မြို့နယ်ပေါင်း ခုနစ်မြို့နယ်ပါ၀င်သော မန္တလေးခရိုင်အတွင်း ပြိုင်ကားများနှင့်ပတ်သက်၍ စီမံချက်ချ
ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသိန်း
ကိုကိုကပြောသည်။
"ယာဉ်ကို အသက်အန္တရာယ်ဖြစ်လောက် အောင် မဆင်မခြင်မောင်နှင်မှုဆိုတဲ့ မော်တော်ယာဉ်
ဥပဒေပုဒ်မ ၂၁ နဲ့ အရေးယူ ပါတယ်"ဟု ရဲမှူးသိန်းကိုကိုက ပြောသည်။ သို့သော် ပြိုင်ကားများ
သည်လည်း နိုင်ငံ တော်က တရားဝင်တင်သွင်းခွင့်ပြုကာ မှတ်ပုံ တင်ထားသည့် ယာဉ်များဖြစ်
သောကြောင့် ယာဉ်စည်းကမ်းအတိုင်း သွားလာမောင်းနှင် နေပါက အရေးယူ၍ မရကြောင်း
၎င်းက ပြောသည်။
"သတ်မှတ်တဲ့ မိုင်နှုန်းအတိုင်းမောင်း မယ်၊ သတ်မှတ်တဲ့နံပါတ်ပြားတပ်မယ်၊ ယာဉ်စည်းကမ်း
အတိုင်း သွားလာနေတယ်ဆိုရင် တော့ အရေးယူလို့မရပါဘူး"ဟု ၎င်းက ပြောသည်။ မန္တလေး
ခရိုင်အတွင်း မှတ်ပုံတင်ထား သည့်ပြိုင်ကားအစီးရေ ၆၀ ရှိပြီး အရေးယူ ထားသည့်အမှု ၁၀ မှု
ထက်မနည်းရှိကြောင်း ရဲမှူးသိန်းကိုကိုက ပြောသည်။














