လာဇီယို နိုင်ပွဲဆက်ဦးမယ် အီတလီစီးရီးအေပွဲစဉ်(၈)

လာဇီယို နိုင်ပွဲဆက်ဦးမယ် အီတလီစီးရီးအေပွဲစဉ်(၈)

အမ်ပိုလီ - ကက်ဂလီယာရီ (စနေ၊ ည ရး၃၀)
တန်းတက်အသင်းတွေထဲမှာ ရဂိုး၊ ပေးဂိုးတူညီလို့ ဂိုးကွာခြားချက်မှာ အနုတ်မပြတဲ့ အမ်ပိုလီ
ခြေစွမ်းက အထိုက်အလျောက် တည်ငြိမ်တယ်လို့ ဆိုရမယ်။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်မှာ
အမ်ပိုလီတို့ ဂိုးသွင်းအားရှိတယ်။ ကက်ဂလီယာရီကတော့ မထင်မှတ်ဘဲ အင်တာမီလန်ကို ၄-၁ နဲ့
နိုင်လိုက်တာကလွဲရင် ကျန်တဲ့ပွဲတွေမှာ ခြေစွမ်းမပြနိုင်သေးပါဘူး။ လတ်တလောမှာ လည်း ကက်
ဂလီယာရီခံစစ်ကြောင်း အထိုင်ပျက်သလို ဖြစ်နေတယ်။အမ်ပိုလီကို ပိုကြိုက်တယ်။

ပါးမား - ဆက်စူလို (စနေ၊ ည ၁၀း၃၀)
တောက်လျှောက်စိုက်ဆင်းနေတဲ့ ပါးမားဟာ ပြီးခဲ့တဲ့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရာမှာ သွင်းဂိုးပါပျောက်သွား
လို့ ဖိအားများနေတယ်။ ဆက်စူလိုကတော့ ဂျူဗင်တပ်ကို သရေကျထားလို့ လျှော့တွက်လို့မရဘူး။
ဒါပေမဲ့ အခုပွဲမှာတော့ အိမ်ရှင်ဖြစ်ပြီး ဂိုးသွင်းအားရှိတဲ့ ပါးမားကို ယုံကြည်မှုပေးသင့်တယ်။

ဆမ်ဒိုးရီးယား - ရိုးမား (တနင်္ဂနွေ၊ နံနက် ၁း၁၅)
ခုနစ်ပွဲ ကစားပြီးရာမှာ ရှုံးပွဲမရှိသေးဘဲ တတိယနေရာရောက်လာတဲ့ ဆမ်ဒိုးရီးယားခြေစွမ်း က
ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်ခဲ့တယ်။ ရိုးမားခြေစွမ်းကလည်း လတ်တလောမှာ အကောင်းဆုံး
အနေအထားကို ရောက်နေတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန် မြူးနစ်နဲ့ အကြိတ်
အနယ်ကစားထားရလို့ ပွဲပမ်းနေတဲ့အချက်ကို ထည့်တွက်သင့်တယ်။ ဆမ်ဒိုးရီးယားတို့ သရေ
မျှော်ကစားမှာ ဖြစ်ပေမယ့် ရိုးမားကို ပိုကြိုက်တယ်။

ချီယေဗို - ဂျီနိုအာ (တနင်္ဂနွေ၊ ည ရး၃၀)
လတ်တလော ချီယေဗိုခြေစွမ်းက အကျဘက်ယိုင်နေတယ်။ ၀ါရင့်တိုက်စစ်မှူး မက်ဆီ လိုပက်ဇ်
အပါအဝင် တစ်ဦးချင်းကောင်းသူတွေရှိပေမယ့် အသင်းလိုက် ကစားကွက်ပုံမပေါ်သေးဘူး။ ဂျီနို
အာမှာ သမ္ဘာရှိသူတွေ ပါ၀င်နေလို့ အချိတ်အဆက်မိရင် ကစားကွက် စီးစီးပိုင်ပိုင် ရှိတယ်။ ဂျီနို
အာခံစစ်ကြောင်းဟာ ပေးဂိုးခြောက်ဂိုးသာရှိသေးလို့ အောက်ဖက် ၁၀ သင်းမှာ ပေးဂိုးအနည်း
ဆုံးနဲ့ ခံစစ်အကျစ်လျစ်ဆုံး ဖြစ်နေတယ်။ ဂျီနိုအာကို ပိုကြိုက်တယ်။

ယူဒီးနိစ် - အတ္တလန္တာ (တနင်္ဂနွေ၊ ည ရး၃၀)
အစောပိုင်းက ခြေစွာခဲ့တဲ့ ယူဒီးနိစ်ဟာ နှစ်ပွဲဆက်တိုက်ခြေပျက်ပြီး တစ်ဂိုးသာ သွင်းနိုင် ခဲ့လို့
တိုက်စစ်အား ကျဆင်းသွားတယ်။ ဒါပေမဲ့ ယူဒီးနိစ်ဟာ အိမ်ကွင်းမှာ ခြေစွမ်းရော၊ ရလဒ်ပါ
ကောင်းမွန်တယ်။ အတ္တလန္တာကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပါးမားကို နိုင်လိုက်ပေမယ့် ခြေစွမ်း
အားဖြင့် အကျဘက်မှာပဲ ရှိသေးတယ်။ တစ်ဦးချင်းကောင်းသူတွေ ပါ၀င်နေပြီး တန်ပြန် တိုက်စစ်
ကောင်းပေမယ့် အိမ်ကွင်းစွာတဲ့ ယူဒီးနိစ်ကို ပိုကြိုက်တယ်။

ဆီစီနာ - အင်တာမီလန် (တနင်္ဂနွေ၊ ည ၁၀း၃၀)
တန်းတက်အသင်းဖြစ်ပေမယ့် ဆီစီနာက အိမ်ကွင်းမှာ ခြေစွာပြီး ဂိုးသွင်းအားရှိတယ်။ အင်တာ
မီလန်ကတော့ စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုကြားမှာ ဖိအားများပေမယ့် စီးရီးအေ မှာ သုံးပွဲ
ဆက်တိုက် နိုင်ပွဲပျောက်ပြီး ကိုးဂိုးသွင်းခံထားရတယ်။ အခုပွဲမှာတော့ ခြေစွမ်းကွာလို့ အင်တာ
တို့ ပြိုင်ဘက်ကို အနိုင်ကစားပြီး အသင်းကို ပြန်လည်'ဆွဲတင်'နိုင်မယ်လို့ ယူဆမိတယ်။

လာဇီယို - တိုရီနို (တနင်္ဂနွေ၊ ည ၁၀း၃၀)
ဖီအိုရင်တီးနားကွင်းမှာ နှစ်ဂိုးပြတ်နိုင်ခဲ့တဲ့ လာဇီယိုဟာ သုံးပွဲဆက်တိုက် နိုင်ပွဲဆက်နေပြီး ကိုးဂိုး
သွင်းနိုင်ခဲ့လို့ လတ်တလော ခြေစွမ်းရော၊ ဂိုးသွင်းအားပါ ထိပ်တန်းအဆင့်မှာ ရှိနေတယ်။ တိုရီနို
ကတော့ ပူပူနွေးနွေး ယူဒီးနိစ်ကို နိုင်ထားပေမယ့် စီးရီးအေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခု ၀င်နေရလို့
ပွဲပမ်းပြီး အရန်အင်အား သိပ်မတောင့်ဘူး။ လာဇီယို အနိုင်ပြတ်သားဖွယ်ရှိတယ်။

နာပိုလီ - ဗီရိုနာ (တနင်္ဂနွေ၊ ည ၁၀း၃၀)
အင်တာမီလန်ကွင်းမှာ ၂-၂ သရေကျခဲ့တဲ့ နာပိုလီခြေစွမ်းက ပြန်တက်လာပြီး ဂိုးသွင်းအား ပါ
ကောင်းလာတယ်။ ဗီရိုနာကတော့ သမ္ဘာရှိသူတွေ၊ တစ်ဦးချင်းကောင်းသူတွေ ပါ၀င်နေ ပေမယ့်
အေစီမီလန်ကို ကစားသွားတဲ့ ခြေစွမ်းအရဆိုရင်တော့ အသင်းကြီးတွေကို ခံကစား နိုင်တဲ့အနေ
အထားမှာ မရှိသေးဘူး။ ပုံမှန်အတိုင်းဆိုရင် နာပိုလီပဲ ရွေးချယ် ရမယ်။

အေစီမီလန် - ဖီအိုရင်တီးနား (တနင်္လာ၊ နံနက် ၁း၁၅)
ချီယေဗို၊ ဗီရိုနာတို့ကို နှစ်ပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ငါးဂိုးသွင်းနိုင်ခဲ့တဲ့ အေစီမီလန်ခြေစွမ်းနဲ့ ဂိုးသွင်း
အားက ဦးမော့လာတဲ့ အနေအထားမှာရှိတယ်။ ဖီအိုရင်တီးနားကတော့ ပူပူနွေးနွေး လာဇီယိုကို
နှစ်ဂိုးပြတ်ရှုံးခဲ့ရာမှာ ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုသာပြီး အဆုံးသတ် ဂိုးသွင်းမှု အားနည်း
နေတယ်။အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဂိုမက်ဇ်၊ ရော့စီတို့လည်း ဒဏ်ရာတွေရနေလို့ ဖီအိုရင်တီး
နားတိုက်စစ် အားပျော့နေတယ်။ တိုက်စစ်သာတဲ့ အေစီမီလန် နိုင်ခြေများတယ်။



ဖတ်ရှုမှုအများဆုံး