နာပိုလီ - ရိုးမား (စနေ၊ ည ၈း၃၀)
အောက်တိုဘာလ အနေအထားနှင့် ရလဒ်များပေါ်တွင် အခြေခံလိုက်ပါက နာပိုလီခြေစွမ်းသည်
တရိပ်ရိပ် ပြန်တက်လာသည်။ ယူရိုပါလိဂ်ကို ၀င်ရောက်နေရင်း မှ တစ်ဖက်တွင် စီးရီးအေသုံးပွဲ၌
ခုနစ်မှတ် ရခဲ့သောကြောင့် နာပိုလီ၏ စွမ်းဆောင်ရည် သည် အားရလောက်သော အနေအထား
တွင် ရှိသည်။ အောက်တိုဘာလထဲတွင် နာပိုလီသည် စီးရီးအေ ပွဲစဉ်များအဖြစ် တိုရီနို၊ အင်တာမီ
လန်၊ ဗီရိုနာတို့ကို ဆက်တိုက် ရင်ဆိုင်ခဲ့ရ သည်။
ထိုသုံးသင်းစလုံးသည် ခြေစွမ်းအားဖြင့် အလယ်အလတ်အဆင့်ထက် မနိမ့်ကျ သောအသင်းများ
ဖြစ်ကြသည်။ အိမ်ကွင်း ပွဲစဉ်များအဖြစ် နာပိုလီသည် တိုရီနိုကို ၂-၁၊ ဗီရိုနာကို ၆-၂ ဖြင့် နိုင်ခဲ့
သည်။
တစ်ဖန် အင်တာမီလန်ကွင်းတွင် ၂-၂ သရေကျခဲ့ရာ ၌ ခြေစွမ်း၊ ထိုးဖောက်တိုက်စစ်ဆင်မှု အစရှိ
သော အပိုင်းများ၌ အသာစီးရခဲ့သည်။ အောက်တိုဘာလအတွင်း ကစားပြီးခဲ့ သော သုံးပွဲပေါ်တွင်
သုံးသပ်မည်ဆိုလျှင် နာပိုလီသည် စုစုပေါင်း ၁၀ ဂိုး သွင်းယူနိုင်ခဲ့ သောကြောင့် တစ်ပွဲပျမ်းမျှ ဂိုး
သွင်းနှုန်း သည် သုံးဂိုးအထက် ရောက်သွားသည်။
ထိုနှုန်းထားသည် အစောပိုင်းက စီးရီးအေ၌သွင်းဂိုးအများဆုံး သုံးသင်းဖြစ်သည့် အေစီမီလန်၊ ဂျူဗင်
တပ်နှင့် ရိုးမားတို့ထက် သာလွန် နေတာကို တွေ့ရသည်။ စပိန်တောင်ပံ တိုက်စစ်မှူး ဟိုဆေးကယ်
လီဂျွန်သည် ဆက်တိုက် ခြေတက်လာပြီး အဆုံးသတ် ဂိုးသွင်းယူမှု သေသပ်လာသောကြောင့်
ဂိုးမြူးလာသည်။
ဗီရိုနာကို ၆-၂ ဖြင့် နိုင်ခဲ့သောပွဲတွင် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင် သုံးဂိုး သွင်းပြီး ဟက်
ထရစ်ရခဲ့သောကြောင့် ၎င်း၏ စသအနညအငေူ ကိုလည်း ထည့်သွင်းတွက်ချက် ရတော့မည်
ဖြစ်သည်။
တစ်ဖန် အသင်း ခေါင်းဆောင် ကွင်းလယ်တိုက်စစ်သမား မာရက်ဟမ်ဆစ်လည်း ဗီရိုနာနှင့်ပွဲတွင်
နှစ်ဂိုးသွင်းခဲ့သောကြောင့် နာပိုလီတိုက်စစ်အတွက် အားဆေးတစ်ခွက် ဖြစ်လာသည်။ ၄-၂-၃-၁
