ဖိအားများနဲ့ ပိုချက်တီနို၊ အဆင့်လေးရဖို့ ခက်သွားတဲ့ တော့တင်ဟမ်ဟော့စပါး

ဖိအားများနဲ့ ပိုချက်တီနို၊ အဆင့်လေးရဖို့ ခက်သွားတဲ့ တော့တင်ဟမ်ဟော့စပါး

ပရီမီယာလိဂ်ပြိုင်ပွဲစတင်တာ ပွဲစဉ်ကိုးပွဲ သာရှိသေးပြီး ကစားဖို့ ပွဲ ၂၉ ကျန်သေးလို့ ဘယ်အရာမှ
မှန်းဆလို့မရဘူးလို့ သတ်မှတ် ကောင်းသတ်မှတ်နိုင်ပေမယ့် တချို့သော အသင်းတွေကတော့
မှန်းလို့ရတဲ့အနေအထားမှာ ရှိနေခဲ့ကြပါတယ်။

ဘန်လေလို အသင်းလေး တန်းပြန်ဆင်းရနိုင်ခြင်းနဲ့ ရာသီတိုင်း ရာသီတိုင်းမှာ အဆင့်လေးအိပ်
မက် မက်လေ့ရှိတဲ့ လန်ဒန်အခြေစိုက် တော့တင်ဟမ်ဟော့စပါးအသင်း အဆင့် လေးရဖို့
မဖြစ်နိုင်ခြင်း၊ လက်ရှိအဆင့်နှစ်နဲ့ အဆင့်လေးမှာရှိနေတဲ့ ဆောက်သမ်တန်နဲ့ ၀က်စ်ဟမ်းတို့
ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင် ခြင်းတို့ကတော့ မှန်းဆသုံးသပ်လို့ရတဲ့အနေအထားတွေပဲဖြစ်ပါတယ်။

ဒီအထဲမှာမှ ပရီမီယာလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူ၊ အာဆင်
နယ်၊ လီဗာပူးတို့ရဲ့ အဓိကပြိုင်ဘက်အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တော့တင်
ဟမ်ဟော့စပါးအသင်းရဲ့ အခြေအနေကတော့ နည်းပြသစ်ပိုချက်တီနိုအတွက် ဖိအား တွေနဲ့
ရင်ဆိုင်ရတဲ့အခြေအနေကို ဆိုက်ရောက်လို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘယ် နည်းပြ ဘယ်လို
ပြောင်း ပြောင်း၊ ဘယ်ကစားသမား ဘယ်လိုပဲ ရောက်လာရောက်လာ တော့တင်ဟမ်ရဲ့တိုးတက်
မှုအခြေအနေက ရပ်တန့်မြဲရပ်တန့်နေဆဲ ဖြစ်နေတာကလည်း အံ့ဩဖွယ်ရာဖြစ်နေခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အက်စ်တာရာစ် ထရီပိုလီအသင်းကို အိမ်ကွင်းမှာ ၅ဪ၁ နဲ့ အနိုင်ရခဲ့ပေ
မယ့် ပရီမီယာလိဂ်မှာတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို ၂ဪ၁ နဲ့ရှုံး သွားခဲ့တာက တော့
တင်ဟမ်ဟော့စပါးရဲ့ ခြေစွမ်းမတည်ငြိမ်မှုကြောင့်ဆိုတာကို ပြသ လိုက်တာပဲဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ပရီမီယာလိဂ်ငါးပွဲကစားထားမှုကို ကြည့်လိုက်ရင် စပါးတိုက်စစ်ဆိုတာ
သာမန်သာ ရှိမယ်ဆိုတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရ
ထားပြီး သုံးပွဲရှုံး၊ တစ်ပွဲသရေဆိုတာကို တွေ့ ကြရမှာဖြစ်သလို သွင်းဂိုး လေးဂိုး၊ ပေးဂိုးရှစ်ဂိုး ဆို
တာကို ထပ်မံတွေ့ရ မှာပဲဖြစ်ပါတယ်။ တိုက်စစ်နဲ့ ခံစစ်တို့ရဲ့ အားနည်းချက်ကိုတွေ့ရမယ့်
ပကတိအခြေအနေဖြစ်ပါ တယ်။ ဒါဟာ အဆင့်(၄) ၀င်ဖို့အတွက် လုံလောက် တဲ့ စွမ်းရည်
မဟုတ်ဘူးဆိုတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ ၂၀၀၁ ကစတင်လို့ နည်းပြအပြောင်းအလဲ
တွေလုပ်လိုက်တာ စုစုပေါင်း ရှစ်ယောက်အထိ ရှိထားတဲ့ တော့တင်ဟမ်ဟော့စပါးဟာ ထိပ်သီး
စာရင်းဝင်ချင်နေတာ ကြာပါပြီ။ ဒါပေမဲ့အရာရာ မပြီးမြောက်ခဲ့ပါဘူး။ အခုလည်း မနှစ်က ဆောက်
သမ်တန်မှာ အစွမ်းပြခဲ့တဲ့ ပိုချက်တီနိုဟာ စပါးကိုတတ်နိုင်ပါ့မလားစောင့်ကြည့်နေကြတာ ရှစ်ပွဲက
စားအပြီးမှာ တော့ စပါးဟာ အဆင့်(၁၁)ဆိုတဲ့နေရာကို သာ ရရှိထားလျက်ရှိနေခဲ့ပါတယ်။

