လီဗာပူးကွင်းမှာ မော်ရင်ညို တိုက်စစ်ကစားရဲမလား - ပရီမီယာလိဂ်ပွဲစဉ်(၁၁)

လီဗာပူးကွင်းမှာ မော်ရင်ညို တိုက်စစ်ကစားရဲမလား - ပရီမီယာလိဂ်ပွဲစဉ်(၁၁)

လီဗာပူး - ချယ်လ်ဆီး စနေ၊ ည ရး၁၅
ချယ်လ်ဆီးကတော့ အခုထိရှုံးပွဲမရှိသေး တဲ့ တစ်ခုတည်းသောအသင်းပါ။ ထိပ်သီး အသင်းတွေဖြစ်
တဲ့ မန်စီးတီး၊ မန်ယူတို့ကို သရေတွေနဲ့ အဝေးကွင်းမှာ ကစားထားသလို အာဆင်နယ်၊ အဲဗာတန်
တို့ကို အနိုင်ကစား ထားတာကြောင့် မော်ရင်ညိုရဲ့မဟာဗျူဟာ ကတော့ ကောင်းလျက်ရှိနေပါတယ်။
အခု အန်ဖီးလ်မှာရော မော်ရင်ညို ဘယ်လိုကစား မလဲဆိုတာ စောင့်ကြည့် ရပါတော့မယ်။ လီဗာပူး
ကတော့ မနှစ်ကနဲ့ တခြားစီပဲဖြစ်ပါတယ်။ ချယ်လ်ဆီးကို သရေခံကစားဖို့သာပဲရှိပါ တယ်။ ချယ်လ်
ဆီးနိုင်ပွဲတွေ့မယ့်ပွဲဖြစ်ပါ တယ်။

ဆောက်သမ်တန် - လက်စတာ စနေ၊ ည ၉း၃၀
ဆောက်သမ်တန်ရဲ့ ရစ်သမ်ကတော့ အရမ်းကောင်းနေပါတယ်။ ပွဲတိုင်းကိုအနိုင် ကစားနေပါတယ်။ အသင်းလိုက်ကစားအားလည်း ကောင်းတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်ကစားပုံက ပိုပြီးတည်ငြိမ်နေ
ပါတယ်။ လက်စတာကလည်း အစောပိုင်းက ကစားပုံ ကောင်းသလောက် အခုနောက်ပိုင်းမှာ
ကစားပုံပျက်နေပါတယ်။ ဆောက်သမ်တန်နိုင်မယ်ဆိုရင်လည်း ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်လို့ လက်စတာ
ကိုရွေးရမှာဖြစ်ပါတယ်။

မန်ယူ - ခရစ္စတယ်ပဲလေ့စ် စနေ၊ ည ၉း၃၀
မန်ယူရဲ့ ပွဲကျပ်တွေကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီး၊ မန်စီးတီးထံကနေ တစ်မှတ်ပဲရပေ
မယ့် မန်ယူကစားပုံက သိသိ သာသာတက်လာတာကို တွေ့ရပါတယ်။ အခုပွဲက မန်ယူအတွက်
အမှားမခံတဲ့ပွဲဖြစ်ပါ တယ်။ ခရစ္စတယ်ပဲလေ့စ်က အဝေးကွင်း ကစားပုံကောင်းတဲ့ အသင်းမဟုတ်
ပါဘူး။ ခံစစ် က အားနည်းတဲ့အသင်းဖြစ်လို့ မန်ယူကို မထင်မှတ်တာတွေ မလုပ်နိုင်ပါဘူး။ မန်ယူ
ဂိုးတွေသွင်းမယ့်ပွဲဖြစ်ပါတယ်။ မန်ယူအနည်း ဆုံးနှစ်ဂိုးပြတ်နဲ့ အနိုင်ရပါလိမ့်မယ်။

ဘန်လေ - ဟားလ်စီးတီး စနေ၊ ည ၉း၃၀
ဘန်လေရော၊ ဟားလ်စီးတီးပါ နိုင်ပွဲ ပျောက်နေကြပါတယ်။ ဘန်လေက တိုက်စစ် မကောင်းပေ
မယ့် ခံစစ်ကစားပုံက မဆိုးပါဘူး။ အိမ်ကွင်းရောက်ရင် တိုက်စစ်ဦးစားပေး ကစားလေ့ရှိပါတယ်။
တိုက်စစ်ပိုင်းမှာ အားနည်းတဲ့နှစ်သင်းတွေ့တဲ့ပွဲဖြစ်လို့ ဒီပွဲဟာ အသင်းကိုမရွေးဘဲ ဂိုးအနည်းကို
ရွေးသင့်တဲ့ ပွဲဖြစ်ပါတယ်။

၀က်စ်ဟမ်း - ဗီလာ စနေ၊ ည ၉း၃၀
၀က်စ်ဟမ်းကတော့ တိုက်စစ်နဲ့ ကွင်းလယ်ဟာ တော်တော်ကိုပြောင်းလဲသွားတဲ့အသင်း ဖြစ်ပါ
တယ်။ တိုက်စစ်က ဗလင်စီယာနဲ့ ဆာခိုအတွဲက အကောင်းဆုံးကစားနေကြ တာ တွေ့ရပါတယ်
ဗီလာကတော့ တောက် လျှောက်ခြေပျက်နေတာကြာပါပြီ။ လီဗာပူးကို အနိုင်ယူပြီးနောက်ပိုင်း
တောက်လျှောက်ရှုံး နေပါတယ်။ အခုပွဲမှာ ဘန်တီကီပွဲပယ်ခံရလို့ အားနည်းနေပါတယ်။ ၀က်စ်ဟမ်း
အနိုင် ရဦးမယ့်ပွဲဖြစ်ပါတယ်။

