ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံသရဖူကို လက်လွှဲယူတော့မယ် Mercedes ဟမ်မီလ်တန်

ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံသရဖူကို လက်လွှဲယူတော့မယ် Mercedes ဟမ်မီလ်တန်

၂၀၁၄ ဖော်မြူလာဝမ်းပြိုင်ကားမောင်းပြိုင်ပွဲ ရာသီပြီးဆုံးဖို့ လက်ကျန်ပွဲစဉ်က စုစုပေါင်း နှစ်ပွဲတိတိ
သာ ကျန်ရှိတော့ချိန်မှာ ကမ္ဘာ့ ချန်ပီယံစာရင်းကို ရမှတ် ၃၁၆ မှတ်နဲ့ ထိပ်ဆုံး က ဦးဆောင်နေသူက
အင်္ဂလန်နဲ့ Mercedes စတား လူးဝစ္စဟမ်မီလ်တန်ဖြစ်တာကြောင့် ဒီနှစ်မှာတော့ F1 ရာဇပလ္လင်
ထက်မှာ Red Bull နဲ့ ဂျာမနီချန်ပီယံ ဗက်တဲလ်တို့ရဲ့ ကြီးစိုးတဲ့ ခေတ် ပြီးဆုံးပါပြီလို့ ဖွသူတွေက
ဖွနေကြခြင်း ပါပဲ။

ပူပူနွေးနွေး ကျင်းပပြီးစီးသွားခဲ့တဲ့ ယူအက်စ်အိုးပင်း ဂရင်းပရီမှာ လူးဝစ္စ တစ်ယောက် ၂၀၁၄ ရဲ့
ဒသမမြောက် အောင်ပွဲ ကို ရယူနိုင်ခဲ့အပြီးမှာ အင်္ဂလန်မီဒီယာတွေက အခုလို ကောင်းချီးပေးလာ
ကြခြင်းဖြစ်သလို Mercedes Team အတွက်လည်း ဂုဏ်ယူစရာ အနေအထားတစ်ရပ်ဖြစ်ခဲ့ရတာ
အမှန်ပါပဲ။ ဟောလိ၀ုဒ်စတား ကီနူးရိဗ်၊ ညှို့မင်းသမီး ပင်မလာ အင်ဒါဆင်တို့ကိုယ်တိုင် လာရောက်
အားပေးခဲ့ကြပြီး တစ်ကမ္ဘာလုံးက F1 ပရိသတ် တွေ ရင်ခုန်ခဲ့ကြတဲ့ ့US Grand Prix ပြိုင်ပွဲဟာ
ခရီးအကွာအဝေး ၁၉၁ မိုင်ကို ကွင်းအပတ် ပေါင်း ၅၆ ပတ် မောင်းနှင်ယှဉ်ပြိုင်ရတဲ့ ခက်ခဲ လှတဲ့
ဂရင်းပရီပွဲစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။

(၄၃)ကြိမ်မြောက် ကျင်းပတဲ့ ဒီယူအက်စ် ဂရင်းပရီမှာ စံချိန်တင် ဗိုလ်စွဲထားသူက ငါးထပ်ကွမ်း
ချန်ပီယံ မိုက်ကယ်ရှူးမေကာ ဖြစ်ပြီး ဟမ်မီလ်တန်က သုံးထပ်ကွမ်းချန်ပီယံ စာရင်းဝင်ထားသူပဲ
ဖြစ်ပါတယ်။

အမေရိက မြေမှာ အကြိမ်အများဆုံး ဗိုလ်စွဲနိုင်တဲ့အသင်း ကတော့ Ferrari Team ဖြစ်ပြီး ကိုးကြိမ်
တိတိ အောင်ပွဲခံထားပေမယ့် အခုနှစ်ကတော့ Mercedes ကို ဘယ်သူမှ ယှဉ်မရခဲ့တာ မျက်မြင်
ကိုယ်တွေ့ပဲ မဟုတ်ပါလားလို့ နယူးယော့ခ်တိုင်း(မ်)က ဆိုထားပါတယ်။ အခုနှစ်ပြိုင်ပွဲစကတည်း
က နာမည်ကြီးလာခဲ့ တဲ့ Mercedes နဲ့အတူ ထိပ်ဆုံးက စူပါနှစ်ဦး ဖြစ်တဲ့ ဟမ်မီလ်တန်နဲ့ ရို့စ်
ဘတ်တို့နှစ်ဦးကပဲ ရှေ့ဆင့်နောက်ဆင့် ပန်းဝင်ခဲ့တာဟာလည်း ဒီနှစ် ယူအက်စ်ဂရင်းပရီရဲ့ ထူးခြား
ချက် တစ်ရပ်လို့ ဆိုနိုင်ပါတယ်။