အိမ်ကွင်း မှာ ကျူပီအာရ်ကို ဂိုးပြတ်နိုင်တဲ့ပွဲ၊ အာဆင် နယ်ကို အဝေးကွင်းမှာ သရေကစားနိုင်တဲ့
ပွဲကလွဲရင် ပိုချက်တီနိုမှာ ပြောစရာမရှိ တော့ပါဘူး၊ ၀က်စ်ဘရွန်းကို အိမ်ကွင်းမှာ ရှုံးတယ်။ နယူး
ကာဆယ်ကို အိမ်ကွင်းမှာရှုံးတယ်ဆိုတဲ့အချက်တွေက စပါးအနေနဲ့ အဆင့်လေးဝင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးဆိုတာ ပြနေတာသာ ဖြစ်ပါတယ်။ စပါးရဲ့ သွင်းဂိုးစုစုပေါင်းက ၁၁ သာ ရှိထားတဲ့
အနေ အထားက စပါးတိုက်စစ်ဟာ မကောင်းဘူး လို့ ပြောနေတာသာဖြစ်ပါတယ်။ ဆောက်သမ်
တန် ဂိုး ၂၀၊ ၀က်စ်ဟမ်း ၁၇ ဂိုးတို့က စပါးထက် တိုက်စစ် ပိုမြင့်လာနေတယ်ဆိုတာကို ပြနေတာ
ပါ။


 

စပါးတိုက်စစ်အဆင့်က တန်းတက်လာတဲ့ လက်စတာရဲ့ တိုက်စစ်အဆင့်သာရှိလို့ နယူးကာဆယ်
ကို အိမ်ကွင်းမှာ ပထမပိုင်းအနိုင်ရနေရာက နေ ဒုတိယပိုင်းရောက်တော့ နှစ်ဂိုးပြန်ပေး လိုက်ရတာ
ပဲဖြစ်ပါတယ်။ ဒါတွေက နည်းပြ သစ် ပိုချက်တီနိုအပေါ်ဖိအားတွေတိုးလာစေတာပဲဖြစ်ပါတယ်။
တကယ်တော့ အဒီဘာယောရော၊ ဆိုလ်ဒါဒိုပါ စပါးတိုက်စစ်မှာ ကြောက်စရာ ကောင်းတဲ့၊ သတိ
ထားရတဲ့တိုက်စစ်မှူးတွေမဟုတ်တာက စပါးတိုက်စစ်အားနည်းနေ ခြင်းရဲ့ အဓိကအချက်ပဲဖြစ်ပါ
တယ်။

ကွင်းလယ်ပိုင်းမှာလည်း ပိုချက်တီနိုဟာ လင်နွန် ကို ဘေးဖယ်ထားလိုက်ပြီး ချက်ဒ်လီနဲ့
လာမယ်လာကို အဲရစ်ဆင်နဲ့ တွဲထားခဲ့ပြီး ကွင်းလယ်မှာ ကစားသမားသစ် မေဆင်နဲ့ က ပူးကိုတွဲ
ထားခြင်းကို ကြည့် လိုက်ရင် စပါးကွင်းလယ်ဟာလည်းပဲ အရင်နည်းပြတွေနဲ့မတူ အပြောင်းလဲကြီး
ပြောင်းလဲထားတဲ့ ကွင်းလယ်ဆိုတာကို တွေ့ကြ ရမှာပဲ ဖြစ်ပါတယ်။ လာမယ်လာကိုနေရာပြန်ပေး
ထားခဲ့တာ မှန်ကောင်းမှန်နိုင်ပေမယ့် လင်နွန်လိုတိုက်စစ်ကို အများကြီး ထောက်ပံ့ပေးတဲ့ တောင်ပံ
သမားကို နေရာမပေးတာက ပိုချက်တီနိုရဲ့ မှားယွင်းမှုပဲဖြစ်ပါ တယ်။

