ချန်ပီယံလိဂ်ရှိနေတဲ့ ဒေါ့မွန်ကို မြင်ကွင်းထဲက ဖျောက်ထားလိုက် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၁)

ချန်ပီယံလိဂ်ရှိနေတဲ့ ဒေါ့မွန်ကို မြင်ကွင်းထဲက ဖျောက်ထားလိုက် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၁)

ဘိုင်ယန်မြူးနစ်ကို ၂-၁ ဂိုးရလဒ်နဲ့ ရှုံးနိမ့်သွားလို့ ၁၀ ပွဲကစား၊ ခုနစ်မှတ်သာရပြီး ဒေါ့မွန်ဟာ
တန်းဆင်းဇုန်ထဲအထိ ကျရောက်သွားခဲ့တယ်။ ဒီတစ်ပတ်မှာတော့ လေဗာကူဆင်-မိန့်ဇ်၊
၀ုဖ်ဘတ်-ဟမ်းဘတ်၊ ဒေါ့မွန်-မွန်ချင်ဂလက်ဘတ် ပွဲစဉ်တွေက ဖမ်းစားကြဦးမယ်လို့ထင်တယ်။

ဟာသာဘာလင် - ဟန်နိုဗာ
စနေ၊ နံနက် ၂းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟာသာဘာလင် ၀-၃
ဟန်နိုဗာ
ဒီပွဲစဉ်(၁၁)ရဲ့ အစောဆုံးပွဲစဉ် ဖြစ်ပါ တယ်။ အဆင့်(၁၃)မှာ ရပ်တည်နေတဲ့ ဟာသာ
ဘာလင်ဟာ နောက်ဆုံးအိမ်ကွင်းသုံးပွဲစလုံး အနိုင်ရရှိထားပါတယ်။ ဟန်နိုဗာကတော့ အဆင့်(၈)
မှာ ရပ်တည်နေပေမယ့်လည်း နောက်ဆုံးအဝေးကွင်းလေးပွဲမှာ ဒေါ့မွန် တစ်သင်းတည်းကိုပဲ နိုင်
ထားပြီး အဝေးကွင်း စိတ်မချရပါဘူး။ ဟာသာဘာလင်နဲ့ နှစ်သင်း ပေါင်း သွင်းဂိုးအများကို ရွေးချယ်
ချင်ပါတယ်။

လေဗာကူဆင် - မိန့်ဇ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
လေဗာကူဆင် ၀-၁ မိန့်ဇ်

အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်ဟာ အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိ သေးတဲ့
အသင်းဖြစ်ပါတယ်။ အိမ်ကွင်းငါးပွဲ ကစားပြီးတဲ့အချိန်မှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေကျ ထားတာကို
တွေ့ရတယ်။ မိန့်ဇ်က အဆင့်(၉) အထိ ထိုးဆင်းသွားခဲ့ပြီး အဝေးကွင်းမှာ သရေ ပွဲတွေများတယ်။
နောက်ဆုံးပွဲစဉ်(၁၀)မှာလည်း နှစ်သင်းစလုံး ရှုံးနိမ့်ခဲ့တာဖြစ်တဲ့ အတွက် ဒီပွဲမှာ အမှတ်ရဖို့ သူနိုင်၊
ကိုယ်နိုင် အပြိုင်လုကြလိမ့်မယ်။ အိမ်ကွင်းအားသာ ချက်ရှိတဲ့ လေဗာကူဆင်နဲ့ပဲ ရပ်တည်မယ်။

အော့စ်ဘတ် - ပက်ဒါဘွန်း
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ပက်ဒါဘွန်း ၁-၁ အော့စ်ဘတ်

တန်းတက်ပက်ဒါဘွန်းဟာ အဆင့်(၇)မှာ ရပ်တည်နေပြီး နောက်ဆုံးပွဲ ဟာသာဘာလင် ကို ၃-၁
နဲ့ နိုင်ထားလို့ လျှော့တွက်လို့မရတဲ့ အသင်းဖြစ်ပါတယ်။ သူ့ရဲ့အဝေးကွင်းရလဒ် တွေက အားရ
စရာမရှိပါဘူး။ ဘိုင်ယန်ကို ၄-၀၊ နဲ့ရှုံး၊ လေဗာကူဆင်ကို ၂-၂ သရေ၊ ဟော့ဖန် ဟိမ်းကို ၁-၀ နဲ့
ရှုံးထားတာဖြစ်ပါတယ်။ အိမ်ရှင် အော့စ်ဘတ်အသင်းကတော့ အိမ်ကွင်းမှာ ဟာသာဘာလင်ကို
၁-၀ အနိုင်၊ ဖရိုင်းဘတ်ကို ၂-၀ အနိုင်ကစားထားတာတွေ့ရတယ်။ ဒီပွဲကို မျှခြေအရ သရေလို့
သတ်မှတ်ပါတယ်။

ဟော့ဖန်ဟိမ်း - ကိုလုံး
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟော့ဖန်ဟိမ်း ၁-၁ ကိုလုံး

ဟော့ဖန်ဟိမ်းကွင်းမှာ ကိုလုံးတို့ နောက် ဆုံးနိုင်ခဲ့တာက ၂၀၁၀ ဘောလုံးရာသီကပါ။ အဆင့်(၄)
နေရာမှာ ရပ်တည်နေတဲ့ အိမ်ရှင် ဟော့ဖန်ဟိမ်း၊ နောက်ဆုံးခြောက်ပွဲ ရှုံးပွဲမရှိ သလို
နောက်ဆုံးနှစ်ပွဲမှာတော့ တစ်ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ ကိုလုံးခြေပြန်မှန်လာပြီး နောက်ဆုံး
ပွဲမှာတော့ ဖရိုင်းဘတ်ကို ၀-၁ နဲ့ ကပ်ပြီးရှုံးခဲ့ပါတယ်။ အိမ်ကွင်းရှုံးပွဲလုံးဝမရှိ သေးတဲ့ ဟော့ဖန်
ဟိမ်းကို အားပေးလိုက်ကြစို့။

ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဘိုင်ယန် ၅-၀ ဖရန့်ဖတ်

အိမ်ရှင်ဖရန့်ဖတ် လေးပွဲဆက်တိုက်ရှုံးနေ တာ သတိထားရမယ်။ ဘိုင်ယန်မြူးနစ်က လည်း ရိုးမား
နဲ့ ချန်ပီယံလိဂ်ကစားဖို့ရှိနေ တယ်။ ဘိုင်ယန်က ဒေါ့မွန်ကို အနိုင်ယူထားလို့ သွေးကြွနေသလို
ရူမင်နစ်ဂီ ကိုယ်တိုင်က ဒါဟာ ဗန်ဟားလ်ရဲ့ ကျေးဇူးတွေပဲလို့ ထုတ်ပြော နေတယ်။ ဖရန့်ဖတ်
ကွင်းမှာ ဘိုင်ယန်ကပ်နိုင် လောက်ပဲဖြစ်လိမ့်မယ်လို့ ထင်တယ်။

ဖရိုင်းဘတ် - ရှော်လ်ကေး
စနေ၊ ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဖရိုင်းဘတ် ၀-၂ ရှော်လ်ကေး

ဖရိုင်းဘတ်ကတော့ တန်းဆင်းဇုန်ထဲ ရောက်နေပါပြီ။ ၁၀ ပွဲကစား၊ ရှစ်မှတ်သာရပြီး အခုအချိန်ထိ
အိမ်ကွင်းနိုင်ပွဲမရသေးဘူး။ အဆင့်(၈)မှာ ရပ်တည်နေတဲ့ ရှော်လ်ကေး အဝေးကွင်းနှစ်ပွဲဆက် ရှုံး
ထားပေမယ့်လည်း ရှော်လ်ကေးကို ယုံလိုက်မယ်။

၀ါဒါဘရီမင် - စတုဂတ်
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
၀ါဒါဘရီမင် ၁-၁ စတုဂတ်
၀ါဒါဘရီမင်ဟာ နည်းပြရော်ဘင်ဒတ်ကိုထုတ်ပယ်ခဲ့ပြီး လူငယ်အသင်းနည်းပြ စခရစ် နစ်ခ်ကို
အစားထိုး ခန့်အပ်ထားပါတယ်။ နည်းပြသစ်ကတော့ ပုံမှန်အတိုင်း ဆက်ကစား ဖို့ပဲ လိုတယ်လို့
ပြောပါတယ်။ ၀ါဒါဘရီမင်က တန်းဆင်းဇုန်ထဲရောက်နေသလို စတုဂတ် ကလည်း တန်းဆင်းဇုန်နဲ့
နှစ်မှတ်ပဲကွာပါ တယ်။ ၀ါဒါဘရီမင်က နောက်ဆုံးကန်ခဲ့တဲ့ အဝေးကွင်းနှစ်ပွဲမှာ အနိုင်ရပြီး လေးဂိုး
သွင်း ထားပါတယ်။ အစဉ်အလာအရ ၀ါဒါဘရီမင် အိမ်ကွင်းမှာ မရှုံးနိုင်ဘူး။

၀ုဖ်ဘတ် - ဟမ်းဘတ် တနင်္ဂနွေ၊
ည ၉းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဟမ်းဘတ် ၁-၃ ၀ုဖ်ဘတ်

၀ုဖ်ဘတ် ရမှတ် ၂၀ နဲ့ ဒုတိယနေရာရောက် လာတာ သတိထားရမယ်။ ၀ုဖ်ဘတ်က ခြေမှန်
နေပြီး နောက်ဆုံးခြောက်ပွဲမှာ လေးဂိုးပဲ ပေးဂိုး ရှိကာ ရာနှုန်းပြည့်အနိုင် ဖော်ဆောင်ထား တယ်။
ဟမ်းဘတ်ရဲ့ အဝေးကွင်းခြေစွမ်းတည်ငြိမ်မှုမရှိလို့ အိမ်ထမင်း အိမ်ဟင်းပဲ စားလိုက်ရအောင်။

ဒေါ့မွန် - မွန်ချင်ဂလက်ဘတ်
တနင်္ဂနွေ၊ ည ၁၁းဝဝ နောက်ဆုံးတွေ့ဆုံမှု၊
ဒေါ့မွန် ၁-၂ မွန်ချင်
ဒေါ့မွန်အခြေအနေ အရမ်းဆိုးနေပြီး ၁၀ ပွဲကစား၊ ခုနစ်မှတ်နဲ့ တန်းဆင်းဇုန်ထဲရောက် နေတာပါ။
သူတို့ ချန်ပီယံလိဂ်ဘက် စိတ် ရောက်နေပုံရတယ်။ ဟမ်းဘတ်ကို ၀-၁၊ ဟန်နိုဗာကို ၀-၁ နဲ့ရှုံးထား
တယ်။ အခုလည်း ကြားရက်မှာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် ကစားရဦးမယ်။ ရစ်သမ်မှန်နေတဲ့
မွန်ချင် ကြောင့် ဒေါ့မွန်ကို လက်ရှောင်ရမှာပါ။



ဖတ်ရှုမှုအများဆုံး