တက္ကဆက်ပြည်နယ် ဩစတင်မြို့ရဲ့ နာမည်ကျော် Circuit of the America ကွင်းမှာ ကျင်းပသွား
ခဲ့တဲ့ ယူအက်စ်ဂရင်းပရီမှာ ဟမ်မီလ်တန်ဟာ စုစုပေါင်းမောင်းနှင်ချိန် ၁ နာရီ ၄၈ မိနစ်၊ ၅ စက္ကန့်နဲ့
ထိပ်ဆုံးက ဦးဆောင်ပန်းဝင်ခဲ့တာဖြစ်ပြီး လက်ကျန် င်္၁ ပွဲစဉ်နှစ်ခုဖြစ်တဲ့ ဘရာဇီးလ်ဂရင်းပရီနဲ့
အဘူဒါဘီဂရင်းပရီတို့မှာ ပုံမှန်လေး မောင်း နိုင်ခဲ့မယ်ဆိုရင် ၂၀၁၄ ပြိုင်ဘက်ကင်း F1 ကမ္ဘာ့ချန်ပီ
ယံသရဖူကို ဆင်မြန်းခွင့်ရတော့ မှာ သေချာနေပြီပဲဖြစ်ပါတယ်။

အခု တက္ကဆက် အောင်ပွဲဟာဟမ်မီလ်တန်ရဲ့ ပရော်ဖက်ရှင် နယ်ဘဝမှာ ၃၂ ကြိမ်မြောက်
အောင်ပွဲဖြစ် ပြီး ၂၀၁၄ ရဲ့ ၁၀ ကြိမ်မြောက် ဂရင်းပရီ ချန်ပီယံဆုဖြစ်တာကိုလည်း အင်္ဂလန်မီဒီယာ
တွေက အားပေးဖော်ပြနေကြပါတယ်။ Mercedes ကားနံပါတ် ၄၄ နဲ့ အခုနှစ်မှာ အောင်လံလွှင့်နေ
သူ အင်္ဂလန်သား ဟမ်မီလ် တန်ဟာ ပရော်ဖက်ရှင်ဘဝကို ဩစတြေးလျ ဂရင်းပရီနဲ့ စတင်ခဲ့ပြီး
ပထမဆုံး ဗိုလ်စွဲခဲ့တဲ့ ဂရင်းပရီက ၂၀၀၇ ကနေဒါဂရင်းပရီပဲလို့ သိရပါတယ်။

၂၀၁၃ Red Bull နဲ့ ဗက်တဲလ် သရဖူဆောင်းစဉ်ကာလမှာ စုစုပေါင်းရမှတ် ၁၈၉ မှတ်နဲ့ စတုတ္ထ
လူသာဖြစ်ခဲ့သူက အခုနှစ် မှာတော့ ပြိုင်ဘက်ကင်း ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအကွာကို
ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဂန္ထဝင်ပန်းချီဆရာ အင်ဒီဝါဟိုးလ်ရဲ့ လက်ရာတွေကို စွဲလမ်းခုံမင်သူ
ဟမ်မီလ် တန်က "တက္ကဆက်မြေဟာ ကျွန်တော်အတွက် တော့ အောင်မြေလို့ပဲ ခံစားရပါတယ်။

ဩစတင်ပရိသတ်ရှေ့မှာ ကမ္ဘာ့ချန်ပီယံစာရင်း ကို အမှတ်ဖြတ်ထားနိုင်ခဲ့တာအံ့အားသင့်စရာ ပါ။
Mercedes နဲ့အတူ F1 အောင်လံလွှင့်နိုင် ဖို့ ဆက်လက်ကြိုးစားသွားပါမယ်"လို့ CNN ကို ရင်
ဖွင့်စကားဆိုသွားပါတယ်။



ဖတ်ရှုမှုအများဆုံး