ပုံစံဖြင့် တဖြည်းဖြည်း အသား ကျလာသော နာပိုလီတွင် အသင်းခေါင်း ဆောင် ဟမ်ဆစ်သာ
ယခင်ခြေစွမ်းမျိုး ပြန်လည်ရရှိပါက ကွင်းလယ်တိုက်စစ်ကို ပြန်လည် အလေးပေး သုံးသပ်ရတော့
မည် ဖြစ်သည်။
တစ်ဖန် နာပိုလီ တောင်ပံတိုက်စစ် သည် စီးရီးအေတွင် ထိပ်တန်းအဆင့်ရှိ သောကြောင့် ဟမ်ဆစ်
၏ စွမ်းဆောင်ရည် ထက်မြက်လာခြင်းက နာပိုလီကွင်းလယ်နှင့် တောင်ပံတိုက်စစ်အတွက် အပိုဆု
တစ်ခု ဖြစ်လာသည်။ နာပိုလီခံစစ်ကြောင်းသည် အောက်တို ဘာလအတွင်း ကစားပြီးခဲ့သော သုံး
ပွဲ၌ ငါးဂိုးသွင်းခံရသောကြောင့် လုံခြံုမှုမရှိဟု ဆိုရမည်ဖြစ်သည်။ တိုက်စစ်ပိုင်းက ၁၀ ဂိုး သွင်းနိုင်
သောကြောင့် ခံသာသော်လည်း သူတင်ကိုယ်တင် စွယ်စုံကောင်းသော အသင်းများကို ရင်ဆိုင်
သောအခါ နာပိုလီ ခံစစ်ကြောင်းသည် 'ပျော့ကွက်'တစ်ခု ဖြစ် နေသည်။ တစ်ဖက်တွင် ရိုးမား
သည် ချန်ပီယံလိဂ် နှင့် စီးရီးအေ ပြိုင်ပွဲနှစ်ခုအကြား ပွဲကျပ်များ ဆက်တိုက်ကစားနေရသည်။
တစ်ဖန် ကွင်းလယ်နှင့် နောက်တန်းတွင် အဓိက လူများ ဒဏ်ရာရနေသောကြောင့် အသင်း
လိုက်စွမ်းဆောင်ရည်ပိုင်းကို အပြည့်ထုတ်မသုံးနိုင်ဘဲ ပုံမှန်အောက် 'လျော့'နေတာကို တွေ့
ရသည်။
နောက်တန်းတွင် ကာစတန်၊ ဒေးဗစ်အက်စတိုရီတို့ ဒဏ်ရာ များကြောင့် လွဲချော်ခဲ့ရာမှ အောက်တို
ဘာ တတိယပတ် လောက်တွင် အီတလီလက်ရွေးစင် အက် စတိုရီ ပြန်လည်ပါ၀င်လာသည်။
ရိုးမားကွင်းလယ်၌ နယ်သာလန် လက်ရွေးစင် ကီဗင်စထရုမင်းသည် ပြန်လည်ကစားနိုင်ခြင်း မရှိ
သေးပေ။ အစောပိုင်း ကလည်း ဒီရော့စီ ဒဏ်ရာရသွားသော ကြောင့် ၀ါရင့်ကွင်းလယ်လူ ကီတာ
ဖြင့် အစားထိုးခဲ့သော်လည်း ကီတာပါ ဒဏ်ရာရ သွား၍ နည်းပြ ဂါစီယာ 'ခေါင်းကိုက်'သွား သည်။
သို့ရာတွင် မရှေးမနှောင်းပင် ဒီရော့စီ ပြန်ကစားနိုင်သောကြောင့် ရိုးမားကွင်းလယ် စွမ်းဆောင်ရည်
ပိုင်း ထိုးဆင်းမသွားသော် လည်း လူအဝင်အထွက်၊ အပြောင်းအလဲ များ၏ အကျိုးဆက်အနေဖြင့်
ရိုးမားသည် ချန်ပီယံလိဂ်နှင့် စီးရီးအေတွင် သုံးပွဲတိတိ နိုင်ပွဲပျောက်သွားသည်။
