ဂိုးတွေများမယ့် မန်ချက်စတာဒါဘီ - ပရီမီယာလိဂ်ပွဲစဉ်(၁၀)

ဂိုးတွေများမယ့် မန်ချက်စတာဒါဘီ - ပရီမီယာလိဂ်ပွဲစဉ်(၁၀)

မန်စီးတီး- မန်ယူ (တနင်္ဂနွေ၊ ည ၈းဝဝ)
နှစ်ဖက်သွင်းဂိုးဟာ အနည်းဆုံးသုံးဂိုးရှိနေမှာ သေချာတဲ့ ပွဲဖြစ်ပါတယ်။ စီးတီးခံစစ်က မန်ယူခံစစ်လို
ဖြစ်နေတာကလည်း ဂိုးများစေမယ့်အနေအထားဖြစ်လို့ ဒီပွဲရဲ့အသေချာဆုံးက ဂိုးများမှာပဲဖြစ်လို့
အသင်းကိုမရွေးဘဲ ဂိုးအများကိုပဲ ရွေးစေချင်ပါတယ်။

နယူးကာဆယ်- လီဗာပူး (စနေ၊ ည ရး၁၅)
နယူးကာဆယ်က အသင်းကြီးတွေကို အိမ်ကွင်းမှာ အခက်တွေ့အောင် ကစားတတ်တဲ့ အသင်း
ဖြစ်ပါတယ်။ အခုလည်း လီဗာပူး အခက်တွေ့ဦးမှာပါ။ နယူးကာဆယ်ကို ဆက်ရွေး ရမှာဖြစ်ပါ
တယ်။

ချယ်လ်ဆီး- ကျူပီအာရ် (စနေ၊ ည ၉း၃၀)
ကျူပီအာရ်နောက်တန်းက အသက်ကြီးသမားတွေဦးစားပေးထားတာက စဉ်းစားစရာ ဖြစ်ပါတယ်။
ဖာဒီနန်၊ ဒစ်စတင်တို့ကို ဦးစားပေးထားပြီး ကိုယ့်ဂိုးကိုယ်သွင်းနေကြသူတွေ ဖြစ်လို့ ကျူပီအာရ်
ခံစစ်ကစားနိုင်မယ်မထင်ပါဘူး။ ချယ်လ်ဆီးအနည်းဆုံး နှစ်ဂိုးပြတ်တော့ သွင်းသွားနိုင်ပါတယ်။
သုံးဂိုးပြတ်ဖို့တော့ မှန်းရခက်တဲ့ အနေအထားဖြစ်ပါတယ်။

အာဆင်နယ်- ဘန်လေ (စနေ၊ ည ၉း၃၀)
အာဆင်နယ်ကတော့ ဒီတစ်ပတ်ပွဲချောင်နေပါတယ်။ ပွဲကစားဖို့ အများကြီး ကျန်နေသေး ပေမယ့်
ဘန်လေရုန်းနိုင်မှာ မဟုတ်ပါဘူး။ ဘန်လေ ခံစစ်ကစားရင်တော့ မဆိုးဘူးလို့ဆိုနိုင် ပေမယ့်
အာဆင်နယ်ကွင်းမှာ မလွယ်ပါဘူး၊ အာဆင်နယ် နှစ်ဂိုးတော့ ပြတ်မှာပါ။

အဲဗာတန်- ဆွမ်ဆီး (စနေ၊ ည ၉း၃၀)
အဲဗာတန် အလွယ်တကူအနိုင်ရဖို့ မလွယ်တဲ့ပွဲဖြစ်ပါတယ်။ ဆွမ်ဆီးတိုက်စစ်ထက်ခံစစ်ကို
ဦးစားပေး ပြင်ဆင်လာမယ့်ပွဲဖြစ်လို့ ဂိုးသွင်းကောင်းတဲ့ အဲဗာတန်ကစားရခက်မယ့်ပွဲ ဖြစ်ပါ
တယ်။ အမှားမခံတဲ့ပွဲဖြစ်လို့ သရေနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။

ဟားလ်စီးတီး- ဆောက်သမ်တန် (စနေ၊ ည ၉း၃၀)
ဟားလ်စီးတီးက အိမ်ကွင်းဆိုရင် မိနစ် ၃၀ အတွင်းမှာ အမြန်နှုန်းတင်ပြီး ကစားတတ်တဲ့ အသင်း
ဖြစ်လို့ ဆောက်သမ်တန်တောင့်ခံနိုင်ဖို့ လိုပါတယ်။ ဟားလ်စီးတီးကစားတာ မာကျော လို့ ဆောက်
သမ်တန်မလွယ်တဲ့ပွဲဖြစ်ပါတယ်။ မှန်လွန်းတဲ့ ဆောက်သမ်တန်ရဲ့ရစ်သမ် ဒီပွဲမှာ ပျက်သွားပါလိမ့်
မယ်။ ဟားလ်စီးတီးကနေလိုက်ပါ။

လက်စတာ- ၀က်စ်ဘရွန်း (စနေ၊ ည ၉း၃၀)
လက်စတာတိုက်စစ်ကောင်းတဲ့အတွက် ၀က်စ်ဘရွန်း ဂိုးတွေပေးရမှာ သေချာပါတယ်။ခြေသိပ်
မကွာတဲ့နှစ်သင်းပွဲမှာ အိမ်ကွင်းကစားအားကောင်းတဲ့ လက်စတာကို ရွေးရမှာ ဖြစ်ပါတယ်။

စတုတ်- ၀က်စ်ဟမ်း (စနေ၊ ည ၉း၃၀)
၀က်စ်ဟမ်းက တိုက်စစ်ရော၊ ကွင်းလယ်ပါ တော်တော်တိုးတက်ပြောင်းလဲသွားတဲ့ အသင်းဖြစ်နေ
ပါတယ်။ ဒါကြောင့် လီဗာပူး၊ မန်စီးတီးတို့ကို အနိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း
၀က်စ်ဟမ်းမရှုံးနိုင်တဲ့ပွဲဖြစ်ပါတယ်။

ဗီလာ- စပါး (တနင်္ဂနွေ၊ ည ၁၀း၃၀)
စပါးကလည်း မနှစ်ကလောက် ကောင်းတဲ့အသင်းမဟုတ်ပါဘူး။ ခြေမမှန်ဖြစ်နေတဲ့အသင်း ဖြစ်ပါ
တယ်။ လူအင်အားချင်းမှာတော့ စပါးက ဗီလာထက်ပိုပြီး တောင့်တင်းတဲ့အသင်းဖြစ်လို့ ဒီပွဲမှာ
စပါးကစားအားတင်လာမယ်လို့ ယူဆရပါတယ်။ စပါးနိုင်သွားမယ်ထင်ပါတယ်။

ပဲလေ့စ်- ဆန်းဒါးလန်း (အင်္ဂါ၊ နံနက် ၂း၃၀)
ပဲလေ့စ်က တိုက်စစ်ကစားတာကောင်းပေမယ့် ခံစစ်ကတော့ ဆိုးဆိုးရွားရွားအသင်းဖြစ်ပါ တယ်။
အိမ်ကွင်းဆိုရင် တိုက်စစ်ကိုဦးစားပေးတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဆန်းဒါးလန်းက လည်း ရစ်
သမ်ပျက်နေတာ ဆိုးဆိုးရွားရွားဖြစ်နေပါတယ်။ အသင်းကိုရွေးရင် အိမ်ရှင်ကိုရွေးသင့် ပြီး ဂိုးကို
aရွးရင် ဂိုးအများကိုရွေးရမှာပါ။ သေချာတာက ဂိုးအများပဲဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး