Drone ယာဉ်ငယ်များ၊ ဘော်လ်ကန်အမျိုးသားရေးဝါဒနှင့်လူမျိုးရေးခွဲခြားမှု

Drone ယာဉ်ငယ်များ၊ ဘော်လ်ကန်အမျိုးသားရေးဝါဒနှင့်လူမျိုးရေးခွဲခြားမှု

ဒီသီတင်းပတ်အတောအတွင်းမှာ ကမ္ဘာ့ ဘောလုံးလောကကတော့ ပြဿနာတွေ တသီတတန်း
အမှုပွေချက်တွေနဲ့ ဆူညံပွက်ထ နေပါတယ်။ အင်မတန်အားကောင်းတဲ့ မီဒီယာတွေရဲ့ ကျေးဇူး
လို့ပဲဆိုရမှာပေါ့လေ။ နဂိုကတည်းက အားကစားလောကမှာ တားမြစ်ဆေးသုံးစွဲမှုပြဿနာ၊ လူမျိုးရေး
နဲ့ အသားအရောင်ခွဲခြားမှုပြဿနာ ဒါတွေက ရှိနှင့်ပြီးသား။ အခုအချိန်မှာ နည်းပညာပိုင်း ဆိုင်ရာ တိုး
တက်မှုက ဘောလုံးလောကထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။

Drone ယာဉ်ငယ်များ ဘာလုပ်မည်နည်း ပြဿနာကတော့ ဆားဘီးယားဪအယ်လ် ဘေးနီးယား
ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်ကနေ စတာပါပဲ။ Drone ဆိုတဲ့ အသံတွေက ကျယ် လောင်မြည်ဟည်း
လာပြီး အဲဒီယာဉ်ငယ် တွေက ဘာလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေက ကျယ်လာတယ်။ Drone
ဆိုတာ ဘာလဲလို့ သေသေချာချာ လေ့လာကြည့်တဲ့အခါ အဝေးကနေ ထိန်းချုပ်ပြီး မောင်းသူမဲ့
လေယာဉ်စနစ် (UAVS) ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ခေါ်ဆိုနိုင်တာကတော့ အဝေးက ထိန်းချုပ်ကာ မောင်းနှင်ရတဲ့ မောင်းသူမဲ့
လေယာဉ်(ဒါမှမဟုတ်) ရဟတ် ယာဉ်ငယ်တစ်မျိုးအဖြစ်လည်း သတ်မှတ်နိုင် ပါတယ်။ ဇာတ်လမ်း
အစက အထက်ကတင်ပြခဲ့ သလို ဆားဘီးယားဪအယ်လ်ဘေးနီးယား ပွဲစဉ်ကပါ။ UEFA
ဟာ အယ်လ်ဘေးနီးယား ပရိသတ်တချို့ရဲ့ အားပေးတဲ့ ပုံသဏ္ဌာန် ကြမ်းတမ်းမှုကြောင့် အယ်လ်
ဘေးနီးယားရဲ့ အဝေးကွင်းပွဲစဉ်တွေကို လိုက်လံအားပေးခွင့် ရုပ်သိမ်းထားပါတယ်။ ဒါပေမဲ့ အဲဒီပွဲ
မှာ ကိုဆိုဗိုဒေသပါ၀င်တဲ့ အယ်လ်ဘေးနီးယား မြေပုံ၊ နောက်ဘေးတစ်ဖက်တစ်ချက်မှာ အယ်လ်
ဘေးနီးယားရဲ့ ထင်ရှားတဲ့ ခေါင်း ဆောင်နှစ်ဦးပါ၀င်တဲ့ အလံတော်ကို အခုန ပြောတဲ့ Flag-Flying
Drone စနစ်ကို အသုံးပြု ပြီး ဘောလုံးပွဲကစားနေတဲ့ ဘဲလ်ဂရိတ်မြို့၊ ပါတီဇန်ကွင်းထဲကို လွှင့်တင်
ခဲ့တာပါ။

ဒါကို ဆားဘီးယားကစားသမားတစ်ဦး ဖြစ်တဲ့ စတီဖင်မီထရိုဗစ်က အလံကို လှမ်းခိုပြီး ဆုတ်ဖြဲဖို့
ကြိုးစားရာကအစ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ခက်တာက အယ်လ်ဘေး နီးယားနဲ့ ဆား
ဘီးယားတို့မှာ ဘော်လ်ကန် ဒေသအတွင်း ပြင်းထန်ခါးသီးတဲ့ ပြိုင်ဘက် တွေဖြစ်နေတာပါပဲ။
အဲဒီမှာ နိုင်ငံရေးသမိုင်း နောက်ခံတွေပါလာပါတယ်။ ၂၀၀၈ မှာ ကိုဆိုဗိုဒေသဟာ ဆားဘီးယား
ကနေ ခွဲထွက် ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ကိုဆိုဗို ဒေသမှာ အယ်လ်ဘေးနီးယားလူမျိုး
အများစု က ပါ၀င်နေခဲ့တယ်။ ထုံးစံအတိုင်း ဆားဘီးယားက မလိုလားဘဲ အယ်လ်ဘေးနီးယားက
တော့ ကိုဆိုဗိုကို သူတို့ နိုင်ငံအတွင်း ပေါင်းထည့်ချင်တာပေါ့။

အဲဒီမှာ နှစ်နိုင်ငံအကြား သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဘော်လ်ကန်အမျိုး
သားရေးဝါဒနဲ့ လူမျိုးရေးခွဲခြားမှု အဓိက စတင်ခဲ့တာကတော့ အသား အရောင်ခွဲခြားမှုပါပဲ။ လူဖြူ၊
လူမည်း၊ လူဝါ ပေါ့လေ။ လူဖြူဆိုတာက အဓိက ဥရောပ တိုက်သားတွေ၊ လူမည်းဆိုတာက အာ
ဖရိက တိုက်သားတွေ၊ လူဝါဆိုတာက အာရှတိုက် သားတွေ အများဆုံးပါ၀င်ပါတယ်။

အဆိုးဝါး ဆုံးက လူဖြူ၊ လူမည်းပြဿနာပါပဲ။ ဘော်လ်ကန်ဒေသမှာ ဆာ့ဘ်တွေက များတယ်။
နောက်ပြီး အင်တီဪဆီးမိုက်ဆိုတဲ့ ဂျူးဆန့်ကျင်ရေးကလည်း ရှိသေးတယ်။ တကယ်တော့
အင်တီ-ဆီးမိုက်မှာ ဆီးရီးယား လူမျိုးတွေလည်း ပါ၀င်ပါသေးတယ်။ အဲဒီသူ တွေ အားလုံးဟာ
ဆာ့ဘ်တွေရဲ့ ဘော်လ်ကန် မြေပေါ်မှာ လူမျိုးရေးခွဲခြားခံရတာချည်းပါပဲ။ ဒါကို သီယာရီအွန်နရီ
အပါအဝင် ကစားသမား တွေက ဆန့်ကျင်စည်းရုံးမှုတွေ လုပ်ခဲ့ကြ ပေမယ့်လည်း အခုအထိတော့
မအောင်မြင် သေးပါဘူး။ အခု Drone တွေကိုပါ သုံးလာကြပြန်ပါပြီ။ ဒါကို တချို့က နည်းပညာပိုင်း
ဆိုင်ရာ တော်လှန်ပြောင်းလဲလှုပ်ရှားမှု တစ်ရပ်လို့ ကင်ပွန်းတပ်ကြပေမယ့် လက်ခံဖို့ကတော့
ခဲယဉ်းနေပါတယ်။

UEFA ဥက္ကဋ္ဌ ပလာတီနီ ပြောခဲ့သလို အဲဒီ Drone တွေက အလံသယ် လာလို့ တော်သေးတာ
ပေါ့။ ဗုံးတွေသာ ယူလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါတွေကို ကြိုတွေးပြီး ကာကွယ်ရမှာဖြစ်ပါတယ်။ နောက် ဒီ Drone တွေ ပျံသန်းမှုဟာ သက်
ဆိုင်ရာ နိုင်ငံတွေရဲ့ မြို့ပြလေကြောင်း အက်ဥပဒေ တွေကိုလည်း ချိုးဖောက်ရာ ကျနေပါတယ်။
ဒါဟာ တရားဥပဒေစိုးမိုးရေးကို အနှောင့် အယှက်ပြုရာရောက်နေပါတယ်။

ဘောလုံးလောကရဲ့ အကျယ်အဝန်းပြော ရရင် အားကစားလောကဟာ အင်မတန်မှ အနုပညာ
ဆန်ပြီး သိမ်မွေ့ယဉ်ကျေးတဲ့ အတွေး အခေါ်တွေကို ယူဆောင်ပေးလာနိုင်တဲ့၊ ဆိုးသွမ်းလူငယ်
တွေကိုတောင် လမ်းကြောင်း ပြောင်းပေးနိုင်တဲ့ ဒေသဝန်းကျင်ပါ။ ဒါပေမဲ့ အခုလို လူမျိုးရေးခွဲခြား
မှုတွေ၊ နိုင်ငံရေး သဘောဆောင်လာမှုတွေ၊ အကြမ်းဖက်မှု တွေက ဒီလောကကိုနှိပ်စက်လာကြ
မယ်ဆိုရင် တော့ တွန်းလှန်ရင်ဆိုင်ဖို့ပြင်ဆင်ထားရတော့ မယ်ဆိုတာတင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး