လာမယ့်ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၀)မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ ထိပ်တိုက်တွေ့နေကြပြီး
တစ်ချိန်က သူတို့နှစ်သင်းဟာ ကြီးမားတဲ့ အစဉ်အလာပြိုင်ဘက်တွေဖြစ်ခဲ့ပါတယ်။ ဂုဏ်သိက္ခာ၊
မာန်မာနတွေနဲ့ အစဉ်အလာတွေရဲ့ကြားမှာ ပွဲကောင်းတစ်ပွဲကို ကြည့်ကြရဦးမှာပါ။
ရှော်လ်ကေး - အော့စ်ဘတ်
စနေ၊ နံနက် ၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
အော့စ်ဘတ် ၁-၂ ရှော်လ်ကေး
အော့စ်ဘတ်ထက်တောင် အိမ်ရှင်ရှော်လ် ကေးက တန်းစီဇယားအောက်ရောက်နေသေး တယ်။
ဒါပေမဲ့ ရှော်လ်ကေးဟာ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးဘူး။ အော့စ်ဘတ် နောက်ဆုံး ကစားခဲ့တဲ့ အဝေး
ကွင်းသုံးပွဲစလုံးမှာ လေဗာ ကူဆင်၊ ၀ုဖ်ဘတ်၊ မိန့်ဇ်တို့ကို ဆက်တိုက်ရှုံးခဲ့ တာတွေ့ရတယ်။
ဂယ်လ်ဆင်ကာချန်မှာ ရှော်လ်ကေးနဲ့အတူ အောင်ပွဲခံရမယ့်ညပါပဲ။
မိန့်ဇ် - ၀ါဒါဘရီမင်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
မိန့်ဇ် ၃-၀ ၀ါဒါဘရီမင်
မိန့်ဇ်ဟာ ၀ုဖ်ဘတ်နဲ့ပွဲအပါအဝင် ၂၀၁၄ ခုနှစ်မှာတော့ ပွဲချိန်ပထမပိုင်းမှာ ရှုံးတဲ့ လေးပွဲ စလုံး အပြီး
သတ်မှာ ရှုံးနိမ့်ခဲ့တယ်လို့ မှတ်တမ်း တွေက ဆိုပါတယ်။ ၀ါဒါဘရီမင်ဟာလည်း နောက်ဆုံးပွဲ ကို
လုံးကို အိမ်ကွင်းမှာတောင် ရှုံးနိမ့်ခဲ့ပါတယ်။ အခုထိ နိုင်ပွဲမရ သေးတဲ့ ၀ါဒါဘရီမင် ရှုံးပွဲမရှိတဲ့ မိန့်ဇ်
အိမ်ကွင်း မှာ နိုင်စရာအကြောင်းမရှိပါဘူး။
ဟန်နိုဗာ - ဖရန့်ဖတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရန့်ဖတ် ၂-၃ ဟန်နိုဗာ
နှစ်သင်းစလုံး DFP ပိုကယ်ဖလား ကစား စရာရှိပါတယ်။ ဟန်နိုဗာက 'အလန်'ကို အဝေး ကွင်းသွား
ရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဖရန့် ဖတ်က မွန်ချင်ဂလက်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ အသင်းအချင်းချင်း
ထိပ်တိုက်တွေ့မှာဖြစ်ပါ တယ်။ နှစ်သင်းပေါင်းသွင်းဂိုးအများကို ရွေးပြီး ထိုင်ကြည့်တာ အကောင်း
ဆုံးပါပဲ။
စတုဂတ် - ၀ုဖ်ဘတ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
စတုဂတ် ၁-၂ ၀ုဖ်ဘတ်
စတုဂတ်ကတော့ အခုနောက်ဆုံး ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၄-၅ နဲ့နိုင်ဆိုတော့ သူတို့ရဲ့ခန္ဓာ
ကိုယ်ထဲမှာ ဂိုးသွင်းမယ့်သွေး တွေ လှည့်ပတ်စီးနေတယ်။ ၀ုဖ်ဘတ်ကလည်း ဂိုးပေါက်ရှာတွေ့
ကောင်းနေဆဲဖြစ်တယ်။ ဒါပေမဲ့ အဝေးကွင်း လာကစားရတာတောင် အပေါ်စီးက စိန်ခေါ်လာတဲ့
၀ုဖ်ဘတ်ကို ငြင်းပယ်မယ်။
ဟမ်းဘတ် - လေဗာကူဆင်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟမ်းဘတ် ၂-၁ လေဗာကူဆင်
ဟမ်းဘတ်ကတော့ နိုင်ပွဲတစ်ပွဲသာရပြီး တန်းဆင်းဇုန်ထဲကျရောက်နေပါပြီ။ အိမ်ကွင်း မှာလည်း
နိုင်ပွဲလုံးဝမရသေးဘဲ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးကာ နှစ်ဂိုးပဲ သွင်းနိုင်သေးတယ်။ အဆင့်(၅)မှာ ရပ်တည်
