ဗန်ဟားလ်နဲ့ မော်ရင်ညို ဆရာတပည့်ထိပ်တိုက်တွေ့သောအခါ - ပရီမီယာလိဂ်ပွဲစဉ်(၉)

ဗန်ဟားလ်နဲ့ မော်ရင်ညို ဆရာတပည့်ထိပ်တိုက်တွေ့သောအခါ - ပရီမီယာလိဂ်ပွဲစဉ်(၉)

၀က်စ်ဟမ်း - မန်စီးတီး (စနေ၊ ညနေ ၆း၁၅)
တိုက်စစ်ပိုကောင်းလာတဲ့အသင်းဖြစ်လို့ မန်စီးတီးခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်ပါ တယ်။ စပါးကို
ဂိုးပြတ်နိုင်ခဲ့ပေမယ့် မန်စီးတီးနောက်တန်း အားနည်းနေတာ တွေ့ရပါတယ်။ ဂိုးအများနဲ့ ၀က်စ်ဟမ်း
ကို ရွေးရမှာဖြစ်ပါတယ်။

ဆောက်သမ်တန် - စတုတ် (စနေ၊ ည ၈း၃၀)
ခြေအဆင့်အတန်းမကွာခဲ့ဖူးတာကြောင့် စတုတ်ဟာ တိုက်စစ်ကိုဦးစားပေး ကစားလာနိုင် တာ
ကြောင့် ဆောက်သမ်တန် ကစားလို့ကောင်းဦးမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဆောက်သမ် တန် နိုင်ပွဲ
ထပ်ရဦးမယ့်ပွဲဖြစ်ပါတယ်။

လီဗာပူး - ဟားလ်စီးတီး (စနေ၊ ည ၈း၃၀)
လီဗာပူးကလည်း တိုက်စစ်ပြန်ကောင်းလာသယောင် ဖြစ်နေပေမယ့် ခံစစ်က အားနည်းနေ တဲ့
အတွက် ဟားလ်စီးတီးအသင်း လီဗာပူးကို ဂိုးသွင်းနိုင်တဲ့ပွဲဖြစ်ပါတယ်။ စတိဗ်ဘရုစ် ခံစစ်ပြင်ဆင်
ကစားရင် လီဗာပူး အခက်တွေ့နိုင်ပါတယ်။ လီဗာပူးအနိုင်ရနိုင်ပေမယ့် ဂိုးမပြတ် နိုင်တဲ့ပွဲဖြစ်ပါ
တယ်။

ဆန်းဒါးလန်း - အာဆင်နယ် (စနေ၊ ည ၈း၃၀)
ဆန်းဒါးလန်းအိမ်ကွင်းဖြစ်လို့ ခံစစ်ကစားမှာလည်းမဟုတ်လို့ အာဆင်နယ်ဂိုးသွင်းရ လွယ်ကူနိုင်
ပါလိမ့်မယ်။ ဟားလ်စီးတီးကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့ အာဆင်နယ်အနိုင်ရ မယ့်ပွဲဖြစ်ပါတယ်။

၀က်စ်ဘရွန်း - ခရစ္စတယ်ပဲလေ့စ် (စနေ၊ ည ၈း၃၀)
ပဲလေ့စ်တိုက်စစ်က ကမ့်ဘဲလ်နဲ့ ဇာဟာတို့ ကစားအားက ၀က်စ်ဘရွန်းနောက်တန်းကို အခက်
တွေ့စေနိုင်ပါတယ်။ ပဲလေ့စ်နောက်တန်းကလည်း ၀က်စ်ဘရွန်းတိုက်စစ်ကို မနည်းထိန်း ရပါ
လိမ့်မယ်။ ခြေသိပ်မကွာကြတဲ့အသင်းတွေဖြစ်လို့ သရေနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။

ဆွမ်ဆီး - လက်စတာ (စနေ၊ ည ၁၁းဝဝ)
လက်စတာက ဘန်လေကိုသရေကျပြီး နယူးကာဆယ်ကို ရှုံးထားပါတယ်။ လက်စတာ အိမ်ကွင်း
ကစားပုံက ပိုပြီးကောင်းပေမယ့် အဝေးကွင်းဆိုရင် ကစားအားမကောင်းပါဘူး။ အခုလည်း ဆွမ်ဆီး
ကွင်းမှာ လက်စတာထပ်ရှုံးဦးမှာ ဖြစ်ပါတယ်။

ဘန်လေ - အဲဗာတန် (တနင်္ဂနွေ၊ ည ရးဝဝ)
ဘန်လေကတော့ တန်းဆင်းရမယ့်အသင်းဖြစ်ပါတယ်။ အဲဗာတန်က နိုင်ပွဲပျောက်နေတာ အတော်
ကြာခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကတော့ ဗီလာကို အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမှာလည်း အဲဗာတန်နိုင်ပွဲ
ရဖို့ တိုက်စစ်ဦးစားပေးလာဦးမှာ ဖြစ်ပါတယ်။ ဘန်လေရှုံးပွဲထပ်တွေ့ဦးမှာပါ။

စပါး - နယူးကာဆယ် (တနင်္ဂနွေ၊ ည ရးဝဝ)
စပါးနည်းပြပိုချက်တီနိုအတွက် ဒီပွဲက အရေးကြီးပါတယ်။ နယူးကာဆယ်က အဝေးကွင်း ဆိုရင်
ကစားပုံကောင်းတဲ့အသင်း မဟုတ်ပါဘူး။ နယူးကာဆယ် ဒီပွဲမှာ ခံစစ်ကို ဦးစားပေးနိုင်မှ သရေပွဲ
ဆိုတာ ဖြစ်လာနိုင်ပါတယ်။ စပါးအနိုင်ရမှာ သေချာတဲ့ပွဲဖြစ်ပါတယ်။

မန်ယူ - ချယ်လ်ဆီး (တနင်္ဂနွေ၊ ည ၉း၃၀)
မော်ရင်ညိုဟာ ပြိုင်ဘက်အသင်းကြီးတွေနဲ့ အဝေးကွင်းကစားရရင် ခံစစ်ကိုဦးစားပေး ပြင်ဆင်
တတ်သူဖြစ်တာကို သတိပြုရမှာဖြစ်ပါတယ်။ အခုပွဲမှာလည်း ခံစစ်ပဲပြင်လာမှာပါ။ အကြိတ်အနယ်ဖြစ်ပြီး သရေ ဒါမှမဟုတ် မန်ယူအနိုင် ဖြစ်လာနိုင်ပါတယ်။ ကျူပီအာရ် - ဗီလာ (အင်္ဂါ၊ နံနက် ၁း၃၀) နှစ်သင်းစလုံးက ခြေပျက်နေကြတဲ့အသင်းတွေဖြစ်ပါတယ်။ နောက်ဆုံးလေးပွဲမှာ ဗီလာ တစ်ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။ ကျူပီအာရ်အနေနဲ့အိမ်ကွင်းနှစ်ပွဲ ဆက်တိုက် ကစား ရလို့ ဒီပွဲကို အမှားခံမှာ မဟုတ်ပါဘူး။ ကျူပီအာရ် အနိုင်ရသွားနိုင်ပါတယ်။ ါ



ဖတ်ရှုမှုအများဆုံး