ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အိုလံပစ်အားကစားပွဲတော်၏ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်
မည်ဖြစ်သည်။ အဆိုပါခြေစစ်ပွဲတွင် အာရှဇုန်မှ အသင်း နှစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး
ခြေစစ်ပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် ဖိုင်နယ်အဆင့်ဟူ၍ အဆင့်(၃)ဆင့် ခွဲ ကာ ကျင်းပ
သွားမည်ဖြစ်သည်။
မြန်မာ အမျိုး သမီး လက်ရွေးစင် အသင်းသည် လက်ရှိဖီဖာအဆင့်သတ်မှတ် ချက်အရ အာရှ
အဆင့်(၁၀)ဖြစ်သော ကြောင့် ခြေစစ်ပွဲပထမအဆင့်မှ စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမ
အဆင့်ခြေစစ်ပွဲကို ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်
ဖြစ်ပြီး အာရှအဆင့်(၈)မှ (၁၉) အထိ အသင်း ၁၂ သင်းက အုပ်စုသုံးခု ခွဲကာ ၀င်ရောက်ယှဉ်
ပြိုင်ကြမည်ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပ
သွားမည်ဖြစ်ပြီး အာရှအဆင့် (၆)၊ (၇)အသင်းနှင့် ပထမအဆင့်ခြေစစ်ပွဲအောင် အသင်း သုံးသင်း
တို့က ယှဉ် ပြိုင် ကစားကြမည် ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စု ပထမရသော အသင်း တစ်သင်းနှင့် အာရှ အဆင့် (၁)မှ(၅) ရှိ
သော အသင်းငါးသင်း နှင့် စုစုပေါင်း အသင်း ခြောက်သင်းတို့သည် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို
ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါ ဖိုင်နယ်အဆင့်ခြေစစ်ပွဲမှ အုပ်စု ပထမနှင့် ဒုတိယအသင်း
တို့သည် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲများ အတွက် အိမ်ရှင်နိုင်ငံများကို မရွေးချယ်
ရသေးကြောင်း သိရသည်။














