၂၀၁၄ တင်းနစ်ရာသီရဲ့ နာမည်ကြီး ဂရင်း ဆလမ်ပွဲစဉ်လေးပွဲစလုံး ပြီးဆုံးသွားခဲ့ပြီဖြစ် ပေမယ့်
ပေကျင်းမြေမှာ ကျင်းပသွားခဲ့တဲ့ China Open တင်းနစ်ပြိုင်ပွဲဟာလည်း ကမ္ဘာ ကျော်တွေ စုံစုံညီ
ညီ ၀င်ရောက်လက်စွမ်းပြ ခဲ့တာကြောင့် တင်းနစ်ပရိသတ်တွေ ရင်ခုန် ရတဲ့ပွဲစဉ်တစ်ရပ်ဖြစ်ခဲ့ရပါ
တယ်။
မြို့တော် ပေကျင်းရဲ့ National Tennis Centre မှာ ကျင်းပခဲ့တဲ့ ဒီ(၁၆)ကြိမ်မြောက် China Open
တင်းနစ်ပြိုင်ပွဲဟာ ATP World Tour 500 Series ပွဲစဉ်တစ်ခုဖြစ်သလို ံမေိ ဃသကမအ မျက်နှာ
ပြင်အမျိုးအစားမှာ ယှဉ်ပြိုင်ရတာ ကြောင့် ထင်သလောက် မလွယ်ကူတဲ့ အာရှ ထိပ်တန်းပွဲတစ်ပွဲ
ဖြစ်နေရခြင်းပါပဲ။
ပြိုင်ပွဲ တစ်ရပ်လုံးအတွက် ဆုကြေးစုစုပေါင်း ဒေါ်လာ ခုနစ်သန်းကျော် ချီးမြှင့်တာကြောင့် ဆုကြေး
မြင့်တဲ့ ပွဲတစ်ပွဲဖြစ်သလို ချန်ပီယံ ဖြစ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ပွဲစဉ်အဖြစ် မီဒီယာတွေက
ကောင်းချီးပေးနေရခြင်းပါပဲ။ အခုနှစ်ပြိုင်ပွဲမစတင်မီ ဆီဒင်သတ်မှတ် ချက်တွေ ထွက်လာတော့
၂၀၁၃ ချန်ပီယံ ဆီရီနာက ဆီဒင်(၁)ရခဲ့ပြီး ထိပ်တန်းဆီဒင် ငါးဦးစာရင်းမှာ ရှာရာပိုဗာ(၄)၊ ကီဗစ်
တိုဗာ (၃)၊ ရဝမ်စကာ(၅)နဲ့ ဆီမိုနာဟာလက် (၂)တို့ အသီးသီးရှိခဲ့ကြကာ ဗိုလ်လုပွဲ ရောက်ရှိလာ
သူနှစ်ဦးကို ကြည့်ပြန်တော့ ဆီဒင်(၄) ရှာရာပိုဗာနဲ့ ဆီဒင်(၃) ရသူ ကီဗစ်တိုဗာတို့ နှစ်ဦးဖြစ်ခဲ့တာ
ကြောင့် ချက် ပရိသတ်တွေအတွက်ရော၊ ရုရှားပရိသတ် တွေအတွက်ပါ မလွတ်တမ်း စောင့်ကြည့်
ရတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
၂၀၁၄ တင်းနစ် ရာသီမှာ Stuttgart Grand Prix ဖလားကို ဧပြီမှာ ပွဲဦးထွက် ရယူနိုင်ခဲ့
သလို မေမှာ ြေိမငိ ဥစနည ချန်ပီယံ ဖလားနဲ့ ဇွန်မှာ င်္မနညခ့ ဥစနည ဂရင်းဆလမ်ဖလားတို့ကို
ရယူ နိုင်ခဲ့သူ ရုရှားနတ်မိမယ် ရှာရာပိုဗာဟာ ပေကျင်းမြေမှာ အကောင်းဆုံးလက်စွမ်းနဲ့ အမှား
အယွင်းမရှိ ကစားသွားနိုင်ခဲ့တာ ကြောင့် ချက်တင်းနစ်မယ် ကီဗစ်တိုဗာ ဘယ်လိုမှမယှဉ်နိုင်ဘဲ
စုစုပေါင်းရမှတ် ၆-၄၊ ၂-၆၊ ၆-၃ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူ ပြီး ၂၀၁၄ ရဲ့စတုတ္ထမြောက်
ချန်ပီယံဆုဖလား ကို ထွေးပွေ့နမ်းရှိုက်ခွင့်ရရှိခဲ့တာကို ပေကျင်း မီဒီယာတွေရော မော်စကိုစာစောင်
တွေကပါ ဂုဏ်ပြုမဆုံးရှိနေကြပါတယ်။ ဘယ်သန် ချက် တင်းနစ်မယ် ကီဗစ်တိုဗာဟာလည်း
တင်းနစ် ကမ္ဘာမှာ တာစားတဲ့ အလှနတ်သမီးတစ်ပါး ဖြစ်ပြီး ၀င်ဘယ်လ်ဒန်ချန်ပီယံ ဂရင်းဆလမ်
ဆုရှင်တစ်ဦးပဲဖြစ်ပါတယ်။
ညာသန်တင်းနစ် မယ် ရှာရာပိုဗာရဲ့ အားပါပြင်းထန်တဲ့ စပေး ဘောတွေဟာ ကီဗစ်တိုဗာကို
အဓိကထိုးနှက် ခဲ့ပြီး နေရာစုံကို လိုက်ကစားသွားတဲ့ ဟာကွက် မရှိတဲ့ ရှာရာပိုဗာရဲ့ကစား
