၂၀၁၄ တင်းနစ်ပြိုင်ပွဲရာသီရဲ့ နှုတ်ဆက်ပွဲစဉ် လို့ ဆိုရမယ့် WTA Tour Final အမျိုးသမီး တင်းနစ်
ပွဲစဉ်ကတော့ စင်ကာပူမြေမှာ တခမ်းတနား ကျင်းပပြီးစီးသွား ခဲ့ပြီပဲဖြစ်ပါတယ်။ Singapore
Indoor Stadium မှာ ကျင်းပ သွားခဲ့တဲ့ (၄၄)ကြိမ် မြောက် WTAF တင်းနစ်ပွဲစဉ်ကို အောက်တို
ဘာလ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး Hard Court မျက်နှာပြင်အမျိုးအစားမှာ
ယှဉ်ပြိုင်ရတဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။
WTA Final ပွဲစဉ်ကို စင်ကာပူအနေနဲ့ အခု ၂၀၁၄မှာ ပထမဆုံးအကြိမ် ကျင်းပ ခွင့်ရတာဖြစ်ပြီး
WTAF ဂန္ထဝင်ချန်ပီယံစာရင်း မှာ ရှစ်ထပ်ကွမ်း ချန်ပီယံ နာဗရာတီလိုဗာ၊ ငါးထပ်ကွမ်း စတက်ဖီ
ဂရပ်တို့နှစ်ဦးသာ ရှိခဲ့ပြီး အခုနှစ် ချန်ပီယံဖြစ်လာသူ ဆရီနာကလည်း ငါးထပ်ကွမ်း ချန်ပီယံ ဖြစ်
သွားတာကြောင့် WTAF ဂန္ထဝင် စာရင်းမှာ တတိယမြောက် ငွေကြယ် ပွင့်အဖြစ် မှတ်တမ်းဝင်
ခဲ့ပြီပဲဖြစ်ပါ တယ်။
၂၀၁၄ WTAF ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ထိတ်ထိတ်ကြဲ တင်းနစ်မယ် ရှစ်ဦးကတော့
ဆရီနာ၊ ရှာရာ ပိုဗာ၊ ကီဗစ်တိုဗာ၊ ဆီမိုနာဟာ လက်၊ ယူဂျင်နီ၊ ရဝမ်စကာ၊ အိုင်ဗန် နိုဗစ်နဲ့ ဝေါ့ဇ်နီ
ယက်စကီးတို့ ဖြစ်ကြပြီး ဗိုလ်လုပွဲစဉ်ကို တက် ရောက်နိုင်ခဲ့သူ စူပါစတားနှစ်ဦး ကတော့ လေးထပ်
ကွမ်းချန်ပီယံ ဆရီနာနဲ့ ရိုမေးနီးယား ငွေကြယ် ပွင့်သစ် ဆီမိုနာဟာလက်တို့ပါပဲ။
ကမ္ဘာ့နံပါတ်(၁)နေရာမှာ ရက်သတ္တ ပတ်ပေါင်း ၉၅ ပတ်ကျော် ရပ်တည် နိုင်ခဲ့သူ ဆရီနာကို
ရိုမေးနီးယား တင်းနစ်မယ်ဟာ ဘယ်လိုမှ မယှဉ် သာခဲ့ဘဲ ပွဲကစားချိန် ၆၉ မိနစ် အကြာမှာ ၆-၃၊
၆-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုဖလား ကို ဆရီနာထံ ပေးအပ်လိုက်ရခြင်း ကိုလည်း ရိုမေး
နီးယား ပရိသတ် တွေက နားလည်ပေးခဲ့ကြပါတယ်။ အခုနှစ်ပြိုင်ပွဲရာသီမှာ တောက်လျှောက်
လက်စွမ်းပြနေသူ ဆရီနာဟာ ၂၀၁၂- ၂၀၁၃-၂၀၁၄ သုံးနှစ်ဆက်တိုက် WTAF ချန်ပီယံဆုဖလား
ရယူနိုင်ခဲ့တာကြောင့် မော်နီကာ ဆဲလက်စ်နောက်ပိုင်း ၂၂ နှစ် အကြာမှာမှ ပထမဆုံး ပေါ်ထွက်
လာခဲ့တဲ့ သုံးကြိမ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ ပြန်ပါတယ်။
