မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့ ပူးပေါင်း ဖွင့်လှစ်
သည့် အသက် (၁၂) နှစ်အောက် ကလေးများကို ဘောလုံးအားကစားကို အခြေခံ၍ ကျန်းမာရေး
အသိပညာများ ပို့ချ ပေးမည့် နည်းပြဆရာ၊ ဆရာမ သင်တန်း FIFA 11 FOR Health Training
Course 1/2014 (Second Pilot Study For Country-wide Implementation) ဖွင့်ပွဲကို
အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး
ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အခြေခံပညာကျောင်း ၁၂ ကျောင်းမှ
ဆရာ၊ ဆရာမ ၂၄ ဦး တက်ရောက်မည် ဖြစ်သည်။ သင်တန်း နည်းပြအဖြစ် FIFA-Medical
Assessment and Research Center (FMARC) က စီမံကိန်းခေါင်းဆောင် ကောလင်းဖူ
လာနှင့် တွဲဖက် ဖီဖာနည်းပြများဖြစ်သည့် မစ္စတာ ရမ်ဂျိဗ်နှင့် မစ္စမေရီဂျွိုက်စ်တို့က ဆောင်ရွက်
သွားမည်ဖြစ်သည်။ သင်တန်းကာလမှာ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ အထိ
ဖြစ်သည်။
ယခု သင်တန်း၏ ရည်ရွယ်ချက်မှာ အခြေခံ ပညာကျောင်းများမှ အသက် ၁၂ အောက် ကလေးများ
ကို ဘောလုံးအခြေခံ ၁၁ ချက်၊ ကျန်းမာရေးအခြေခံ ၁၁ ချက်တို့ကို ရက်သတ္တ ၁၁ ပတ်ကြာ
သင်ကြားပို့ချမည့် အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ပင် ဖြစ်သည်။
မန္တလေးမြို့၌လည်း အဆိုပါသင်တန်း အပတ်စဉ် ၂/၂၀၁၄ ကို နို၀င်ဘာလ ၃ ရက်နေ့မှ ရ ရက်
နေ့အထိ ထပ်မံဖွင့်လှစ် သွားမည်ဖြစ်သည်။ ယခုသင်တန်းများမှာ FIFA ၊ MFF၊ ပညာရေးဝန်ကြီး
ဌာနနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် FIFA 11 FOR Health
၁၀ နှစ် စီမံကိန်း၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။














