မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲ နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ကျင်းပမည်

မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲ နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်
ကျင်းပသော ၂၀၁၄ ခုနှစ် မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်နေ့မှ ၁၄
ရက်နေ့အထိ ရန်ကုန်မြို့၊ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်အောင်မြင်လာစေရန်၊ ထူးချွန်ထက်
မြက်သော လူငယ်ကစားသမားများ ပေါ်ပေါက်လာစေရန်နှင့် ထူးချွန် သော နိုင်ငံ့ကိုယ်စားပြုလက်
ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အလွတ် တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး အလွတ်
တန်းနှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား နှင့် အမျိုးသမီး (Mixed Doubles) နှစ်ယောက် တွဲပြိုင်ပွဲ၊
အသင်းလိုက်ပြိုင်ပွဲများအပြင် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက်ပြိုင်ပွဲ အမျိုးအစားများလည်း
ပါ၀င်မည်ဖြစ် သည်။ ပြိုင်ပွဲဝင်ကြေးများအဖြစ် အသင်းလိုက် ပြိုင်ပွဲတစ်သင်းလျှင် ကျပ် ၅,၀၀၀၊
အလွတ်တန်းပြိုင်ပွဲ တစ်ဦးလျှင် ကျပ် ၁,၀၀၀၊ သက်တမ်းအလိုက် ပြိုင်ပွဲတစ်ဦးလျှင် ကျပ် ၅၀၀ နှင့်
နိုင်ငံခြားသား ပြိုင်ပွဲဝင်များအတွက် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ် ထားကြောင်းသိ
ရသည်။



ဖတ်ရှုမှုအများဆုံး