ပါလာမိုတို့ 'ကြွေ'တက်နေတယ် - အီတလီစီးရီးအေပွဲစဉ်(၁၁)

ပါလာမိုတို့ 'ကြွေ'တက်နေတယ် - အီတလီစီးရီးအေပွဲစဉ်(၁၁)

ဆက်စူလို - အတ္တလန္တာ (စနေ၊ ည ၁၁း၃၀)
နောက်ဆုံးသုံးပွဲအနေအထားမှာ ဆက်စူလိုခြေစွမ်းရော၊ ရလဒ်ပါ တစ်ဟုန်ထိုး ကောင်းလာ တယ်။
တိုက်စစ်ရော ဂိုးသွင်းအားပါ တိုးတက်လာတယ်။အတ္တလန္တာကတော့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်
သွားရာမှာ သွင်းဂိုးတစ်ဂိုးပဲရှိလို့ တိုက်စစ်ပျောက်သလောက်ရှိသွားတယ်။ လက်ရှိ 'ကြွေ' အရဆိုရင်
ဆက်စူလို အသာစီးရောက်နေတယ်။

ဆမ်ဒိုးရီးယား - အေစီမီလန် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
ဖီအိုရင်တီးနားကို ၃-၁ နဲ့နိုင်ပြီး စတုတ္ထနေရာရောက်လာတဲ့ ဆမ်ဒိုးရီးယားဟာ အလယ် အလတ်
အသင်းတွေထဲမှာ ခြေစွမ်းအတည်ငြိမ်ဆုံးနဲ့ 'ရစ်သမ်' အမှန်ဆုံးအသင်းဖြစ်နေတယ်။ အေစီမီလန်
ကတော့ တိုက်စစ်အတွဲ မငြိမ်သေးသလို အရန်အင်အားမတောင့်တင်းလို့ လူမစုံရင် ခြေစွမ်းမပြနိုင်
ဘူးဆိုတာ ပါလာမိုကို ရှုံးခဲ့တဲ့ပွဲမှာ ပေါ်လွင်သွားတယ်။ ဆမ်ဒိုးရီးယား ကို ပိုကြိုက်တယ်။

ကက်ဂလီယာရီ - ဂျီနိုအာ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ရလဒ်အားဖြင့် ထူးထူးခြားခြား တိုးတက်မလာသေးပေမယ့် ကက်ဂလီယာရီဟာ ခြေစွမ်းရော၊
ဂိုးသွင်းအားပါ အတက်ဘက်ကို ပြနေတယ်။ ဒါပေမဲ့ ဂျီနိုအာကလည်း တောက်လျှောက်ခြေတက်
ပြီး ပွဲတိုင်းကို အားထည့်ကစားနေတယ်။ နောက်ဆုံးငါးပွဲမှာ အမ်ပိုလီကို သရေကျတာကလွဲပြီး
ကျန်လေးပွဲနိုင်ခဲ့ရာမှာ ဂျူဗင်တပ်လိုအသင်းကိုတောင် ၁-၀ နဲ့နိုင်ထားလို့ ဂျီနိုအာခြေစွမ်းကို လျှော့
တွက်လို့ မရဘူး။ အခုပွဲမှာလည်း ဂျီနိုအာဘက်က အလေးသာတယ်။

ချီယေဗို - ဆီစီနာ (တနင်္ဂနွေ၊ ည ၈း၃၀)
တောက်လျှောက်စိုက်ဆင်းနေတဲ့ ချီယေဗိုခြေစွမ်းဟာ ယုံစားလို့မရပါဘူး။ နောက်ဆုံးငါးပွဲ ဆက်
တိုက်မှာ တစ်ဂိုးသာသွင်းနိုင်တဲ့ ချီယေဗိုတိုက်စစ်ဟာ စီးရီးအေမှာ အဆိုးရွားဆုံးဖြစ်နေတယ်။
စီနာလည်း ပွဲကျပ်တွေဆက်ပြီး ရလဒ်တွေ ဆိုးရွားပေမယ့် စိတ်ဓာတ်ကောင်းပြီး ဂိုးသွင်းအား
အထိုက်အလျောက်ရှိတယ်။ ဆီစီနာကို ရွေးချယ်သင့်တယ်။

