မန်ယူပရိသတ်တွေအတွက် လာမယ့် သီတင်း နှစ်ပတ်ကတော့ စိတ်လှုပ်ရှားရင်ခုန်စရာကောင်းတဲ့
သီတင်းပတ်တွေ ဖြစ်လာတော့ မှာပဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက် တက်ကို ပြန်လည်တည်
ဆောက်နေရတဲ့ဒတ်ချ်မန်နေဂျာကြီး ဗန်ဟားလ်အတွက် ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ကို သီတင်း
နှစ်ပတ်ဆက်တိုက် ရင်ဆိုင်ရမယ့် အနေအထားက မန်ယူရဲ့ အနာဂတ်စာမျက်နှာ သစ်တစ်ခုလို့
ဆိုရမှာပဲဖြစ်ပါတယ်။
ဗန်ဟားလ်ဆိုတဲ့ လေးစားဖွယ်နာမည်တစ်ခုကိုထိန်းထားနိုင်ဖို့က မော်ရင်ညိုနဲ့ ပယ်လီဂရီနဲ့ တွေ့
လာမယ့်ပွဲတွေက အရေး ကြီးလာခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်း၊ မန်စီးတီးကိုအဝေးကွင်း
ဆက်တိုက်ကစားရမယ့် ဒီနှစ်ပွဲ က အမှတ်ပေးဇယားရပ်တည်မှု အနေအထားဆိုတာက ပထမဦး
စားပေးမဟုတ် တော့ဘဲ မန်ယူဆိုတဲ့ပုံရိပ်၊ ဗန်ဟားလ် ဆိုတဲ့ နာမည်တစ်လုံးတို့အတွက်က ပထမ
ဦးစားပေးပဲ ဖြစ်ပါတယ်။
အခုထိ ပရီမီယာ လိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ မော်ရင်ညိုကိုမန်ယူက အနိုင်ယူလိုက်နိုင်မယ်ဆိုရင်
မန်ယူရဲ့ အနာဂတ်ယုံကြည်မှုတွေက ပြန်လည်တောက်ပလာစေမှာ သေချာပါတယ်။ မန်ယူ
ပရိသတ်နဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ ပြိုင်ဆိုင်အားကလည်း အားကောင်း မောင်းသန်ပြန်ဖြစ်
လာစေမှာပဲ ဖြစ်ပါတယ်။ ပြီးရင် ပရီမီယာလိဂ်ချန်ပီယံဖလားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေတဲ့
မန်စီးတီး နဲ့ အတွေ့မှာလည်း ဗန်ဟားလ်အနေနဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့မယ်ဆိုရင်
မန်ချက်စတာမြို့ရဲ့ ကွဲပြားနေတဲ့ ပရိသတ်တွေကြားက အားပြိုင်မှုကလည်း ပြန်လည်
အသက်ဝင်လာတော့မှာပဲ ဖြစ်ပါတယ်။
ဂုဏ်သိက္ခာအရ မန်ယူအတွက် အရေးကြီး တဲ့ဒီနှစ်ပွဲကို ဗန်ဟားလ်တစ်ယောက် ကျော်ဖြတ်နိုင်ဖို့
ကြိုးစား ပြင်ဆင်ရပါတော့ မယ်။ ပထမပွဲဖြစ်တဲ့ မန်ယူဪချယ်လ် ဆီးပွဲကိုကြည့်လိုက်ရင်
ချယ်လ်ဆီးမန်နေဂျာမော်ရင်ညို ဟာ ချယ်လ်ဆီးရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ယူ၊ အာဆင်
နယ်၊ မန်စီးတီး၊ လီဗာပူး၊ အဲဗာတန်၊ စပါးတို့နဲ့ ကစားရမယ့် အဝေးကွင်းပွဲတွေဆိုရင် မော်ရင်ညိုရဲ့
ပထမဦးစားပေးက မရှုံးရေးပဲဖြစ်ပါတယ်။ဒီနှစ်ထဲမှာတင် မော်ရင်ညိုဟာ မန်စီးတီးနဲ့ အဝေးကွင်း
ကစားထားခဲ့ပြီး ၁ဪ၁ သရေနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲပြီးတော့ မန်စီးတီး မန်နေဂျာ ပယ်လီ
ဂရီနီက မော်ရင်ညိုရဲ့ နည်းဗျူပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆို သွားခဲ့ပါတယ်။ မနှစ်တုန်းကလည်း
မော်ရင် ညိုဟာ သူ့ရဲ့ပြိုင်ဘက်တွေကို အဝေးကွင်း မှာ အဲဗာတန်တစ်သင်းပဲရှုံးခဲ့ပြီး ကျန်တဲ့ ပွဲတွေ
မှာ သရေနဲ့အနိုင်တွေပဲ ကစားသွား ခဲ့ပါတယ်။ ဒါဟာ မော်ရင်ညိုရဲ့ အလေ့အကျင့်ပဲဖြစ်ပါတယ်။ သူသတ်မှတ်ထားတဲ့ပြိုင်ဘက်အသင်းတိုင်းရဲ့အဝေးကွင်းပွဲတွေရောက်ရင် မော်ရင်ညိုဟာလျှော့တွက် လေ့မရှိဘဲ ဂရုတစိုက်ပြင်ဆင်လာလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုလည်းမန်ယူကို လျှော့တွက်ပြီး လာကစားမယ့်သူ မဟုတ်ပါဘူး။ ခံစစ်ကစားဖို့ပဲ ပြင်ဆင်လာဦး မှာ သေချာပါတယ်။ ကစားကွက်တည်ငြိမ်မှုအပိုင်းမှာတော့ ဗန်ဟားလ်အနေနဲ့ မော်ရင်ညိုလောက်တော့ တည်ငြိမ် အောင် ပြင်ဆင်နိုင်ခြင်း မရှိသေးတာ အား လုံး အသိပါ။ အထူးသဖြင့် ဗန်ဟားလ်ဟာ အသင်းရဲ့ ခံစစ်ပိုင်းကို တည်ငြိမ်အောင်တည်ဆောက် ထားနိုင်ခြင်းမရှိတာပဲ ဖြစ်ပါတယ်။ ဗန်ဟားလ်အနေနဲ့က အရင်ဆုံးကစား ရမယ့် ချယ်လ်ဆီးပွဲက အိမ်ကွင်းပွဲဖြစ်တာကြောင့် ဒီပွဲမှာအနိုင်ရရေးကို ဦးစားပေး ထားဖွယ်ရှိပါတယ်။ သူကိုယ်တိုင်က အကျဉ်း အကျပ်တည်းရောက်ရင် ဖောက်ထွက်နိုင် စွမ်းရှိသူဖြစ်တာကြောင့် ချယ်လ်ဆီးပွဲမှာ ခံစစ်ကို ဦးစားပေးထားမယ် မထင်ပါဘူး။ အခုကစားရမယ့် နှစ်ပွဲက ပြီးခဲ့တဲ့ ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံစပိန်၊ ချီလီတို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်စဉ် နယ်သာလန်အသင်းကို ဖောက်ထွက်နိုင်ဖို့အတွက် ပွဲဦးထွက်စပိန်နဲ့ပွဲမှာ တိုက်စစ်ဦးစားပေးပြီး အနိုင် ကစားကာ နယ်သာလန်ကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့သလိုမျိုး အခုလည်း ချယ်လ်ဆီးပွဲမှာ အဲဒီစိတ်ဓာတ်မျိုးတည်ဆောက်နိုင်အောင် ပြင်ဆင်လာဖွယ်ရှိနေပါတယ်။ မန်ယူရဲ့ အိမ်ကွင်းခြေစွမ်းကလည်း အစော ပိုင်းပွဲကလိုမျိုးမဟုတ်ဘဲ ခြေစွမ်းပြန်တက် လာတာကလည်း မော်ရင်ညိုအနေနဲ့ သတိ ထားစရာပဲဖြစ်ပါတယ်။ အငှားခေါ်ထားတဲ့ ဖယ်ကာအို ဂိုးပေါက်တွေ့ရှိထားတာ၊ အသစ်ခေါ်ထားတဲ့ ဒီမာရီယာဟာ ဂိုးသွင်း နိုင်၊ ဂိုးရအောင် ပံ့ပိုးပေးနိုင်တာတွေက မန်ယူကို လျှော့တွက်လို့မရတဲ့ အနေ အထားပဲဖြစ်ပါတယ်။ မန်ယူအနေနဲ့ အပြစ် ပြောစရာဆိုလို့ နောက်တန်းဟာ အားနည်း နေခြင်းပဲ ဖြစ်ပါတယ်။ ဗန်ဟားလ်အနေနဲ့ နောက်တန်းကို အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ မယ်ဆိုရင် ချယ်လ်ဆီးပွဲဟာ မန်ယူအတွက်ကြောက်စရာပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ ပွဲစဉ်(၁)ကစပြီး ခြေစွမ်းတောက်လျှောက်ပြနေတဲ့ ချယ်လ်ဆီးဟာ ခြေခေါက်ရမယ့်ပွဲဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။