တင်းနစ်ကမ္ဘာမှာ ဂရင်းဆလမ်ဆုဖလား စုစုပေါင်း ၁၈ လုံးပိုင်ဆိုင်ထားသူ ဆရီနာဟာ ဆုကြေး
စုစုပေါင်း ဒေါ်လာသန်း ၆၀ ကျော် ပိုင်ဆိုင်ထားသူ တစ်ဦးတည်းသော ပြိုင်ဘက် ကင်း ဆုကြေး
အများဆုံးဆုရှင်အဖြစ်နဲ့လည်း အားကစားကမ္ဘာမှာ ထင်ရှားသူဖြစ်ပါတယ်။ အိုလံပစ်ရွှေတံဆိပ်
ဆုလေးဆု နိုင်ငံအတွက် ရယူပေးထားနိုင်သလို ဂရင်းဆလမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ၂၂ ကြိမ် တက်
ရောက်နိုင်ခဲ့ပြီး ၁၈ ကြိမ် ဗိုလ်စွဲနိုင်သူအဖြစ်နဲ့လည်း တင်းနစ် ပရိသတ်တွေကြားမှာ ရေပန်းစားသူ
ငွေကြယ် ပွင့်တစ်ပွင့်ပါပဲ။
ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ခြောက်သန်းကျော် ချီးမြှင့်ခဲ့တဲ့ ဒီရာသီပိတ် WTAF ပြိုင်ပွဲမှာ
အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သူ ဆရီနာဟာ အခုနှစ် ဂရင်း ဆလမ်လေးပွဲမှာ ယူအက်စ်အိုးပင်း
ဖလား တစ်လုံးတည်း ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ နံပါတ်(၁)ထိုင်ခုံမှာ ရက်သတ္တပတ်ပေါင်း ၉၇ ပတ်
ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် စတုတ္ထ မြောက် အရှည်ကြာဆုံး World No.1 မှတ်တမ်း ၀င်ခဲ့ရပြန်
ပါတယ်။
အသက်အရွယ်အရ အကျပိုင်းရောက်လာပြီလို့ ဆိုနိုင်ပေမယ့် လူငယ်ငွေကြယ်ပွင့်သစ်တွေထက်
ခေါင်း တစ်လုံးပိုမြင့်တယ်လို့ ဆိုနိုင်အောင် လက် စောင်းထက်ဆဲ ဆရီနာက "အခုလို ရာသီပိတ်
ပြိုင်ပွဲမှာ သုံးကြိမ်ဆက် အောင်ပွဲခံခွင့်ရတာကို ကြည်နူးပီတိဖြစ်ရပါတယ်။ အာရှမြေ စင်ကာပူ
ပရိသတ်ရှေ့မှောက်မှာ ပထမဆုံးချန်ပီယံ ဆုဖလားပိုင်ဆိုင်ခွင့်ရတာဟာလည်း ဘဝမှာ အမှတ်
တရ ရှိနေမှာပါ။ ဆီမိုနာဟာ အလား အလာကောင်းတဲ့ ငွေကြယ်ပွင့်တစ်ပွင့်ပါ။ အတွေ့အကြံု
သမ္ဘာကွာခြားလို့သာ သူအရေး နိမ့်ခဲ့ရတာပါ။ လာမယ့် ၂၀၁၅ ပြိုင်ပွဲတွေ မှာလည်း အခုလို
ပျော်ရွှင်ခွင့်ရအောင် ဆက် ကြိုးစားသွားပါမယ်"လို့ ၀မ်းမြောက် စကားဆို သွားပါတယ်။
ရုရှားလှပျိုဖြူ ရှာရာပိုဗာရဲ့ ကမ္ဘာ့နံပါတ်(၁)တိုက်ပွဲဟာ ဆရီနာဗိုလ်စွဲခဲ့ တာကြောင့် အခြေမလှခဲ့ဘဲ
၂၀၁၄ ရာသီကုန် ဆုံးချိန်မှာ ဆရီနာက နံပါတ်(၁)၊ ရှာရာပိုဗာက (၂)အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
လာမယ့် ပြိုင်ပွဲရာသီမှာ ဆရီနာကို ဘယ်သူဖြတ်ကျော် နိုင်မလဲဆိုတာကိုတော့...။















