အမ်ပိုလီ - ဂျူဗင်တပ် (စနေ၊ ည ၁၁း၃၀)
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ကက်ဂလီယာရီကို လေးဂိုးပြတ်ရှုံးခဲ့တဲ့ အမ်ပိုလီနောက်တန်းက လုံခြံုမှု
မရှိတာကို ဖော်ပြနေတယ်။ ဂျူဗင်တပ်ကတော့ စီးရီးအေမှာ ခြေစွမ်းရော အတွေ့အကြံု သာမက
စိတ်ဓာတ်ပါ အသာစီးရပြီး ပွဲတိုင်းကို ဖိဖိစီးစီးကစားလာတယ်။ အခုပွဲအဖြေက ဂျူဗင်တပ်လက်ထဲ
မှာရှိပြီး အားထည့် ကစားရင် ဂျူဗင်တပ် ဂိုးပြတ်နိုင်ပါလိမ့်မယ်။
ပါးမား -အင်တာမီလန် (တနင်္ဂနွေ၊နံနက် ၂း၁၅)
တောက်လျှောက် စိုက်ဆင်းနေတဲ့ ပါးမားခြေစွမ်းကို ဘယ်လိုမှယုံစားလို့ မရတော့ဘူး။ အစောပိုင်း
က ဂိုးသွင်းအားရှိခဲ့တဲ့ ပါးမားဟာ အောက်တိုဘာလထဲမှာ ဂိုးသွင်းအား ကျဆင်း သွားပြီး နောက်
တန်း 'ပွင့်ထွက်'နေတယ်။ အင်တာမီလန်ကတော့ စီဆီနာကွင်းမှာ လူတစ်ယောက် အသာစီးရ
တာတောင် ကစားကွက် စီးစီးပိုင်ပိုင်မရှိဘဲ ဖိအားများပြီး ယုံကြည်မှု လျော့နည်းနေတယ်။ ဒါပေမဲ့
ကစားအားရှိတဲ့ အင်တာမီလန်ကို ရွေးချယ်သင့်တယ်။
ချီယေဗို -ဆက်စူလို (တနင်္ဂနွေ၊ ည ၈း၃၀)
သုံးပွဲဆက်တိုက် ရှုံးထားတဲ့ ချီယေဗိုဟာ တိုက်စစ်ပါ ပျောက်သလောက်ရှိသွားပြီး ခုနစ်ဂိုး သွင်းခံ
ထားရလို့ ယေဘုယျအားဖြင့် တိုက်စစ်ရော၊ ခံစစ်ပါ အကျဖက် 'ယိုင်'နေတယ်။ ဆက်စူလို ကတော့
ပါးမားကွင်းမှာ ၃-၁ နဲ့နိုင်ခဲ့တဲ့ ခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် ပြန်ပြီး ဦးမော့လာ နိုင်
တယ်။ တိုက်စစ်မှူး ဖလိုကာရီ ခြေစွာလာပြီး ကွင်းလယ်နဲ့ အချိတ်အဆက်မိလာတယ်။ အသင်း
လိုက် နားလည်မှုနဲ့ ကစားအားတိုးတက်လာတဲ့ ဆက်စူလိုကို ပိုကြိုက်တယ်။
ဆမ်ဒိုးရီးယား - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၈း၃၀)
ရိုးမားကို ဂိုးမရှိသရေ ကစားသွားလို့ ဆမ်ဒိုးရီးယားခြေစွမ်းနဲ့ အသင်းလိုက် မာကျောမှုကို လျှော့
တွက်လို့မရပါဘူး။ တန်ပြန်တိုက်စစ်ကောင်းပြီး ခံစစ်ကျစ်လျစ်တဲ့ ဆမ်ဒိုးရီးယားဟာ အလယ်
အလတ်အသင်းတွေထဲမှာ အကောင်းဆုံး အနေအထားမှာရှိတယ်။ ဖီအိုရင်တီးနားက တော့
ပွဲပန်းနေပြီး ခြေစွမ်းက အကျဖက်မှာ မလွတ်သေးဘူး။ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။
တိုရီနို - အတ္တလန္တာ (တနင်္ဂနွေ၊ ည ၈း၃၀)
ယူရိုပါလိဂ်ဘက်ကို အာရုံစိုက်နေတဲ့ တိုရီနိုခြေစွမ်းက စီးရီးအေမှာ အနည်းငယ် တက်ရိပ်ပြ လာ
တယ်။ အထူးသဖြင့် တိုက်စစ်ကစားပုံကောင်းလာပြီး ဂိုးသွင်းအား တိုးတက်လာတယ်။ အတ္တ
လန္တာကတော့ နောက်ဆုံးငါးပွဲမှာ ပါးမားကို ၁ဪဝ နဲ့ နိုင်လိုက်တာကလွဲလို့ ကျန်တဲ့လေးပွဲရှုံး