အမ်ပိုလီ - လာဇီယို (တနင်္ဂနွေ၊ ည ၈း၃၀)
သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ကိုးဂိုးသွင်းခံလိုက်ရတဲ့ အမ်ပိုလီနောက်တန်းက 'ပွင့်'နေတယ်။ အထူး
သဖြင့် ဒုတိယပိုင်းရောက်ရင် ကစားကွက်ပျက် ကစားအားကျပြီး နောက်တန်း 'ယိုင်' သွားတတ်
တယ်။ လာဇီယိုကတော့ ခြေစွမ်းရော၊ ဂိုးသွင်းအားပါ သိသိသာသာကောင်းလာ တယ်။ အထူး
သဖြင့် ကလိုဆေးနေရာဝင်လာတဲ့ တိုက်စစ်မှူး ဂျော်ဂျီဗစ်က အလုပ်ဖြစ်ပြီး ဂိုးမြူး နေတယ်။
လာဇီယိုကွင်းလယ်တိုက်စစ်ကလည်း ထိပ်တန်းအဆင့်မှာရှိတယ်။ လာဇီယိုကို ပိုကြိုက်တယ်။

ပါလာမို - ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃၀)
အေစီမီလန် အပါအဝင် ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်နိုင်လိုက်တဲ့ ပါလာမိုခြေစွမ်းဟာ အတက်ဘက်မှာ
ရှိနေတယ်။ ယူဒီးနိစ်ကတော့ ခြေစွမ်းပြန်ကျသွားတယ်။ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ် အဖြစ် ဂျီနိုအာကို
၄-၂ နဲ့ ရှုံးခဲ့ရာမှာ ယူဒီးနိစ် ခံစစ်ကြောင်းရဲ့ 'ပျော့ကွက်'တွေ ထွက်ပေါ်လာ တယ်။ ဒါကြောင့် 'ကြွေ'
တက်ပြီး အိမ်ရှင်အားသာချက်ရှိတဲ့ ပါလာမိုကို ရွေးချယ်သင့်တယ်။

ဖီအိုရင်တီးနား - နာပိုလီ (တနင်္ဂနွေ၊ ည ၁၁း၃၀)
ပူပူနွေးနွေး ဆမ်ဒိုးရီးယားကို ၃-၁ နဲ့ ရှုံးခဲ့ရာမှာ ဖီအိုရင်တီးနား အရန်အင်အား တောင့်တင်း မှု
မရှိတာ ပေါ်လွင်ခဲ့တယ်။ နာပိုလီကတော့ ရိုးမားကိုတောင် ၂-၀ နဲ့ ပူပူနွေးနွေး နိုင်ထားတယ်။
ဟီဂူအင်နဲ့တွဲပြီး ကွင်းလယ်တိုက်စစ်သမားသုံးယောက်ထည့်ကစားတဲ့ နာပိုလီတိုက်စစ် ကို
ဖီအိုရင်တီးနား ဟန့်တားနိုင်ဖို့ မလွယ်ဘူး။ နာပိုလီကို ပိုကြိုက်တယ်။

အင်တာမီလန် - ဗီရိုနာ (တနင်္လာ၊ နံနက် ၂း၁၅)
ပါးမားကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့တဲ့ အင်တာမီလန်ခြေစွမ်းဟာ တည်ငြိမ်မှုမရှိသေးဘဲ တိုက်စစ်အား
ကလည်း ယုံကြည်စိတ်ချလောက်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဗီရိုနာ ကလည်း ဆက်
တိုက်ခြေကျနေပြီး အသင်းကြီးတွေကို ခံကစားနိုင်တဲ့ အနေအထားမှာ မရှိတော့ ဘူး။ အထူး
သဖြင့် အဝေးကွင်းမှာ နောက်တန်း'ပွင့်'တတ်တယ်။ အင်တာမီလန် နိုင်ခြေရှိတယ်။

ရိုးမား - တိုရီနို (တနင်္လာ၊ နံနက် ၂း၁၅)
နာပိုလီကွင်းမှာ နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ရိုးမားတို့ ခြေစွမ်းကို ပြန်လည် 'ဆွဲတင်'ဖို့ ကြိုးစား မယ်
လို့ ယူဆမိတယ်။ တိုက်စစ်ထက်မြက်တဲ့ ရိုးမားဟာ စီးရီးအေမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ နည်းပေမယ့်
နောက်ဆုံးသုံးပွဲမှာ ဆမ်ဒိုးရီးယား၊ နာပိုလီအသင်းတွေဘက်ကို ဂိုးမသွင်းနိုင်ခဲ့လို့ ရိုးမားတိုက်စစ်
ကို မေးခွန်းထုတ်လာကြတယ်။ တစ်ဖက်မှာ တိုရီနိုကတော့ အသင်းစုဖွဲ့မှု ကျစ်လျစ်ပြီး ခြေစွမ်း
အနည်းငယ် တက်လာပေမယ့် အသင်းကြီးတွေကို ခံကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိသေးဘူးဆိုတာ
လာဇီယိုကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါ်လွင်ခဲ့တယ်။ ရိုးမားကို ယုံကြည် သင့်တယ်။



ဖတ်ရှုမှုအများဆုံး