ကျူပီအာရ် - မန်စီးတီး တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
ကျူပီအာရ်ကတော့ တန်းဆင်းရနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ကစားပုံက တိုးတက် မလာတဲ့ အသင်း
လည်းဖြစ်ပါတယ်။ ခံစစ် ကစားလို့ရနိုင်ပေမယ့် အခုပွဲက အိမ်ကွင်း ဖြစ်လို့ ခံစစ်ကစားမယ်မထင်
ပါဘူး။ မန်စီးတီး က မန်ယူကိုနိုင်လို့ ကစားပုံပြန်တက်လာပါ တယ်။ ၀က်စ်ဟမ်းကို အဝေးကွင်းမှာ
ရှုံးခဲ့ပေ မယ့် ကျူပီအာရ်က ၀က်စ်ဟမ်းလောက် ကောင်းတဲ့အသင်းမဟုတ်လို့ မန်စီးတီး ကစားလို့
ရမယ့်ပွဲ ဖြစ်ပါတယ်။ အသင်း လိုက်ရော၊ တစ်ဦးချင်းရော ကွာခြားနေလို့ အဝေးကွင်းဖြစ်ပေမယ့်
မန်စီးတီးအနိုင် ရမယ့်ပွဲဖြစ်ပါတယ်။

ဆန်းဒါးလန်း - အဲဗာတန် တနင်္ဂနွေ၊ ည ၈းဝဝ
ဆန်းဒါးလန်းကတော့ ခြေတော်တော် ပျက်နေတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်က အတော့်ကို ဆိုးရွား
နေတဲ့အသင်းဖြစ်ပါတယ်။ အဲဗာတန်က တိုက်စစ်ကောင်းပေမယ့် ခံစစ် က ဂိုးပြန်ပေးနေရတဲ့
အသင်းဖြစ်ပါတယ်။ အခုပွဲက ခံစစ်အားနည်းတဲ့နှစ်သင်းတွေ့တာ ကြောင့် ဂိုးများမယ့်ပွဲပါ။

စပါး - စတုတ် တနင်္ဂနွေ၊ ည ၈းဝဝ
စပါးက ဗီလာကို နောက်ဆုံးငါးမိနစ်မှာ နှစ်ဂိုးသွင်းပြီး အနိုင်ရသွားလို့ ယုံကြည်မှု တော့ ရသွား
ပါတယ်။ တိုက်စစ်မှာ လူငယ် တိုက်စစ်မှူး ဟာရီကိန်း ပွဲထွက်လာနိုင်ပါ တယ်။ စပါးခံစစ်က
အကောင်းဆုံးပုံစံမှာ ရှိမနေသေးပါဘူး။ စတုတ်က အသင်းကြီး တွေနဲ့ အဝေးကွင်းကစားရရင်
ခံစစ်ကို ဦးစားပေး ကစားတတ်တဲ့အသင်း ဖြစ်ပါ တယ်။ မန်စီးတီးကွင်းမှာတောင် ခံစစ်ကစားရင်း
အနိုင်ရထားခဲ့ပါတယ်။ အခုလည်း ခံစစ်ပဲ ကစားလာနိုင်လို့ စပါးကစားရခက်ခဲပါ လိမ့်မယ်။
စပါးနိုင်ရင်လည်း ဂိုးမပြတ်နိုင်လို့ စတုတ်ကို ရွေးသင့်ပါတယ်။

၀က်စ်ဘရွန်း - နယူးကာဆယ်
တနင်္ဂနွေ၊ ည ၈းဝဝ ၀က်စ်ဘရွန်းက ပြီးခဲ့တဲ့အပတ်က လက်စတာကွင်းမှာ နိုင်ပွဲရသွားပါတယ်။
နယူး ကာဆယ်ကလည်း စပါးနဲ့ လီဗာပူးကို အနိုင်ရထားသလို မန်စီးတီးကိုလည်း အနိုင်ရ ထား
ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အကြိတ် အနယ်ဖြစ်လာနိုင်တဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ တိုက်စစ်ပိုင်းမှာ
၀က်စ်ဘရွန်းက ပိုပြီးကောင်း မယ့် အနေအထားမှာ ရှိနေပါတယ်။ ခြေညီတဲ့ ပွဲဖြစ်လို့ သရေနဲ့ပြီး
သွားနိုင်ပါတယ်။

ဆွမ်ဆီး - အာဆင်နယ်
တနင်္ဂနွေ၊ ည ၁၀း၃၀ ဆွမ်ဆီးကို လျှော့တွက်လို့မရပါဘူး။ ကစားကွက်ရော၊ အသင်းလိုက်ကစား
ဟန်ပါ တည်ငြိမ်မှုရှိတဲ့အသင်းဖြစ်ပါတယ်။ အိမ်ကွင်း ရောက်ရင် အသင်းကြီးတွေကိုအခက်တွေ့
အောင် ကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုး မရှိ ငါးဂိုး
သွင်းနိုင်ခဲ့ပေမယ့် အခုပွဲကတော့ ခက်ခဲမယ့်ပွဲဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အာဆင်နယ်နိုင်
မယ်ဆိုရင်လည်း ဂိုးမပြတ် နိုင်ပါဘူး။ ဆွမ်းဆီးကို ရွေးရမှာပါ။



ဖတ်ရှုမှုအများဆုံး