ခဲ့ရာမှာ ရှစ်ဂိုးသွင်းခံရပြီး တစ်ဂိုးမှ ပြန်မသွင်းနိုင်ခဲ့ဘူး။ တိုက်စစ်၊ ခံစစ်၊ အိမ်ရှင် အားသာချက်တွေ
ကို ချိန်ဆလိုက်ရင် အားပေးသင့်တာ တိုရီနိုပါ။
ယူဒီးနိစ် -ဂျီနိုအာ (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ အိမ်ကွင်းမှာ အတ္တလန္တာကို နှစ်ဂိုးပြတ်နိုင်ပြီး တတိယနေရာတက်လာတဲ့ ယူဒီးနိစ် ဟာ
အိမ်ကွင်းစွာတယ်။ အိမ်ကွင်းမှာ ကစားကွက်ရော၊ တိုက်စစ်ပါ ကောင်းမွန်ရုံသာမက အပြီးသတ်
ဂိုးသွင်းရာမှာလည်း ထိရောက်မှုရှိတယ်။ ဂျီနိုအာကလည်း နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲ နိုင်ပြီး တစ်ပွဲ
သရေကျခဲ့လို့ တက်ရိပ်ပြလာပေမယ့် အဲဒီသုံးပွဲမှာ ပြိုင်ဘက်တွေက ချီယေဗို၊ အမ်ပိုလီ နဲ့ ပါးမား
တို့ ဖြစ်နေလို့ ခြေစွမ်းအမှန်လို့ မယူဆသင့်ဘူး။ ယူဒီးနိစ်ကို ရွေးချယ်သင့်တယ်။
အေစီမီလန် -ပါလာမို (တနင်္လာ၊ နံနက် ၂း၁၅)
၄-၃-၃ ကစားကွက်နဲ့ အံဝင်လာတဲ့ အေစီမီလန်တိုက်စစ်က တိုးတက်မှုရှိလာတယ်။ ပါလာမို
ကတော့ အသင်းကြီးတွေကို ခံကစားနိုင်တဲ့ ခြေစွမ်းမျိုးမရှိဘူး။ အထူးသဖြင့် ပါလာမိုနောက်တန်း
က တိုက်စစ်အားကောင်းတဲ့အသင်းတွေကို ရင်ဆိုင်တဲ့အခါ စိတ်မချရဘူး။ ဒါကြောင့် အိမ်ရှင်အား
သာချက်ရှိပြီး စီးရီးအေမှာ ဂိုးအများဆုံးသွင်းထားတဲ့ အေစီမီလန်ကို ပိုကြိုက်တယ်။
ဆီစီနာ -ဗီရိုနာ (အင်္ဂါ၊ နံနက် ၀၀း၃၀)
ရှုံးပွဲတွေဆက်လာတဲ့ စီဆီနာဟာ စိတ်ဓာတ်နဲ့ ကစားအားကောင်းပေမယ့် လတ်တလော ခြေစွမ်း
က အကျဘက်ကို 'ယိုင်'နေတယ်။ ဗီရိုနာကတော့ အေစီမီလန်၊ နာပိုလီတို့လိုအသင်းကြီး တွေကို
ဆက်တိုက် ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဂိုးသွင်းအားရှိတယ်။ အသင်းငယ်တွေကို ရင်ဆိုင်တဲ့ အခါ ဗီရိုနာ
တိုက်စစ် အသာစီးရမယ်လို့ ယူဆရတယ်။ ဗီရိုနာဘက်က ရွေးချယ်သင့်တယ်။
လာဇီယို - ကက်ဂလီယာရီ (အင်္ဂါ၊ နံနက် ၂း၃၀)
လေးပွဲဆက်တိုက်နိုင်ထားတဲ့ လာဇီယိုတိုက်စစ်ဟာ သိသိသာသာ ကောင်းလာတယ်။ တိုက်စစ်မှူး
ဂျော်ဂျီဗစ်ကို ပွဲထုတ်ပြီးတဲ့နောက် လာဇီယိုတိုက်စစ် ထက်မြက်လာတယ်။ ကက်ဂလီယာရီကတော့
ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်မှာ ခြောက်ဂိုးသွင်းထားလို့ တိုက်စစ် ထက်မြက်လာတယ်။ ကိုလံဘီယာ
တိုက်စစ်မှူး ဗစ်တာအိုင်ဘာဘိုနဲ့ အီတလီတိုက်စစ်မှူး မာကိုစူးတို့ အတိုင်အဖောက်ညီပြီး အလုပ်
ဖြစ်နေတယ်။ ဒါပေမဲ့ လာဇီယိုလို အသင်းကြီးကို ထိုးဖောက်နိုင်ဖို့တော့ သိပ်မလွယ်ဘူး။ အိမ်ရှင်
အားသာချက်ရှိပြီး တိုက်စစ်ကောင်းတဲ့ လာဇီယိုကို ပိုကြိုက်တယ်။