ချန်ပီယံလိဂ်တွင် မန်စီးတီးကွင်း၌ ၁-၁ သရေ ကစားပြီးနောက် အပြန်လမ်းတွင် ဂျူဗင်တပ်ကွင်းသို့
သွားရောက်ကစားရာ၌ ၃-၂ ဖြင့် အရေးနိမ့်သည်။ ချီယေဗိုနှင့်ပွဲတွင် သုံးဂိုးပြတ်နိုင်ခဲ့သောကြောင့်
အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ချက်ခြင်း ပြန်လည် 'ဆွဲတင်'နိုင်မည်ဟု ထင်ကြေး
ပေးခဲ့သော်လည်း ကြားရက်ထဲတွင် ချန်ပီယံ လိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူနစ်ကို အိမ်ကွင်း ၌ ရ-၁
ဖြင့် အရေးနိမ့်ခဲ့သောကြောင့် ပရိသတ်များ၏ စိတ်ပျက်ခြင်းကို ခံခဲ့ရ သည်။ ထို့နောက် သုံးရက်
သာခြားပြီး ဆမ်ဒိုး ရီးယားကွင်းသို့ သွားရောက်ကစားသော အခါ ဂိုးမရှိသရေကျသည်။
ဆမ်ဒိုးရီးယား သည် နည်းပြ မီဟိုင်းလိုဗစ်လက်ထက်တွင် ရစ်သမ်မိပြီး ခြေစွမ်းထက်မြက်လာ
သောကြောင့် ရိုးမားအနေဖြင့် ပွဲကျပ်နှင့် ရင်ဆိုင် ရပြန်သည်။ ရိုးမားအနေအထားကို ခြံုငုံကြည့်
လျှင် ဒဏ်ရာများကြောင့် လူစုံမပါ၀င်နိုင်ချိန်တွင် ပွဲကျပ်များနေသောကြောင့် 'ဒဏ်ရာနှင့် ပွဲကျပ်'
တိုက်ဆိုင်စုဆုံသွားသည်ဟု ဆိုရ မည်။ အထူးသဖြင့် ကွင်းလယ်နှင့် ဗဟိုခံစစ် တွင် ဒဏ်ရာများ
ကြောင့် လူထုတ်ပုံ မတည် ငြိမ်ခြင်းသည် ရိုးမားစွမ်းဆောင်ရည်ပိုင်းကို အနည်းနှင့်အများ ထိခိုက်
သွားစေသည်။
ဆိုရပါလျှင် ယခုပွဲတွင် နာပိုလီတိုက်စစ် ကို လျှော့မတွက်ရဲသော်လည်း နောက်တန်း 'ပွင့်ထွက်'
နေသောအချက်ကို ထည့်သွင်း စဉ်းစားရမည်။ တစ်ဖန် ရိုးမားသည် ဒဏ်ရာ များ ရှိနေလင့်ကစား
အသင်းလိုက် ချိတ်ဆက် မှု၊ တောင်ပံတိုက်စစ်များတွင် ဖြန့်ကြက်ကစားနိုင်မှု၊ စီးရီးအေ ရှစ်ပွဲ
ကစားပြီးရာ၌ လေးဂိုးသာ သွင်းခံရသောကြောင့် ခံစစ်ကျစ်လျစ်ခြင်း အစရှိသော အချက်များကို
ထည့်တွက်ရမည် ဖြစ်သည်။ သို့ကလိုကြောင့်ရိုးမားဘက်က အရဲစွန့် သင့်ပြီး ဂိုးများသောပွဲ
ဖြစ်လာနိုင်သည်ဟု ယူဆနိုင်သည်။















