မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး Dream Boat နှင့် 100 Plus တို့ ပူးပေါင်းစီစဉ်မှုဖြင့်
ခြောက်နိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကိုပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူ
လက်ဝှေ့ အားကစားရုံတွင် ကျင်းပ ခဲ့ပါတယ်။ အဆိုပါစိန်ခေါ်ပွဲကြီးမှာ မြန်မာ နိုင်ငံက နာမည်
ကျော်လက်ဝှေ့သမား တွေနဲ့ ကနေဒါ၊ ထိုင်း၊ ဘရာဇီးလ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေက
လက်ဝှေ့သမားတွေနဲ့ ရင်ဆိုင် ထိုး သတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီပြိုင်ပွဲ ကြီးကို အစက ခုနစ်နိုင်ငံ စိန်ခေါ်ပွဲ အဖြစ် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ထွန်းထွန်းမင်းနဲ့
ရင်ဆိုင်ထိုးသတ်မယ့် ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဘို့ဗ် က ဒဏ်ရာရရှိခဲ့လို့ ကနေဒါနိုင်ငံ
သားနဲ့ ရင်ဆိုင်စေသလို အခြားတွဲဆိုင်းတွေ မှာလည်း အပြောင်းအလဲအနည်းငယ် ရှိခဲ့ပါတယ်။
ပြိုင်ပွဲကြီးမှာ မျိုးဆက်သစ် သုံးချီ စိန်ခေါ်ပွဲ လေးပွဲနဲ့ နိုင်ငံတကာ ငါးချီ စိန်ခေါ်ပွဲ ခုနစ်ပွဲ စုစုပေါင်း
ပွဲစဉ် ၁၁ ပွဲအထိ ထည့်သွင်းကျင်းပခဲ့ပါတယ်။ နိုင်ငံတကာ စိန်ခေါ်ပွဲ ခုနစ်ပွဲမှာ မြန်မာလက်ဝှေ့
သမား တွေက ခြောက်ပွဲအထိ အလဲထိုးနဲ့ အနိုင်ရ ခဲ့ကြပြီး စောအယ်လေးတစ်ဦးသာ အရှုံး
ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မိုးဟိန်း(မြန်မာ)က ဂျိုနယ်(ဖိလစ်ပိုင်)ကို ပထမအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ရဲမြတ်အောင်
က ဘီယွန်ဒီ (ဖိလစ်ပိုင်)ကို ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ကျားပေါက်က ဂန်တို
တော့ခ်(မွန်ဂိုလီးယား) ကို၊ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ သပြေညိုက နာရွန်ချိုင်
(ထိုင်း)ကို ပထမအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ တူးတူးက ရော်ဘင်(ဘရာဇီးလ်)ကို ဒုတိ
ယ အချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ထွန်းထွန်းမင်းက မက်သရူး(ကနေဒါ)ကို တတိယအချီ
တွင် အလဲထိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ လက်ဝှေ့ စိန်ခေါ်ပွဲ ဆိုရင် မြန်မာနဲ့ ထိုင်းပွဲစဉ်တွေသာ များခဲ့
တာပါ။ ဒီပွဲမှာတော့ ကနေဒါ၊ ဘရာဇီးလ် အစရှိတဲ့ နိုင်ငံတွေက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်စေခဲ့တာ
ကြောင့် ရိုးရာလက်ဝှေ့ ပရိသတ်တွေအတွက် အပြောင်းအလဲဖြစ် စေခဲ့ပါတယ်။ လာရောက်ယှဉ်
ပြိုင်တဲ့ ပြိုင်ဘက်ကစားသမား တွေက သူ့နယ်ပယ်ကိုယ်စီ မှာ ထိပ်တန်းကစားသမား ဆိုပေမယ့်
မြန်မာ့ရိုးရာလက်ဝှေ့ကို အသားမကျ တာကြောင့် မြန်မာ့လက် ဝှေ့သမားတွေ အတွက် ခက်ခဲတဲ့
ပြိုင်ဘက်တွေ တော့ မဟုတ်ခဲ့ကြပါဘူး။ ဒါကြောင့် ပွဲစဉ်အားလုံး နီးပါးမှာ မြန်မာတွေက အသာ
ရခဲ့ပါတယ်။ ရှုံးနိမ့် ခဲ့တဲ့ စောအယ်လေးကတော့ ပြိုင်ဘက် မွန်ဂိုလီးယား လက်ဝှေ့သမားရဲ့ လက်
သီး ချက်တွေကို မကာကွယ်နိုင် ခဲ့တာကြောင့်ပါ။