အရင်နှစ်တွေက စပါးဟာ အဆင့်(၄) မဝင်ပေမယ့် ထိပ်သီးအသင်းတွေရဲ့ ဖျက်မြင်းအဆင့်ရှိတဲ့
အသင်းဖြစ်နေခဲ့ပါတယ်။ ဒီနှစ် ခြေစွမ်းက ဖျက်မြင်းအဆင့် ခြေစွမ်းမှာ မရှိသေးတာက တောင်ပံ
တွေ အားနည်းသွားခြင်း ကြောင့်ဆိုတာ သိသာနေခဲ့ပါတယ်။ အဲရစ်ဆင် ကို အတွင်းဝင် ကစားခိုင်း
တာကလည်း လွဲ ချော်မှုပဲဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့မူလနေရာ က တောင်ပံသာပဲ ဖြစ်ပါတယ်။

စပါးမှာ တောင်ပံသမားတွေ များပြားနေတဲ့ ပြဿနာ ကို ဖြေရှင်းမှုမရှိခြင်းရဲ့ အဓိကအားနည်းချက်
လို့လည်း သုံးသပ်ရမှာဖြစ်ပါတယ်။ နောက်တန်းအတွင်းနေရာမှာ မိုက်ကယ်ဒေါ်ဆင်ကို ရောင်း
ထုတ်ပြီး ကာဘူးလ်လို ခြေပုံမှန်မရှိသူ ကို ကပ္ပတိန်ပေးပြီး ဦးစားပေး နေရာပေးလိုက် ခြင်းက
လည်း ပိုချက်တီနိုရဲ့အားနည်းချက်ပဲ ဖြစ်ပါတယ်။

ကာဘူးလ်ဟာ ဖရိုဖရဲ ကစား တတ်တဲ့ ကစားသမားတစ်ယောက်သာပဲ ဖြစ်ပါတယ်။ ထိပ်တန်း
အဆင့်မှာ ရှိထားသူ တစ်ယောက်မဟုတ်ပါဘူး။ မန်စီးတီးနဲ့ပွဲမှာ ပင်နယ်တီ သုံးဂိုးပေးရတဲ့
နောက်တန်းကို ပိုချက်တီနိုဟာ ဘာကြောင့်မပြောင်းလဲနိုင်သလဲဆိုတာ စဉ်းစားစရာပဲဖြစ်ပါ
တယ်။ ဆောက်သမ်တန်၊ ၀က်စ်ဟမ်းတို့ ထိုးထိုး ထောင်ထောင်တက်လာတာဟာ စပါးအတွက်
သတိပြုစရာဖြစ်ပါတယ်။ အဲဲဗာတန်၊ စပါးဆိုတာ ထိပ်သီးတွေကို ခြိမ်းခြောက်ပြီး ယူရိုပါလိဂ်ဝင်ခွင့်
ကို မင်းမူနေသူတွေဖြစ်ခဲ့တာအတော်ကြာပါပြီ။

ဒီနှစ်မှာတော့ ယူရိုပါလိဂ် ၀င်ခွင့်နေရာကို ဆောက်သမ်တန်၊ ၀က်စ်ဟမ်း တို့ပါ ၀င်ရောက်နေရာ
လုလာနိုင်ခြေရှိလို့ စပါး အနေနဲ့ အပြောင်းအလဲတွေကို အမြန်ဆုံးမှ မလုပ်ရင်တော့ ပိုချက်တီနို
ဟာလည်း ဘိုအာ့စ် လမ်းစဉ်ကို လိုက်ရမှာပါ။ ပိုချက်တီနိုအနေနဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး
သုံးသပ်နိုင်မှ သာစပါးရဲ့ ရှေ့ခရီးက မျှော်လင့်စရာဖြစ်လာ မှာပါ၊ အဲဒီလိုမှမလုပ်နိုင်ဘူးဆိုရင်တော့
အဆင့်လေးမဆိုထားနဲ့ ယူရိုပါလိဂ်ကိုတောင် ၀င်ဖို့မလွယ်ဘူးလို့ပဲ မြင်နေမိပါရဲ့။



ဖတ်ရှုမှုအများဆုံး