုန်ထဲ မှာပါ။ နိုင်ပွဲလည်း တစ်ပွဲပဲရှိပါတယ်။ အိမ် ကွင်းနှစ်ပွဲ
ဆက်တိုက် နိုင်ထားတဲ့ ဟာသာ ဘာလင်နဲ့ ဂိုးအနည်းကို ရွေးချယ်ချင်ပါတယ်။

ဖရန့်ဖတ် - စတုဂတ်
စနေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရန့်ဖတ် ၂-၁ စတုဂတ်

အဝေးကွင်းနိုင်ပွဲမရှိသေးတဲ့ စတုဂတ် ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရဦးမှာပါ။ တစ်ဂိုး အသာနဲ့
ကပ်နိုင်ရင် အပြည့်အဝလက်ရုံး ဆန့်တန်းနိုင်မယ့် အိမ်ရှင်နဲ့အတူ ရပ်တည် မယ်။

လေဗာကူဆင် - ရှော်လ်ကေး
စနေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
လေဗာကူဆင် ၁-၂ ရှော်လ်ကေး

ရှော်လ်ကေး အဝေးကွင်းမှာ သရေဆိုတာ မရှိပါဘူး။ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ လေဗာ ကူဆင်ကို
အားပေးရမယ်။ ၀ုဖ်ဘတ် - မိန့်ဇ် တနင်္ဂနွေ၊ ည ၈းဝဝ နောက်ဆုံးတွေ့ဆုံမှု၊ ၀ုဖ်ဘတ် ၃-၀ မိန့်ဇ်
၀ုဖ်ဘတ်အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ် လာမှာပါ။ အလားတူ မိန့်ဇ်အတွက်လည်း မချောင်လှပါဘူ။
မိန့်ဇ် အနိမ့်ဆုံးတော့ သရေ ခံကစားမယ်ထင်တယ်။

မွန်ချင်ဂလက်ဘတ် - ဘိုင်ယန်မြူးနစ်
တနင်္ဂနွေ၊ ည ၁၀းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဘိုင်ယန် ၂-၂ မွန်ချင်

အကောင်းဆုံးပွဲဖြစ်ပါတယ်။ ဘိုင်ယန် နှစ်ဂိုးပြတ်သွင်းဖို့ မလွယ်သလို မွန်ချင်က လည်း ဘိုင်ယန်
ကို ဟန့်တားနိုင်ပါ့မလား ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ မထင်မှတ်ဘဲ ဂိုးလည်း များသွားနိုင်ပါ
တယ်။



ဖတ်ရှုမှုအများဆုံး