နေတဲ့ လေဗာကူဆင် ဟာ အဝေးကွင်း နှစ်ပွဲဆက်တိုက် သရေကျ ခဲ့တာကတော့ စဉ်းစားစရာပါပဲ။
ဘိုင်ယန် ကိုတောင် သရေ ကစားနိုင်ခဲ့တဲ့ ဟမ်းဘတ်နဲ့ အိမ်ထမင်း အိမ်ဟင်း စားလိုက်ကြရအောင်။
ဘိုင်ယန် - ဒေါ့မွန်
စနေ၊ ည ၁၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဒေါ့မွန် ၂-၀ ဘိုင်ယန်မြူးနစ်
အင်မတန် ကြည့်ကောင်းမယ့်ပွဲတစ်ပွဲပါပဲ။ တစ်ခုတော့ရှိတယ်။ နှစ်သင်းစလုံး DFP ပိုကယ်
ဖလားပြိုင်ပွဲတွေ ကစားရမယ်။ ဟမ်းဘတ်ကွင်းကို ဘိုင်ယန်က သွားကစားရ မှာဖြစ်သလို
ဒေါ့မွန်ကလည်း စိန့်ပေါ်လီကွင်း သွားရမှာပါ။ ဘွန်ဒက်စ်လီဂါလေးပွဲဆက် တိုက် ရှုံးထားပြီး
ရှော်လ်ကေး၊ ဟမ်းဘတ်၊ ကိုလုံး၊ ဟန်နိုဗာတို့ကို နှစ်ဂိုးပဲသွင်းနိုင်ခဲ့တဲ့ ဒေါ့မွန်ကို မေ့ထားတာ
ကောင်းမယ်။
မွန်ချင်ဂလက်ဘတ် - ဟော့ဖန်ဟိမ်း
တနင်္ဂနွေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
မွန်ချင် ၂-၂ ဟော့ဖန်ဟိမ်း
ထိပ်တိုက်တွေ့ကြပါပြီ။ မွန်ချင်ကလည်း အိမ်ကွင်းမှာ ရှုံးပွဲမရှိ နှစ်ပွဲနိုင်၊ သုံးပွဲသရေကျ ထားတယ်။
အဆင့်(၄)နေရာက ဟော့ဖန်ဟိမ်း ကလည်း အဝေးကွင်းမှာ ရှုံးပွဲမရှိ တစ်ပွဲနိုင်၊ သုံးပွဲသရေကျထား
တယ်။ သရေပွဲဖြစ်ရင် တော့ မွန်ချင်မျက်လုံးထဲ ပိုးစိမ်းကောင် ၀င်တာ ပါပဲ။ သရေကျသွားနိုင်လို့
DFP ပိုကယ်ဖလား လည်း ရှိနေတဲ့ အိမ်ရှင်နဲ့ လက်တွဲဖြုတ်မယ်။
ကိုလုံး - ဖရိုင်းဘတ်
တနင်္ဂနွေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရိုင်းဘတ် ၄-၁ ကိုလုံး
ကိုလုံးပရိသတ်တွေအနေနဲ့ ဘယ်လိုနိုင်နိုင် နိုင်ဖို့က အရေးကြီးတယ်။ သရေကျဖို့တော့
ဘယ်နည်းနဲ့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ အိမ်ရှင် ကိုလုံးက အဆင့်(၁၀)မှာ ရပ်တည်နေပြီး
အိမ်ကွင်းမှာ တစ်ပွဲရှုံးထားတယ်။ အဲဒါက ဘိုင်ယန်ကိုပါ။ ဖရိုင်းဘတ်ကတော့ တန်းဆင်း
ဇုန်ထဲရောက်နေပြီး အခုအချိန်ထိ အဝေးကွင်း နိုင်ပွဲမရှိသေးဘူး။ နှစ်သင်းစလုံး DFP ပိုကယ်
ဖလားကို အဝေးကွင်းတွေမှာ သွားကစားရ မှာမို့ ပွဲပန်းတာချင်းအတူတူဖြစ်ပေမယ့် ဖရိုင်းဘတ်က
အဝေးကွင်းသုံးပွဲဆက် ကစား ရတာဖြစ်တယ်။ အိမ်ရှင်ဖြစ်တဲ့ ကိုလုံးကိုပဲ ရွေးချယ်သင့်ပါတယ်။
ပက်ဒါဘွန်း - ဟာသာဘာလင်
တနင်္ဂနွေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ပက်ဒါဘွန်း ၀-၁ ဟာသာဘာလင်
ဟင်းကောင်းကျွေးကောင်းတွေ စားနေတဲ့ ၀ိုင်းမှာ ပက်ဒါဘွန်းက အရန်ဟင်းတစ်မည် သက်သက်
မဟုတ်ဘူးဆိုတာ သူတို့ရဲ့အိမ်ကွင်း မှာ ဖရန့်ဖတ်ကို ၃-၁ နဲ့နိုင်လိုက်ကတည်းက ပြသခဲ့ပြီး
အဆင့်(၇)မှာ ရပ်တည်နေတဲ့ တန်းတက်ပက်ဒါဘွန်းအသင်းဟာ အိမ်ကွင်း မှာ တစ်ပွဲပဲရှုံးသေး
တယ်။ အိမ်ကွင်းမှာကစား ရပြီး ကြိုက်ရာရွေးချယ်ခွင့်ရှိတဲ့အခါ ပက်ဒါ ဘွန်းကို ရွေးထားတာ
ကောင်းပါတယ်။