ဟန်ကြောင့်လည်း ပေကျင်းဆုဖလားနဲ့ ကီဗစ်တိုဗာ လွဲချော်ခဲ့ရ တာကို ပရပ်ဂ်ပရိသတ်တွေက
နှစ်သိမ့်မှု ပေးခဲ့ ကြပါတယ်။ China Open အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ဟာ ကစားချိန်
စုစုပေါင်း ၂ နာရီ၊ ၂၈ မိနစ်ကြာမြင့်ခဲ့ပြီး တင်းနစ်ငွေကြယ်ပွင့် နှစ်ဦးရဲ့ အနိုင်မခံ အရှုံးမပေးစိတ်
ဓာတ် အပြည့်နဲ့ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်သွားဟန် ကြောင့် ကွင်းအတွင်း ကိုယ်တိုင်လာကြည့်
သူတွေအတွက်ရော ရုပ်သံက တိုက်ရိုက် အားပေးသူတွေအတွက်ပါ ရင်တမမပွဲဖြစ်ခဲ့ရ ပါတယ်။
ပေကျင်းမြေဟာ ၂၀၀၁ မှာ ပရော် ဖက်ရှင်နယ်တင်းနစ်ကမ္ဘာကို ခြေချလာခဲ့ပြီး ၁၃ နှစ်ကြာ
တင်းနစ်သက်တမ်းမှာ ဆုဖလား ၃၂ လုံး ရယူနိုင်ခဲ့သူ ရှာရာပိုဗာရဲ့ ပရော်ဖက် ရှင်နယ်ဘဝ
တစ်လျှောက် ၃၃ လုံးမြောက် ချန်ပီယံဆုဖလား ပိုင်ဆိုင်ခွင့် ပေးခဲ့တဲ့ အောင်မြေပါလို့ ESPNက
ကောင်းချီးပေး ထားပြီး ကမ္ဘာ့နံပါတ်(၂)နေရာကို လှမ်းတက် လာသူ ရှာရာပိုဗာကို အင်တာဗျူး
ခဲ့တော့ ှငဘနမငညေ ှငမနည လို့ အမည်ပြောင်ရသူ ရှာရာ ပိုဗာဟာ "ကီဗစ်တိုဗာဟာ အရည်
အချင်း ပြည့်ဝတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ကျွန်မ တကယ့်ကို ခက်ခက်ခဲခဲကစားပြီးမှ
အနိုင်ရရှိခဲ့တာပါ။
အာရှမြေမှာ ပထမဆုံး သရဖူဆောင်းခွင့်ရတဲ့အတွက် ကြည်နူး ဂုဏ်ယူမိပါတယ်။ ကမ္ဘာ့နံပါတ်
(၁)ဖြစ်လာဖို့ နောက်ပွဲတွေမှာ ဆက်လက်ကြိုးစားသွားပါ မယ်"လို့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်စကား
ဆို သွားပါတယ်။ China Open အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကိုတော့ နာမည်ကြီး ဆားဘီး
ယား စတား ဂျိုကိုဗစ်ရှ်နဲ့ ဆီဒင်(၃) ရထားတဲ့ ချက်ချန်ပီယံ တိုမက်ဘာချ်တို့ တက်ရောက် လာခဲ့ပြီး
ပေကျင်းမြေမှာ လေးကြိမ်ဗိုလ်စွဲဖူးသူ ဂျိုကိုဗစ်ရှ်ကပဲ လက်စွမ်းပြအနိုင်ကစားသွား ခဲ့ပြီး ငါးထပ်ကွမ်း
China Open ချန်ပီယံအဖြစ် အားကစားစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တာ တွေ့ရပါတယ်။
ထိပ်တန်းတင်းနစ်စတား နှစ်ဦးရဲ့ သရဖူလုပွဲဟာ စုစုပေါင်း ၆၆ မိနစ် ကြာမြင့်ခဲ့ပြီး ၆-၀၊ ၆-၂
နှစ်ပွဲပြတ်အနိုင်နဲ့ ဂျိုကိုဗစ်ရှ်ဟာ ကမ္ဘာ့နံပါတ်(၁)နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြသွား
ခဲ့ပါတယ်။ ယခု၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့နံပါတ်(၁) နေရာ ကို ဆက်ထိန်းမယ့် ဆားဘီးယားစတား
ဂျိုကိုဗစ်ရှ်နဲ့ ကမ္ဘာ့နံပါတ်(၁)ပြန်ဖြစ်ဖို့ အစွမ်းကုန်ကြိုးစားလာမယ့် ရုရှားပျိုဖြူ ရှာရာပိုဗာရဲ့ လာမယ့်
တင်းနစ်ပွဲစဉ်တွေကို စောင့်မျှော်အားပေးရင်း ...။















